
အတ္တလန္တာစတားများဟာဗုဒ္ဓဟူးနေ့ကအိုးထရက်ဖို့ဒ်ချန်ပီယံလိဂ်
အုပ်စုပွဲမတိုင်မီမန်ချက်စတာတွင်နေထိုင်စဉ်အတွင်းမီးသတိပေးမှု
ခြောက်ကြိမ်တိုင်တိုင်ကြုံခဲ့ကာအိပ်ရေးပျက်ခဲ့ရကြောင်းသိရပါတယ်။
အတ္တလန္တာစတားတစ်ဦးရဲ့ Wags ကဆိုရှယ်မီဒီယာကနေ အလွန်ဆိုးရွားလှတဲ့
ဒေသခံများဆိုပြီး တိုက်ခိုက်ရေးသားသွားပါတယ်။
အတ္တလန္တာအသင်းသားများဟာမန်ချက်စတာရှိဟိုတယ်တွင်
တည်းခိုနေစဉ်အတွင်း နံနက်၄း၅၁၊နံနက်၅နာရီ၊နံနက်၅း၃၆၊နံနက်၆း၁၁၊
နံနက်၆း၃၁နှင့်နံနက်ရး၁၃တို့တွင်မီးလန့်မှုများနှင့်ကြုံခဲ့ရတာလည်းဖြစ်ပါတယ်။
ယင်းသို့မီးသတိပေးမှုနဲ့ကြုံတွေ့ရမှုနဲ့အတူ အတ္တလန္တာနည်းပြဂက်စ်ပါရီနီနဲ့
ကစားသမားတို့ဟာအကြီးအကျယ်စိတ်အနှောက်အယှက်များကြုံခဲ့ရပါတယ်။
အတ္တလန္တာဟာမနေ့ညတုန်းကအိုးထရက်ဖို့ဒ်ပွဲစဉ်မှာ၂ဂိုးအသာဖြင့်
ဦးဆောင်နိုင်ခဲ့ပေမယ့်ချေပဂိုးများပေးခဲ့ရကာ၃-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။
အတ္တလန္တာအလယ်တန်းကစားသမားရူစလန်မာလီနိုစကီးရဲ့ဇနီးသည်
ရိုဆာနာကအတ္တလန္တာပရိသတ်များအနေဖြင့်လာမယ့်လမှာမန်ယူအား
ဧည့်ခံကစားရမယ့်ပွဲစဉ်တွင်လည်းအီတလီသို့လာရောက်မယ့် မန်ယူကစားသမားများကို
တူညီတဲ့ကလဲ့စားချေနှောက်ယှက်မှုပြုလုပ်ရန် တိုက်တွန်းမှုပြုလုပ်သွားခဲ့ပါတယ်။
ရိုဆာနာက “မန်ချက်စတာကငရဲညပါ။ ဟိုတယ်မှာတည်းခဲ့တဲ့တစ်ညလုံး မီးသတိပေးသံနဲ့နေခဲ့ရတယ်။
အသင်းရောက်လာမှဖြစ်တာ။ညကျမှဖြစ်တာ။မတော်တဆဖြစ်တာလို့
ထင်ကြလား။ကျွန်မကတော့မထင်ဘူး။ဒေသခံတွေရဲ့နွေးနွေးထွေးထွေး
ကြိုဆိုမှုပေါ့ရှင်၊။အရမ်းဆိုးတယ်။ကျွန်မတို့ပရိသတ်တွေလည်း
ကျွန်မတို့အိမ်ကွင်းပွဲကျရင်အီတလျှံဟိုတယ်မှာအဲဒီလိုလုပ်လာကြဖို့
မျှော်လင့်ပါတယ်”လို့ရေးသားသွားပါတယ်။
zawgyi
အသင္းေရာက္လာမွျဖစ္တာ။ညက်မွျဖစ္တာ။မေတာ္တဆျဖစ္တာလို႔ထင္ၾကလား။ ကြၽန္မကေတာ့မထင္ဘူး – ႐ိုဆာနာ
အတၱလႏၲာစတားမ်ားဟာဗုဒၶဟူးေန႔ကအိုးထရက္ဖို႔ဒ္ခ်န္ပီယံလိဂ္
အုပ္စုပြဲမတိုင္မီမန္ခ်က္စတာတြင္ေနထိုင္စဥ္အတြင္းမီးသတိေပးမႈ
ေျခာက္ႀကိမ္တိုင္တိုင္ႀကဳံခဲ့ကာအိပ္ေရးပ်က္ခဲ့ရေၾကာင္းသိရပါတယ္။
အတၱလႏၲာစတားတစ္ဦးရဲ႕ Wags ကဆိုရွယ္မီဒီယာကေန အလြန္ဆိုး႐ြားလွတဲ့
ေဒသခံမ်ားဆိုၿပီး တိုက္ခိုက္ေရးသားသြားပါတယ္။
အတၱလႏၲာအသင္းသားမ်ားဟာမန္ခ်က္စတာရွိဟိုတယ္တြင္
တည္းခိုေနစဥ္အတြင္း နံနက္၄း၅၁၊နံနက္၅နာရီ၊နံနက္၅း၃၆၊နံနက္၆း၁၁၊
နံနက္၆း၃၁ႏွင့္နံနက္ရး၁၃တို႔တြင္မီးလန႔္မႈမ်ားႏွင့္ႀကဳံခဲ့ရတာလည္းျဖစ္ပါတယ္။
ယင္းသို႔မီးသတိေပးမႈနဲ႔ႀကဳံေတြ႕ရမႈနဲ႔အတူ အတၱလႏၲာနည္းျပဂက္စ္ပါရီနီနဲ႔
ကစားသမားတို႔ဟာအႀကီးအက်ယ္စိတ္အေႏွာက္အယွက္မ်ားႀကဳံခဲ့ရပါတယ္။
အတၱလႏၲာဟာမေန႔ညတုန္းကအိုးထရက္ဖို႔ဒ္ပြဲစဥ္မွာ၂ဂိုးအသာျဖင့္
ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ေခ်ပဂိုးမ်ားေပးခဲ့ရကာ၃-၂ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။
အတၱလႏၲာအလယ္တန္းကစားသမား႐ူစလန္မာလီႏိုစကီးရဲ႕ဇနီးသည္
႐ိုဆာနာကအတၱလႏၲာပရိသတ္မ်ားအေနျဖင့္လာမယ့္လမွာမန္ယူအား
ဧည့္ခံကစားရမယ့္ပြဲစဥ္တြင္လည္းအီတလီသို႔လာေရာက္မယ့္
မန္ယူကစားသမားမ်ားကို တူညီတဲ့ကလဲ့စားေခ်ေႏွာက္ယွက္မႈျပဳလုပ္ရန္
တိုက္တြန္းမႈျပဳလုပ္သြားခဲ့ပါတယ္။ ႐ိုဆာနာက “မန္ခ်က္စတာကငရဲညပါ။
ဟိုတယ္မွာတည္းခဲ့တဲ့တစ္ညလုံး မီးသတိေပးသံနဲ႔ေနခဲ့ရတယ္။
အသင္းေရာက္လာမွျဖစ္တာ။ညက်မွျဖစ္တာ။မေတာ္တဆျဖစ္တာလို႔
ထင္ၾကလား။ကြၽန္မကေတာ့မထင္ဘူး။ေဒသခံေတြရဲ႕ေႏြးေႏြးေထြးေထြး
ႀကိဳဆိုမႈေပါ့ရွင္၊။အရမ္းဆိုးတယ္။ကြၽန္မတို႔ပရိသတ္ေတြလည္း
ကြၽန္မတို႔အိမ္ကြင္းပြဲက်ရင္အီတလွ်ံဟိုတယ္မွာအဲဒီလိုလုပ္လာၾကဖို႔
ေမွ်ာ္လင့္ပါတယ္”လို႔ေရးသားသြားပါတယ္။