အသင်းဟောင်းဆီ ပြန်သွားဖို့ရှိတဲ့ မာတာ

ဗလင်စီယာအသင်းဟာ လာမယ့်နှစ်၊ နွေရာသီကျရင် သူတို့ရဲ့ကစားသမားဟောင်း

မာတာကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

မာတာဟာ အခုနောက်ပိုင်းနှစ်တွေမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက်

ပါဝင်ကစားခွင့်ရဖို့ရုန်းကန်နေရပြီး သူ့ရဲ့လက်ရှိစာချုပ်က

အခုရာသီကုန်ကျရင် သက်တမ်းကုန်ဆုံးမှာပါ။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူမာတာဟာ ၂၀၁၄ ခုနှစ်က ချယ်လ်ဆီးကနေ

ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခဲ့ပြီး လက်ရှိအသင်းမှာ

သက်တော်ရှည်ကစားသမားတစ်ဦးဖြစ်ပေမယ့်

ပြီးခဲ့တဲ့ရာသီကစလို့ အသင်းအတွက် ပုံမှန်ကစားခွင့်မရတော့ဘဲ

ဒီရာသီပရီးမီးယားလိဂ်မှာ တစ်ပွဲမှပါဝင်ကစားခွင့်မရသေးပါဘူး။

ငယ်ငယ်တုန်းက ရီးယဲလ်အသင်းအကယ်ဒမီကနေထွက်ပေါ်ခဲ့တဲ့

မာတာဟာ ၂၀၀၇ ခုနှစ်မှာ ဗလင်စီယာအသင်းဆီရောက်ရှိခဲ့ပြီး

အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ၂၀၁၁ ခုနှစ်မှာ

ချယ်လ်ဆီးအသင်းက သူ့ကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။

ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ FA ဖလား၊

စပိန်ဘုရင့်ဖလား၊ လိဂ်ဖလားတွေရယူခဲ့သူ မာတာအနေနဲ့

အခုရာသီကုန်ကျရင် ယူနိုက်တက်အသင်းနဲ့လမ်းခွဲဖို့ရှိနေပြီး

သူ့အသင်းဟောင်း ဗလင်စီယာဆီပြန်လည်ပြောင်းရွှေ့ဖို့ရှိနေပါတယ်။

zawgyi

အသင္းေဟာင္းဆီ ျပန္သြားဖို႔ရွိတဲ့ မာတာ

ဗလင္စီယာအသင္းဟာ လာမယ့္ႏွစ္၊ ေႏြရာသီက်ရင္ သူတို႔ရဲ႕ကစားသမားေဟာင္း

မာတာကို ျပန္လည္ေခၚယူဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

မာတာဟာ အခုေနာက္ပိုင္းႏွစ္ေတြမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္

ပါဝင္ကစားခြင့္ရဖို႔႐ုန္းကန္ေနရၿပီး သူ႔ရဲ႕လက္ရွိစာခ်ဳပ္က

အခုရာသီကုန္က်ရင္ သက္တမ္းကုန္ဆုံးမွာပါ။

အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူမာတာဟာ ၂၀၁၄ ခုႏွစ္က ခ်ယ္လ္ဆီးကေန

ယူႏိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့ၿပီး လက္ရွိအသင္းမွာ

သက္ေတာ္ရွည္ကစားသမားတစ္ဦးျဖစ္ေပမယ့္

ၿပီးခဲ့တဲ့ရာသီကစလို႔ အသင္းအတြက္ ပုံမွန္ကစားခြင့္မရေတာ့ဘဲ

ဒီရာသီပရီးမီးယားလိဂ္မွာ တစ္ပြဲမွပါဝင္ကစားခြင့္မရေသးပါဘူး။

ငယ္ငယ္တုန္းက ရီးယဲလ္အသင္းအကယ္ဒမီကေနထြက္ေပၚခဲ့တဲ့

မာတာဟာ ၂၀၀၇ ခုႏွစ္မွာ ဗလင္စီယာအသင္းဆီေရာက္ရွိခဲ့ၿပီး

အသင္းအတြက္ ေျခစြမ္းျပကစားႏိုင္ခဲ့တာေၾကာင့္ ၂၀၁၁ ခုႏွစ္မွာ

ခ်ယ္လ္ဆီးအသင္းက သူ႔ကိုေခၚယူခဲ့တာျဖစ္ပါတယ္။

ကစားသမားဘဝတစ္ေလွ်ာက္ ခ်န္ပီယံလိဂ္၊ ယူ႐ိုပါလိဂ္၊ FA ဖလား၊

စပိန္ဘုရင့္ဖလား၊ လိဂ္ဖလားေတြရယူခဲ့သူ မာတာအေနနဲ႔

အခုရာသီကုန္က်ရင္ ယူႏိုက္တက္အသင္းနဲ႔လမ္းခြဲဖို႔ရွိေနၿပီး

သူ႔အသင္းေဟာင္း ဗလင္စီယာဆီျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ရွိေနပါတယ္။