
ပေါလ်ပေါ့ဘာအနေဖြင့်လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်
အသင်းဟောင်းဂျူဗင်တပ်သို့ပြောင်းရွှေ့ကစားမည်ဆိုပါက လုပ်ခများစွာ
လျှော့ယူမှသာလျှင်ပြောင်းရွှေ့နိုင်မှာဖြစ်ကြောင်း Tuttosport နှင့် Gazzetta Dello Sport
တို့ကဖော်ပြသွားပါတယ်။ ပေါလ်ပေါ့ဘာဟာယခုရာသီအကုန်တွင်မန်ယူနှင့်
စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးမန်ယူနှင့်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုမှာ
အဆင်ပြေကောင်းမွန်လျက်ရှိပါတယ်။ ဒါပေမယ့်မန်ယူဟာပေါ့ဘာကိုစာချုပ်သစ်
ချုပ်ဆိုရေးဆွေးနွေးမှုကြန့်ကြာနေခြင်းအပေါ်စိတ်မရှည်နိုင်အောင်ဖြစ်နေပါတယ်။
ဂျူဗင်တပ်ဟာပေါ့ဘာကိုပြန်လည်ခေါ်ယူရန်စိတ်ဝင်စားနေတဲ့ကလပ်များထဲမှ
တစ်ခုဖြစ်ပြီးကာယကံရှင်ကိုယ်တိုင်ကလည်းအသင်းဟောင်းသို့ပြန်ရန်
စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့်ပေါ့ဘာရဲ့တစ်နှစ်လုပ်ခယူရို၁၅သန်းမှာ
ဂျူဗင်တပ်အတွက်ကြီးမားတဲ့အတားအဆီးဖြစ်နေပါတယ်။ဒါကြောင့်ပေါ့ဘာ
အနေဖြင့်ဂျူဗင်တပ်သို့ပြောင်းရွှေ့ကစားလိုပါကယူရို၁၀သန်းမှ၁၂သန်း
အတွင်းရယူကာကစားရပါမယ်။ တစ်ဖက်တွင် The Sun သတင်းစာရဲ့ဖော်ပြချက်အရ
ပေါလ်ပေါ့ဘာဟာလာမယ့်ခရစ္စမတ်မတိုင်မီ မန်ယူနှင့်စာချုပ်သစ်ချုပ်ဆို
နိုင်ကြောင်းလည်းသိရပါတယ်။ ပေါ့ဘာဟာယခုရာသီမှာမန်ယူအတွက်ပြိုင်ပွဲ
အရပ်ရပ်မှာ၉ပွဲကစားပြီး၇ကြိမ်ဖန်တီးမှုပြုလုပ်ကာအကောင်းဆုံးပုံစံရရှိနေပါတယ်။
zawgyi
အသင္းေဟာင္းကို ျပန္ရင္ လုပ္ခမ်ားစြာ ေလွ်ာ့ယူရေတာ့မယ့္ ေပါ့ဘာ
ေပါလ္ေပါ့ဘာအေနျဖင့္လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္
အသင္းေဟာင္းဂ်ဴဗင္တပ္သို႔ေျပာင္းေ႐ႊ႕ကစားမည္ဆိုပါက လုပ္ခမ်ားစြာ
ေလွ်ာ့ယူမွသာလွ်င္ေျပာင္းေ႐ႊ႕ႏိုင္မွာျဖစ္ေၾကာင္း Tuttosport ႏွင့္ Gazzetta Dello Sport
တို႔ကေဖာ္ျပသြားပါတယ္။ ေပါလ္ေပါ့ဘာဟာယခုရာသီအကုန္တြင္မန္ယူႏွင့္
စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးမန္ယူႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈမွာ
အဆင္ေျပေကာင္းမြန္လ်က္ရွိပါတယ္။ ဒါေပမယ့္မန္ယူဟာေပါ့ဘာကိုစာခ်ဳပ္သစ္
ခ်ဳပ္ဆိုေရးေဆြးေႏြးမႈၾကန႔္ၾကာေနျခင္းအေပၚစိတ္မရွည္ႏိုင္ေအာင္ျဖစ္ေနပါတယ္။
ဂ်ဴဗင္တပ္ဟာေပါ့ဘာကိုျပန္လည္ေခၚယူရန္စိတ္ဝင္စားေနတဲ့ကလပ္မ်ားထဲမွ
တစ္ခုျဖစ္ၿပီးကာယကံရွင္ကိုယ္တိုင္ကလည္းအသင္းေဟာင္းသို႔ျပန္ရန္
စိတ္ဝင္စားေနပါတယ္။ ဒါေပမယ့္ေပါ့ဘာရဲ႕တစ္ႏွစ္လုပ္ခယူ႐ို၁၅သန္းမွာ
ဂ်ဴဗင္တပ္အတြက္ႀကီးမားတဲ့အတားအဆီးျဖစ္ေနပါတယ္။ဒါေၾကာင့္ေပါ့ဘာ
အေနျဖင့္ဂ်ဴဗင္တပ္သို႔ေျပာင္းေ႐ႊ႕ကစားလိုပါကယူ႐ို၁၀သန္းမွ၁၂သန္း
အတြင္းရယူကာကစားရပါမယ္။ တစ္ဖက္တြင္ The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရ
ေပါလ္ေပါ့ဘာဟာလာမယ့္ခရစၥမတ္မတိုင္မီ မန္ယူႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆို
ႏိုင္ေၾကာင္းလည္းသိရပါတယ္။ ေပါ့ဘာဟာယခုရာသီမွာမန္ယူအတြက္ၿပိဳင္ပြဲ
အရပ္ရပ္မွာ၉ပြဲကစားၿပီး၇ႀကိမ္ဖန္တီးမႈျပဳလုပ္ကာအေကာင္းဆုံးပုံစံရရွိေနပါတယ္။