အသင်းဖော်တွေကို နှုတ်ဆက်ခဲ့ပြီးနောက် အသင်းပြောင်းဖို့ နီးစပ်လာတဲ့ ကမ္ဘာ့အကောင်းဆုံး အရန်ဂိုးသမား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သတင်းတွေအရ ယူနိုက်တက်ကနေ ထွက်ခွာချင်နေတဲ့ ဂိုးသမား ရိုမီယူဟာ ဘိုကာဂျူနီယာအသင်းထံပြောင်းဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာညနေခင်းသတင်းဌာနကတော့ အာဂျင်တီးနားသားဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့သေချာနေတာကြောင့် အသင်းဖော်တွေကို နှုတ်ဆက်ပြီးဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ရိုမီယူဟာ ရှက်ဖီးလ်ကနေ ဒင်းဟန်ဒါဆန်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ယူနိုက်တက်မှာ ပွဲထွက်ခွင့်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်သားရဲ့စာချုပ်သက်တမ်းက နွေရာသီမှာကုန်ဆုံးမှာဖြစ်ပြီး အခုအပြောင်းအရွှေ့မှာပဲ ယူနိုက်တက်နဲ့ ၆ နှစ်တာဖြတ်သန်းလာမှုကို အဆုံးသတ်ဖွယ်ရှိနေပါတယ်။

ရိုမီယူဟာ အာဂျင်တီးနားမှာ လေ့ကျင့်ခန်းဆင်းနေပြီး သတင်းတွေအရ ဘိုကာဂျူနီယာကိုပြောင်းဖို့ သေချာနေတယ်လို့ ဆိုပါတယ်။ အသက် ၃၃ နှစ်သားဟာ သြဂုတ်လ ၁၀ ရက်နေ့က ကိုပင်ဟေဂင်နဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲပြီးနောက် ယူနိုက်တက်လူစာရင်းမှာ မပါဝင်တော့တာဖြစ်ပါတယ်။

ရိုမီယူဟာ နွေရာသီတုန်းက အဲဗာတန်ကိုပြောင်းခွင့်ရခဲ့ပေမယ့် ယူနိုက်တက်ဘက်က တားမြစ်ခဲ့တာကြောင့် စိတ်ပျက်ခဲ့သေးတာဖြစ်ပါတယ်။ ရိုမီယူရဲ့ဇနီးသည် အီလီနာကလည်း အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး ယူနိုက်တက်ကို ဝေဖန်ခဲ့ပါတယ်။ ရိုမီယူကို ဘိုကာဂျူနီယာအပြင် ဘရိုက်တန် နဲ့ မေဂျာလိဂ်ကလပ်တွေကလည်း စိတ်ဝင်စားနေပါတယ်။

ဘိုကာဂျူနီယာဟာ ရိုမီယူအပြင် ရိုဂျိုကိုလည်း ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ သတင်းတွေအရ ရိုဂျိုဟာ ဘိုကာအသင်းထံ ၂ နှစ်စာချုပ်နဲ့ပြောင်းဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။

ယူနိုက်တက်က ရိုမီယူ ကို အာဂျင်တီးနား မှာ လေ့ကျင့်မှုတွေပြုလုပ်ဖို့ ခွင့်ပြုထားတာဖြစ်ပြီး ဒီလမှာ အပြောင်းအရွှေ့အပြီမးသတ်ရင်တော့ ကာရင်တန်ကို ပြန်လာရမှာဖြစ်ပါတယ်။ လူဝစ်ဗန်ဂေါလက်ထက်မှာ အသင်းကိုရောက်ရှိလာခဲ့တဲ့ ရိုမီယူကတော့ (၆)နှစ်ကြာ အသင်းနဲ့ လက်တွဲခဲ့တာကို အဆုံးသတ်နိုင်တော့မယ်လို့ယူဆနေပြီး ကာရင်တန်မှာ ရှိတဲ့ ဝန်ထမ်းအဖွဲ့ဝင်တွေကို နှုတ်ဆက်ခဲ့တယ်လို့ မန်ချက်စတာညနေခင်းသတင်းက ဖော်ပြထားပါတယ်။

သူဟာ မော်ရင်ဟိုယူနိုက်တက်မှာနည်းပြခဲ့တဲ့အချိန်က ယူရိုပါလိဂ် ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အဓိကဂိုးသမားဖြစ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အသင္းေဖာ္ေတြကို ႏႈတ္ဆက္ခဲ့ျပီးေနာက္ အသင္းေျပာင္းဖို႔ နီးစပ္လာတဲ့ ကမၻာ့အေကာင္းဆံုး အရန္ဂိုးသမား

သတင္းေတြအရ ယူႏုိက္တက္ကေန ထြက္ခြာခ်င္ေနတဲ့ ဂိုးသမား ရုိမီယူဟာ ဘုိကာဂ်ဴနီယာအသင္းထံေျပာင္းဖို႔ နီးစပ္ေနတယ္လို႔ သိရပါတယ္။ မန္ခ်က္စတာညေနခင္းသတင္းဌာနကေတာ့ အာဂ်င္တီးနားသားဟာ ယူႏိုက္တက္ကေန ထြက္ခြာဖို႔ေသခ်ာေနတာေၾကာင့္ အသင္းေဖာ္ေတြကို ႏႈတ္ဆက္ျပီးျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ရိုမီယူဟာ ရွက္ဖီးလ္ကေန ဒင္းဟန္ဒါဆန္ကို ျပန္လည္ေရာက္ရွိလာခဲ့ျပီးေနာက္ ယူႏုိက္တက္မွာ ပြဲထြက္ခြင့္ဆံုးရံႈးခဲ့တာျဖစ္ပါတယ္။ အသက္ ၃၃ ႏွစ္သားရဲ႕စာခ်ဳပ္သက္တမ္းက ေႏြရာသီမွာကုန္ဆံုးမွာျဖစ္ျပီး အခုအေျပာင္းအေရႊ႕မွာပဲ ယူႏိုက္တက္နဲ႔ ၆ ႏွစ္တာျဖတ္သန္းလာမႈကို အဆံုးသတ္ဖြယ္ရွိေနပါတယ္။

ရိုမီယူဟာ အာဂ်င္တီးနားမွာ ေလ့က်င့္ခန္းဆင္းေနျပီး သတင္းေတြအရ ဘုိကာဂ်ဴနီယာကိုေျပာင္းဖို႔ ေသခ်ာေနတယ္လို႔ ဆိုပါတယ္။ အသက္ ၃၃ ႏွစ္သားဟာ ၾသဂုတ္လ ၁၀ ရက္ေန႔က ကိုပင္ေဟဂင္နဲ႔ ယူရိုပါလိဂ္ကြာတားဖို္င္နယ္ပြဲျပီးေနာက္ ယူႏုိက္တက္လူစာရင္းမွာ မပါ၀င္ေတာ့တာျဖစ္ပါတယ္။ ရိုမီယူဟာ ေႏြရာသီတုန္းက အဲဗာတန္ကိုေျပာင္းခြင့္ရခဲ့ေပမယ့္ ယူႏိုက္တက္ဘက္က တားျမစ္ခဲ့တာေၾကာင့္ စိတ္ပ်က္ခဲ့ေသးတာျဖစ္ပါတယ္။ ရိုမီယူရဲ႕ဇနီးသည္ အီလီနာကလည္း အဆိုပါျဖစ္ရပ္နဲ႔ပတ္သက္ျပီး ယူႏိုက္တက္ကို ေ၀ဖန္ခဲ့ပါတယ္။ ရိုမီယူကို ဘုိကာဂ်ဴနီယာအျပင္ ဘရုိက္တန္ နဲ႔ ေမဂ်ာလိဂ္ကလပ္ေတြကလည္း စိတ္၀င္စားေနပါတယ္။ ဘိုကာဂ်ဴနီယာဟာ ရိုမီယူအျပင္ ရိုဂ်ိဳကိုလည္း ေခၚယူဖို႔ ေဆြးေႏြးမႈေတြျပဳလုပ္ေနပါတယ္။

သတင္းေတြအရ ရိုဂ်ိဳဟာ ဘိုကာအသင္းထံ ၂ ႏွစ္စာခ်ဳပ္နဲ႔ေျပာင္းဖို႔ သေဘာတူညီမႈရရွိခဲ့တယ္လို႔ ေဖာ္ျပေနၾကပါတယ္။ ယူနိုက္တက္က ရိုမီယူ ကို အာဂ်င္တီးနား မွာ ေလ့က်င့္မႈေတြျပဳလုပ္ဖို႔ ခြင့္ျပဳထားတာျဖစ္ၿပီး ဒီလမွာ အေျပာင္းအေရႊ႕အၿပီမးသတ္ရင္ေတာ့ ကာရင္တန္ကို ျပန္လာရမွာျဖစ္ပါတယ္။ လူဝစ္ဗန္ေဂါလက္ထက္မွာ အသင္းကိုေရာက္ရွိလာခဲ့တဲ့ ရိုမီယူကေတာ့ (၆)ႏွစ္ၾကာ အသင္းနဲ႔ လက္တြဲခဲ့တာကို အဆုံးသတ္ႏိုင္ေတာ့မယ္လို႕ယူဆေနၿပီး ကာရင္တန္မွာ ရွိတဲ့ ဝန္ထမ္းအဖြဲ႕ဝင္ေတြကို ႏႈတ္ဆက္ခဲ့တယ္လို႔ မန္ခ်က္စတာညေနခင္းသတင္းက ေဖာ္ျပထားပါတယ္။ သူဟာ ေမာ္ရင္ဟိုယူႏိုက္တက္မွာနည္းျပခဲ့တဲ့အခ်ိန္က ယူရိုပါလိဂ္ ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့ အဓိကဂိုးသမားျဖစ္ခဲ့ပါတယ္။