အသုံးမကျတဲ့အမှားကျူးလွန်ခဲ့သူ ပေါ့ဂ်ဘာနဲ့ ကွင်းလယ်မှာ အကောင်းဆုံးကစား သွားနိုင်ခဲ့တဲ့ ပါတေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အိုးလ်ထရက်ဖို့ဒ်မှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ မန်ယူအတွက် ဗီလိန်ဖြစ်ခဲ့ တာကတော့ ပေါ့ဂ်ဘာပါပဲ။ ဒီနှစ်ဘောလုံးရာသီမှာ ခြေစွမ်းပိုင်းစွမ်းဆောင်ရည် ကျဆင်းနေသလို ကွင်းထဲမှာ စိတ်မပါသလို ကစားနေတဲ့ သူ့ပုံစံကြောင့် မန်ယူ ပရိသတ်တွေက ဝိုင်းပြီးသြဘာပေးနေကြတဲ့အချိန်မှာ အာဆင်နယ်နဲ့ပွဲမှာ သူ့ ကြောင့် ပင်နယ်တီပေးခဲ့ရပြီး အသင်းလည်းရှုံးနိမ့်သွားခဲ့ရပါတယ်။

ဆိုးလ်ရှားဟာ ပွဲကျပ်ကာလမှာ ပေါ့ဂ်ဘာကို ၃ ပွဲဆက်တိုက် အရန်ခုံထိုင်ထားခဲ့ပြီး ဒီပွဲမှာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပေမယ့် ဒုတိယပိုင်းမှာ အာဆင်နယ်က ဘယ်လာရင်ကို ပင်နယ်တီဧရိယာထဲမှာဖျက်ထုတ်ရင်း မန်ယူက ပင်နယ်တီပေးခဲ့ ရပြီး အဲဒီတစ်ဂိုးတည်းနဲ့ရှုံးခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ ဆိုးလ်ရှားလက်ထက်မှာ မန်ယူက သူ့ကြောင့် ပင်နယ်တီ ၃ ကြိမ် အထိပေးထားခဲ့ရပြီး အများဆုံးဖြစ်နေပါတယ်။

ပွဲအပြီးမှာတော့ ပေါ့ဂ်ဘာက သူ့ရဲ့အမှားတွေအတွက် ပရိသတ်တွေကို တောင်းပန်စကား အခုလိုပြောသွားခဲ့ ပါတယ်။ ပေါ့ဂ်ဘာက “ပင်နယ်တီနဲ့ပတ်သက်ပြီး ကျွန်တော် သူ့ကို(ဘယ်လာရင်) အနည်းငယ်ထိခိုက်မိတယ်လို့ ခံစားရပါတယ်။

ပင်နယ်တီဧရိယာထဲမှာ ရောက်နေ မှန်းလည်းသိတယ်။ ကျွန်တော် ဒီလိုမျိုးဖျက်ထုတ်မှုမျိုးမလုပ်သင့်ဘဲ သတိကပ်ရမှာပါ။

ဒါပေမယ့် ကျွန်တော်မောနေတဲ့အတွက် ဒီလိုအသုံးမကျတဲ့အမှားမျိုးကို ကျူး လွန်မိသွားတာပါ။ ဒါကနေ သင်ခန်းစာယူမှာပါ။ ပင်နယ်တီဧရိယာထဲမှာဆိုရင် ခံ စစ်ကို ကျွန်တော် ကောင်းကောင်းမကစားနိုင်ပါဘူး။

ဒါကိုပြင်နိုင်အောင် ကြိုးစား သွားပြီး အသင်းအတွက် အခွင့်အရေးဖန်တီးနိုင်ဖို့ကိုလည်း ပိုပြီးလုပ်ပေးနိုင် အောင် ကစားသွားဖို့ရှိပါတယ်။ ကျွန်တော်တို့တွေ ဒီထက်အများကြီးကောင်း အောင် အသင်းလိုက်လုပ်သွားရဖို့ရှိပြီး ကျွန်တော်ကစပြီးတော့ လုပ်ဖို့လိုပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

တစ်ဖက် အာဆင်နယ်အသင်းမှာတော့ နွေရာသီ ဈေးကွက်ကခေါ်ယူထားတဲ့ ကွင်းလယ်လူပါတေးက အဓိကကျခဲ့ပြီး မန်ယူနဲ့ပွဲမှာ ပါတေးဟာ အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့တာပါ။

သူဟာ အဲဒီပွဲမှာ ခေါင်းယှဉ်တိုက်တာနဲ့ အဝေးဘောပေးပို့မှုတွေမှာ ရာနှုန်းပြည့်အောင်မြင်ခဲ့သလို သူ့ဆီက ဘောလုံးပေးပို့မှု ၉၃ ရာခိုင်နှုန်းအောင်မြင်ခဲ့တာပါ။

ဘောလုံးပြန်ဆယ်ယူနိုင်တဲ့အပိုင်းမှာလည်း ၁၁ ကြိမ်၊ တစ်ဦးချင်းဖြတ်ကျော်မှု ၃ ကြိမ်၊ ဘောလုံးတား ဆီးမှု ၂ ကြိမ်နဲ့ ဘောလုံးဖျက်ထုတ်မှု ၃ ကြိမ်လုပ်နိုင်ခဲ့ပြီး အာဆင်နယ်ကွင်းလယ်မှာ အဓိကကျတဲ့သူဖြစ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အသံုးမက်တဲ့အမွားက်ဴးလြန္ခဲ့သူ ေပါ့ဂ္ဘာနဲ႔ ကြင္းလယ္မွာ အေကာင္းဆံုးကစား သြားႏိုင္ခဲ့တဲ့ ပါေတး

အိုးလ္ထရက္ဖို႔ဒ္မွာ အာဆင္နယ္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ မန္ယူအတြက္ ဗီလိန္ျဖစ္ခဲ့ တာကေတာ့ ေပါ့ဂ္ဘာပါပဲ။ ဒီႏွစ္ေဘာလံုးရာသီမွာ ေျခစြမ္းပိုင္းစြမ္းေဆာင္ရည္ က်ဆင္းေနသလို ကြင္းထဲမွာ စိတ္မပါသလို ကစားေနတဲ့ သူ႕ပံုစံေၾကာင့္ မန္ယူ ပရိသတ္ေတြက ၀ိုင္းၿပီးၾသဘာေပးေနၾကတဲ့အခ်ိန္မွာ အာဆင္နယ္နဲ႔ပြဲမွာ သူ႕ ေၾကာင့္ ပင္နယ္တီေပးခဲ့ရၿပီး အသင္းလည္းရႈံးနိမ့္သြားခဲ့ရပါတယ္။

ဆိုးလ္ရွားဟာ ပြဲက်ပ္ကာလမွာ ေပါ့ဂ္ဘာကို ၃ ပြဲဆက္တုိက္ အရန္ခံုထိုင္ထားခဲ့ၿပီး ဒီပြဲမွာ ပြဲထြက္ကစားသမားအျဖစ္ အသံုးျပဳခဲ့ေပမယ့္ ဒုတိယပိုင္းမွာ အာဆင္နယ္က ဘယ္လာရင္ကို ပင္နယ္တီဧရိယာထဲမွာဖ်က္ထုတ္ရင္း မန္ယူက ပင္နယ္တီေပးခဲ့ ရၿပီး အဲဒီတစ္ဂိုးတည္းနဲ႔ရႈံးခဲ့ပါတယ္။ ေပါ့ဂ္ဘာဟာ ဆိုးလ္ရွားလက္ထက္မွာ မန္ယူက သူ႕ေၾကာင့္ ပင္နယ္တီ ၃ ႀကိမ္ အထိေပးထားခဲ့ရၿပီး အမ်ားဆံုးျဖစ္ေနပါတယ္။

ပြဲအၿပီးမွာေတာ့ ေပါ့ဂ္ဘာက သူ႕ရဲ႕အမွားေတြအတြက္ ပရိသတ္ေတြကို ေတာင္းပန္စကား အခုလိုေျပာသြားခဲ့ ပါတယ္။ ေပါ့ဂ္ဘာက “ပင္နယ္တီနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္ သူ႕ကို(ဘယ္လာရင္) အနည္းငယ္ထိခိုက္မိတယ္လို႔ ခံစားရပါတယ္။

ပင္နယ္တီဧရိယာထဲမွာ ေရာက္ေန မွန္းလည္းသိတယ္။ ကၽြန္ေတာ္ ဒီလိုမ်ဳိးဖ်က္ထုတ္မႈမ်ဳိးမလုပ္သင့္ဘဲ သတိကပ္ရမွာပါ။

ဒါေပမယ့္ ကၽြန္ေတာ္ေမာေနတဲ့အတြက္ ဒီလိုအသံုးမက်တဲ့အမွားမ်ဳိးကို က်ဴး လြန္မိသြားတာပါ။ ဒါကေန သင္ခန္းစာယူမွာပါ။ ပင္နယ္တီဧရိယာထဲမွာဆိုရင္ ခံ စစ္ကို ကၽြန္ေတာ္ ေကာင္းေကာင္းမကစားႏိုင္ပါဘူး။

ဒါကိုျပင္ႏိုင္ေအာင္ ႀကိဳးစား သြားၿပီး အသင္းအတြက္ အခြင့္အေရးဖန္တီးႏိုင္ဖို႔ကိုလည္း ပိုၿပီးလုပ္ေပးႏိုင္ ေအာင္ ကစားသြားဖို႔ရွိပါတယ္။ ကၽြန္ေတာ္တို႔ေတြ ဒီထက္အမ်ားႀကီးေကာင္း ေအာင္ အသင္းလိုက္လုပ္သြားရဖို႔ရွိၿပီး ကၽြန္ေတာ္ကစၿပီးေတာ့ လုပ္ဖို႔လိုပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

တစ္ဖက္ အာဆင္နယ္အသင္းမွာေတာ့ ေႏြရာသီ ေစ်းကြက္ကေခၚယူထားတဲ့ ကြင္းလယ္လူပါေတးက အဓိကက်ခဲ့ၿပီး မန္ယူနဲ႔ပြဲမွာ ပါေတးဟာ အေကာင္းဆံုးစြမ္းေဆာင္ရည္ျပသႏိုုင္ခဲ့တာပါ။

သူဟာ အဲဒီပြဲမွာ ေခါင္းယွဥ္တိုက္တာနဲ႔ အေ၀းေဘာေပးပို႔မႈေတြမွာ ရာႏႈန္းျပည့္ေအာင္ျမင္ခဲ့သလို သူ႕ဆီက ေဘာလံုးေပးပို႔မႈ ၉၃ ရာခိုင္ႏႈန္းေအာင္ျမင္ခဲ့တာပါ။

ေဘာလံုးျပန္ဆယ္ယူႏိုင္တဲ့အပိုင္းမွာလည္း ၁၁ ႀကိမ္၊ တစ္ဦးခ်င္းျဖတ္ေက်ာ္မႈ ၃ ႀကိမ္၊ ေဘာလံုးတား ဆီးမႈ ၂ ႀကိမ္နဲ႔ ေဘာလံုးဖ်က္ထုတ္မႈ ၃ ႀကိမ္လုပ္ႏိုင္ခဲ့ၿပီး အာဆင္နယ္ကြင္းလယ္မွာ အဓိကက်တဲ့သူျဖစ္ခဲ့ပါတယ္။