အသင်းဟောင်းအင်တာနဲ့ကြားက အမုန်းမီးကို စကားလုံးတွေနဲ့ ကလိလိုက်တဲ့ ဝမ်ဒါနာရာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လက်ရှိအချိန်မှာ ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိကစားနေပြီဖြစ်တဲ့ တိုက်စစ်မှူးအိုင်ကာဒီရဲ့ ဇနီးသည် ဝမ်ဒါနာရာကတော့ သူ့ချစ်သူရဲ့ အသင်းဟောင်း အင်တာအသင်း မီလန်ဒါဘီမှာ ရှုံးနိမ့်ခဲ့တာကို ရည်ရွယ်ပြီး စကားလုံးတွေနဲ့ ကလိလိုက်သလို ပြိုင်ဘက်အေစီမီလန်ရဲ အနိုင်ကို ဂုဏ်ပြုစကားဆိုခြင်းနဲ့အမုန်းမီးကို ထပ်မွှေးလိုက်ပြီဖြစ်ပါတယ်။

အိုင်ကာဒီဟာ ပြီးခဲ့တဲ့နှစ်နွေတုန်းက ပီအက်စ်ဂျီအသင်းဆီ တစ်ရာသီအငှားနဲ့ ဦးစွာသွားခဲ့တာဖြစ်ပြီး ဒီနှစ်နွေမှာတော့ အပြီးသတ်စာချုပ်နဲ့ အင်တာကို စွန့်ခွာသွားခဲ့တာပါ။

ဒီလိုစွန့်ခွာဖို့ကိစ္စရပ်အပြင် အင်တာအသင်းရဲ့ ပြုမူဆက်ဆံမှုတွေနဲ့ပတ်သက်ပြီး ဝမ်ဒါနာရာက အစောပိုင်းကာလတွေကတည်းက အတိအလင်းထုတ်ဖော်ဝေဖန်ခဲ့ဖူးသလို အသင်းဘက်ကလည်း ကစားသမားရဲ့ အနာဂတ်အပေါ် သူမရဲ့ လွှမ်းမိုးမှု ကြီးမားခဲ့ခြင်းတွေကို မကျေမနပ်ဖြစ်ခဲ့ကြတာပါ။

ဝမ်ဒါနာရာဟာ အိုင်ကာဒီရဲ့ ဇနီးသည်အဖြစ်သာမက ကစားသမားရဲ့ အေးဂျင့်အဖြစ်ပါ တာဝန်ယူခဲ့သူဖြစ်တာပါ။ အပြောင်းအရွှေ့ကိစ္စရပ်တွေအပြင် သူမရဲ့ ဝေဖန်မှုတွေကြောင့် အင်တာအသင်းနဲ့ သူတို့အကြားမှာ မပြေလည်မှုတွေရှိခဲ့ကြပြီး လက်ရှိသူမရဲ့ လုပ်ဆောင်မှုကတော့ တည်ငြိမ်နေတဲ့အနေအထားတစ်ရပ်ကို ပြန်လည်လှုပ်ခတ်သွားစေတာဖြစ်ပါတယ်။

အင်တာအသင်းဟာ ပြီးခဲ့တဲ့ မီလန်ဒါဘီပွဲမှာ အေစီမီလန်ကို ၁း၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာတော့ ဝမ်ဒါနာရာက ဆိုရှယ်မီဒီယာ စာမျက်နှာထက်မှာ သူမနဲ့ အင်တာအသင်းအင်္ကျီဝတ်ဆင်ထားတဲ့ အိုင်ကာဒီတို့ မီလန်ဒါဘီပွဲမှာ ဂိုးသွင်းအပြီး ပွေ့ဖက်အောင်ပွဲခံခဲ့ဖူးတဲ့ ဓာတ်ပုံရဲ့အောက်မှာ ” အချစ်မရှိလို့ ဒါဟာ ဒါဘီပွဲမဟုတ်ဘူး…ဂုဏ်ယူပါတယ် မီလန်က မိတ်ဆွေများ ” ဆိုတဲ့ အငြင်းပွားဖွယ် စာသားကိုရေးသားပြီးဖြန့်ဝေမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အိုင်ကာဒီဟာ အင်တာအသင်းသားဘဝအတွင်း မီလန်ဒါဘီပွဲစဉ် ၁၃ ပွဲမှာ သွင်းဂိုး ၅ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အသင္းေဟာင္းအင္တာနဲ႔ၾကားက အမုန္းမီးကို စကားလုံးေတြနဲ႔ ကလိလိုက္တဲ့ ဝမ္ဒါနာရာ

လက္ရွိအခ်ိန္မွာ ပီအက္စ္ဂ်ီအသင္းဆီ ေရာက္ရွိကစားေနၿပီျဖစ္တဲ့ တိုက္စစ္မႉးအိုင္ကာဒီရဲ႕ ဇနီးသည္ ဝမ္ဒါနာရာကေတာ့ သူ႔ခ်စ္သူရဲ႕ အသင္းေဟာင္း အင္တာအသင္း မီလန္ဒါဘီမွာ ရႈံးနိမ့္ခဲ့တာကို ရည္႐ြယ္ၿပီး စကားလုံးေတြနဲ႔ ကလိလိုက္သလို ၿပိဳင္ဘက္ေအစီမီလန္ရဲ အႏိုင္ကို ဂုဏ္ျပဳစကားဆိုျခင္းနဲ႔အမုန္းမီးကို ထပ္ေမႊးလိုက္ၿပီျဖစ္ပါတယ္။

အိုင္ကာဒီဟာ ၿပီးခဲ့တဲ့ႏွစ္ေႏြတုန္းက ပီအက္စ္ဂ်ီအသင္းဆီ တစ္ရာသီအငွားနဲ႔ ဦးစြာသြားခဲ့တာျဖစ္ၿပီး ဒီႏွစ္ေႏြမွာေတာ့ အၿပီးသတ္စာခ်ဳပ္နဲ႔ အင္တာကို စြန္႔ခြာသြားခဲ့တာပါ။

ဒီလိုစြန္႔ခြာဖို႔ကိစၥရပ္အျပင္ အင္တာအသင္းရဲ႕ ျပဳမူဆက္ဆံမႈေတြနဲ႔ပတ္သက္ၿပီး ဝမ္ဒါနာရာက အေစာပိုင္းကာလေတြကတည္းက အတိအလင္းထုတ္ေဖာ္ေဝဖန္ခဲ့ဖူးသလို အသင္းဘက္ကလည္း ကစားသမားရဲ႕ အနာဂတ္အေပၚ သူမရဲ႕ လႊမ္းမိုးမႈ ႀကီးမားခဲ့ျခင္းေတြကို မေက်မနပ္ျဖစ္ခဲ့ၾကတာပါ။

ဝမ္ဒါနာရာဟာ အိုင္ကာဒီရဲ႕ ဇနီးသည္အျဖစ္သာမက ကစားသမားရဲ႕ ေအးဂ်င့္အျဖစ္ပါ တာဝန္ယူခဲ့သူျဖစ္တာပါ။ အေျပာင္းအေ႐ႊ႕ကိစၥရပ္ေတြအျပင္ သူမရဲ႕ ေဝဖန္မႈေတြေၾကာင့္ အင္တာအသင္းနဲ႔ သူတို႔အၾကားမွာ မေျပလည္မႈေတြရွိခဲ့ၾကၿပီး လက္ရွိသူမရဲ႕ လုပ္ေဆာင္မႈကေတာ့ တည္ၿငိမ္ေနတဲ့အေနအထားတစ္ရပ္ကို ျပန္လည္လႈပ္ခတ္သြားေစတာျဖစ္ပါတယ္။

အင္တာအသင္းဟာ ၿပီးခဲ့တဲ့ မီလန္ဒါဘီပြဲမွာ ေအစီမီလန္ကို ၁း၂ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာေတာ့ ဝမ္ဒါနာရာက ဆိုရွယ္မီဒီယာ စာမ်က္ႏွာထက္မွာ သူမနဲ႔ အင္တာအသင္းအက်ႌဝတ္ဆင္ထားတဲ့ အိုင္ကာဒီတို႔ မီလန္ဒါဘီပြဲမွာ ဂိုးသြင္းအၿပီး ေပြ႕ဖက္ေအာင္ပြဲခံခဲ့ဖူးတဲ့ ဓာတ္ပုံရဲ႕ေအာက္မွာ ” အခ်စ္မရွိလို႔ ဒါဟာ ဒါဘီပြဲမဟုတ္ဘူး…ဂုဏ္ယူပါတယ္ မီလန္က မိတ္ေဆြမ်ား ” ဆိုတဲ့ အျငင္းပြားဖြယ္ စာသားကိုေရးသားၿပီးျဖန္႔ေဝမႈ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

အိုင္ကာဒီဟာ အင္တာအသင္းသားဘဝအတြင္း မီလန္ဒါဘီပြဲစဥ္ ၁၃ ပြဲမွာ သြင္းဂိုး ၅ ဂိုး သြင္းယူေပးထားႏိုင္ခဲ့ပါတယ္။