အသင်းဟောင်းကို ကျေးဇူးတင်နှုတ်ဆက်စကားဆိုခဲ့တဲ့ သရဲနီသစ် ဒီယာလို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းရဲ့ ဆယ်ကျော်သက် တောင်ပံကစားသမားသစ် အာမတ်ဒီယာလိုဟာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် သူ့ရဲ့ အသင်းဟောင်း အတ္တလန်တာကို ကျေးဇူးတင်နှုတ်ဆက်စကားဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အသက်(၁၈)နှစ်သာရှိသေးတဲ့ အိုင်ဗရီကို့စ်လူငယ်ကြယ်ပွင့် ဒီယာလိုကို ပြီးခဲ့တဲ့ကြာသပတေးနေ့က (၄)နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူခဲ့ပြီး သူ့အတွက် ပြောင်းရွှေ့ကြေးပေါင်(၃၇)သန်းအထိ ပေးချေခဲ့ရပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ဒီယာလိုအတွက် အတ္တလန်တာအသင်းကို ပေါင်(၁၉)သန်း အရင်ဆုံးပေးခဲ့ရသလို ကစားသမားရဲ့ ခြေစွမ်းနဲ့ အောင်မြင်မှုအပေါ် မူတည်ပြီး နောက်ထပ် ပေါင်(၁၈)သန်း ပေးချေရမှာပါ။

အီတလီ အောက်တန်းကလပ်တစ်ခုဖြစ်တဲ့ Boca Barco လူငယ်အသင်းနဲ့အတူ ဘောလုံးသမားဘဝစတင်ခဲ့တဲ့ ဒီယာလိုကို စီးရီးအေကလပ်တွေက မျက်စိကျခဲ့သလို ၂၀၁၅ ခုနှစ်မှာတော့ အတ္တလန်တာလူငယ်အသင်းဆီ ရောက်ရှိခဲ့ပြီး (၄)နှစ်အကြာမှာ စီနီယာအသင်းအတွက် ပွဲထွက်ခွင့် ရခဲ့ပါတယ်။

ဒီယာလိုဟာ အတ္တလန်တာအသင်းကြီးအတွက် စုစုပေါင်း(၅)ပွဲသာ ကစားခဲ့ရပေမယ့်လည်း သူ့ရဲ့အလားအလာရှိတဲ့ ခြေစွမ်းခြေစကြောင့် ယူနိုက်တက်အသင်းက ခေါ်ယူဖု့ိ ဆုံးြတ်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် သူ့ရဲ့ Twitter စာမျက်နှာမှာ ဒီယာလိုက “လေးစားရပါတဲ့ အတ္တလန်တာ ပရိသတ်ကြီးရေ . .အခုအချိန်ကတော့ အသင်းနဲ့ ကျွန်တော် နှုတ်ဆက်စကားဆိုရမယ့်အချိန်ကို ရောက်လာခဲ့ပါပြီ။ အတ္တလန်တာအသင်းမှာ ကစားခဲ့တဲ့ (၆)နှစ်တာကာလဟာ တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ အချိန်တွေဖြစ်ခဲ့ပြီး စိန်ခေါ်မှုတွေအပြင် ကျွန်တော့်ဘ၀ တိုးတက်လာအောင် အသင်းက ကူညီပေးခဲ့သလို ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာတွေကိုလည်း ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒီအသင်းက ကျွန်တော့်ကို လူကြီးတစ်ယောက်ဖြစ်လာအောင် သင်ကြားပြသခဲ့သလို ကျွန်တော်ဖြစ်စေချင်တဲ့ ဆန္ဒတွေကိုလည်း ဖြည့်ဆည်းပေးခဲ့တယ်။ အတ္တလန်တာအသင်းမှာ ကစားခွင့်ရခဲ့တဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ ကျွန်တော့်ရဲ့ နှလုံးသားတစ်နေရာမှာ အတ္တလန်တာအသင်းနဲ့ ပရိသတ်တွေ အမြဲရှိနေမှာဖြစ်ပြီး ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကျွန်တော့်စိတ်ထဲမှာ အမြဲတမ်းအမှတ်ရနေမှာပါ”လို့ ရေးသားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္အသင္းရဲ႕ ဆယ္ေက်ာ္သက္ ေတာင္ပံကစားသမားသစ္ အာမတ္ဒီယာလိုဟာ ယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးတဲ့ေနာက္ သူ႔ရဲ႕ အသင္းေဟာင္း အတၱလန္တာကို ေက်းဇူးတင္ႏႈတ္ဆက္စကားဆိုခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ အသက္(၁၈)ႏွစ္သာရွိေသးတဲ့ အိုင္ဗရီကို႔စ္လူငယ္ၾကယ္ပြင့္ ဒီယာလိုကို ၿပီးခဲ့တဲ့ၾကာသပေတးေန႔က (၄)ႏွစ္ခြဲစာခ်ဳပ္နဲ႔ ေခၚယူခဲ့ၿပီး သူ႔အတြက္ ေျပာင္းေ႐ႊ႕ေၾကးေပါင္(၃၇)သန္းအထိ ေပးေခ်ခဲ့ရပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔ ဒီယာလိုအတြက္ အတၱလန္တာအသင္းကို ေပါင္(၁၉)သန္း အရင္ဆုံးေပးခဲ့ရသလို ကစားသမားရဲ႕ ေျခစြမ္းနဲ႔ ေအာင္ျမင္မႈအေပၚ မူတည္ၿပီး ေနာက္ထပ္ ေပါင္(၁၈)သန္း ေပးေခ်ရမွာပါ။

အီတလီ ေအာက္တန္းကလပ္တစ္ခုျဖစ္တဲ့ Boca Barco လူငယ္အသင္းနဲ႔အတူ ေဘာလုံးသမားဘဝစတင္ခဲ့တဲ့ ဒီယာလိုကို စီးရီးေအကလပ္ေတြက မ်က္စိက်ခဲ့သလို ၂၀၁၅ ခုႏွစ္မွာေတာ့ အတၱလန္တာလူငယ္အသင္းဆီ ေရာက္ရွိခဲ့ၿပီး (၄)ႏွစ္အၾကာမွာ စီနီယာအသင္းအတြက္ ပြဲထြက္ခြင့္ ရခဲ့ပါတယ္။ ဒီယာလိုဟာ အတၱလန္တာအသင္းႀကီးအတြက္ စုစုေပါင္း(၅)ပြဲသာ ကစားခဲ့ရေပမယ့္လည္း သူ႔ရဲ႕အလားအလာရွိတဲ့ ေျခစြမ္းေျခစေၾကာင့္ ယူႏိုက္တက္အသင္းက ေခၚယူဖု႔ိ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးတဲ့ေနာက္ သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ ဒီယာလိုက “ေလးစားရပါတဲ့ အတၱလန္တာ ပရိသတ္ႀကီးေရ . .အခုအခ်ိန္ကေတာ့ အသင္းနဲ႔ ကြၽန္ေတာ္ ႏႈတ္ဆက္စကားဆိုရမယ့္အခ်ိန္ကို ေရာက္လာခဲ့ပါၿပီ။ အတၱလန္တာအသင္းမွာ ကစားခဲ့တဲ့ (၆)ႏွစ္တာကာလဟာ တကယ့္ကို မယုံႏိုင္စရာေကာင္းတဲ့ အခ်ိန္ေတြျဖစ္ခဲ့ၿပီး စိန္ေခၚမႈေတြအျပင္ ကြၽန္ေတာ့္ဘ၀ တိုးတက္လာေအာင္ အသင္းက ကူညီေပးခဲ့သလို ေပ်ာ္႐ႊင္မႈ၊ ခ်စ္ျခင္းေမတၱာေတြကိုလည္း ပိုင္ဆိုင္ခဲ့ရပါတယ္။ ဒီအသင္းက ကြၽန္ေတာ့္ကို လူႀကီးတစ္ေယာက္ျဖစ္လာေအာင္ သင္ၾကားျပသခဲ့သလို ကြၽန္ေတာ္ျဖစ္ေစခ်င္တဲ့ ဆႏၵေတြကိုလည္း ျဖည့္ဆည္းေပးခဲ့တယ္။ အတၱလန္တာအသင္းမွာ ကစားခြင့္ရခဲ့တဲ့အတြက္ အရမ္းကို ဂုဏ္ယူမိပါတယ္။ ကြၽန္ေတာ့္ရဲ႕ ႏွလုံးသားတစ္ေနရာမွာ အတၱလန္တာအသင္းနဲ႔ ပရိသတ္ေတြ အၿမဲရွိေနမွာျဖစ္ၿပီး ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ ကြၽန္ေတာ့္စိတ္ထဲမွာ အၿမဲတမ္းအမွတ္ရေနမွာပါ”လို႔ ေရးသားခဲ့ပါတယ္။