
အာဂျင်တီးနားကစားသမားတွေဟာ ဘရာဇီးနဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင်
အသင်းလိုက်ဓာတ်ပုံအရိုက်ခံတဲ့အချိန်မှာ တိုက်စစ်မှုးအဂူရိုကို
အားပေးတဲ့ ဗီနိုင်ကြီးတစ်ခု ဆွဲကိုင်ပြသခဲ့ကြပါတယ်။
အဲဒီဘာစီလိုနာတိုက်စစ်မှုးဟာ ပြီးခဲ့တဲ့လ အလာဗက်စ်နဲ့ပွဲမှာ
နှလုံးရောဂါပြသနာပေါ်ခဲ့တာကြောင့် ၃ လကြာ အနားယူနေရတာပါ။
ဘောလုံးကနေ သူအနားယူဖို့ လိုအပ်တယ်ဆိုတဲ့ပြောဆိုမှုတွေကို
အဂူရိုက ငြင်းဆန်ထားပေမယ့် အဲဒီမန်စီးတီးတိုက်စစ်မှုးဟောင်းအတွက်
စိုးရိမ်မှုများစွာရှိနေကြပါတယ်။ မက်ဆီနဲ့သူ့နိုင်ငံအသင်းဖော်တွေကတော့
ဘရာဇီးနဲ့ပွဲမတိုင်ခင်မှာ အဂူရိုအတွက် သူတို့ရဲ့အားပေးမှုကို ပြသခဲ့ကြတာပါ။
အာဂျင်တီးနားအတွက် အဂူရိုဂိုးသွင်းအောင်ပွဲခံတဲ့ပုံနဲ့အတူ
”ငါတို့အားလုံး မင်နဲ့အတူရှိနေတယ် ကွန်း”လို့ ရေးထားတဲ့စာကို ပြခဲ့တာပါ။
အဂူရိုဟာ သူ့ရဲ့ဘာစီလိုနာပထမဆုံးပွဲထွက်မှာပဲ ရင်ဘတ်နာကျင်မှုကို
ခံစားခဲ့ရလု့ိ ပွဲချိန် ၄၁ မိနစ်အရောက်မှာ လူစားလဲခံခဲ့ရတာပါ။
၃၃ နှစ်အရွယ် အဂူရိုဟာ အဲဒီကတည်းက ၃ လကြာနားဖို့ ဆရာဝန်မှာကြားခံခဲ့ရပြီး
အခြေအနေကို ဆက်လက်စောင့်ကြည့်သွားမယ်လို့ သူကိုယ်တိုင်က ဆိုခဲ့ပါတယ်။
အဂူရိုဟာ အဲဒီအတွက် ဆေးရုံမှာ ၂ ရက်ကြာ နေခဲ့ရပါသေးတယ်။
အဲဒီဖြစ်ရပ်အတွက် သူ့ရဲ့အသင်းဟောင်းမန်စီးတီးက
နှစ်သိမ့်အားပေးမှုများစွာပြုလုပ်ခဲ့ပါတယ်။
မန်စီးတီးနည်းပြဂွါဒီယိုလာကဆိုရင်”သူ့အေးဂျင့်နဲ့ ကျွန်တော်
စကားပြောခဲ့ပါတယ်။ သူနဲ့သူ့မိသားစုအတွက် ခက်ခဲတဲ့သတင်းပါ။
ကျွန်တော်တို့အားလုံးကတော့ သူသက်သာပါစေလို့ ဆုတောင်းပေးပါတယ်။
ကျွန်တော်တို့အသင်းဥက္ကဌကလည်း သူ့ကို ဆုတောင်းပေးနေပါတယ်။
ကျန်းမာရေးက ဘယ်အရာထက်မဆို ပိုပြီးအရေးကြီးပါတယ်”လို့
အဂူရိုအတွက် ပြောကြားခဲ့ပါတယ်။
အဂူရိုဟာ စပိန်ကိုပြန်ရောက်လာပြီးကတည်းက ဘာစီလိုနာအတွက်
ပြိုင်ပွဲအရပ်ရပ် ၅ ပွဲကစားပေးထားပါတယ်။
သူဟာ ရီးရဲလ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့အယ်ကလက်စီကိုပွဲစဉ်မှာ တစ်ဂိုးသွင်းပေးခဲ့ပါတယ်။
zawgyi
အာဂ်င္တီးနားအသင္းသားေတြ ႏွလုံးေရာဂါခံစားေနရတဲ့အဂူ႐ိုကို ဘရာဇီးနဲ႔ပြဲမတိုင္ခင္ အားေပးခဲ့ၾက
အာဂ်င္တီးနားကစားသမားေတြဟာ ဘရာဇီးနဲ႔ကမာၻ႔ဖလားေျခစစ္ပြဲမတိုင္ခင္
အသင္းလိုက္ဓာတ္ပုံအ႐ိုက္ခံတဲ့အခ်ိန္မွာ တိုက္စစ္မႈးအဂူ႐ိုကို
အားေပးတဲ့ ဗီႏိုင္ႀကီးတစ္ခု ဆြဲကိုင္ျပသခဲ့ၾကပါတယ္။
အဲဒီဘာစီလိုနာတိုက္စစ္မႈးဟာ ၿပီးခဲ့တဲ့လ အလာဗက္စ္နဲ႔ပြဲမွာ
ႏွလုံးေရာဂါျပသနာေပၚခဲ့တာေၾကာင့္ ၃ လၾကာ အနားယူေနရတာပါ။
ေဘာလုံးကေန သူအနားယူဖို႔ လိုအပ္တယ္ဆိုတဲ့ေျပာဆိုမႈေတြကို
အဂူ႐ိုက ျငင္းဆန္ထားေပမယ့္ အဲဒီမန္စီးတီးတိုက္စစ္မႈးေဟာင္းအတြက္
စိုးရိမ္မႈမ်ားစြာရွိေနၾကပါတယ္။ မက္ဆီနဲ႔သူ႔ႏိုင္ငံအသင္းေဖာ္ေတြကေတာ့
ဘရာဇီးနဲ႔ပြဲမတိုင္ခင္မွာ အဂူ႐ိုအတြက္ သူတို႔ရဲ႕အားေပးမႈကို ျပသခဲ့ၾကတာပါ။
အာဂ်င္တီးနားအတြက္ အဂူ႐ိုဂိုးသြင္းေအာင္ပြဲခံတဲ့ပုံနဲ႔အတူ
”ငါတို႔အားလုံး မင္နဲ႔အတူရွိေနတယ္ ကြန္း”လို႔ ေရးထားတဲ့စာကို ျပခဲ့တာပါ။
အဂူ႐ိုဟာ သူ႔ရဲ႕ဘာစီလိုနာပထမဆုံးပြဲထြက္မွာပဲ ရင္ဘတ္နာက်င္မႈကို
ခံစားခဲ့ရလု႔ိ ပြဲခ်ိန္ ၄၁ မိနစ္အေရာက္မွာ လူစားလဲခံခဲ့ရတာပါ။
၃၃ ႏွစ္အ႐ြယ္ အဂူ႐ိုဟာ အဲဒီကတည္းက ၃ လၾကာနားဖို႔ ဆရာဝန္မွာၾကားခံခဲ့ရၿပီး
အေျခအေနကို ဆက္လက္ေစာင့္ၾကည့္သြားမယ္လို႔ သူကိုယ္တိုင္က ဆိုခဲ့ပါတယ္။
အဂူ႐ိုဟာ အဲဒီအတြက္ ေဆး႐ုံမွာ ၂ ရက္ၾကာ ေနခဲ့ရပါေသးတယ္။
အဲဒီျဖစ္ရပ္အတြက္ သူ႔ရဲ႕အသင္းေဟာင္းမန္စီးတီးက
ႏွစ္သိမ့္အားေပးမႈမ်ားစြာျပဳလုပ္ခဲ့ပါတယ္။
မန္စီးတီးနည္းျပဂြါဒီယိုလာကဆိုရင္”သူ႔ေအးဂ်င့္နဲ႔ ကြၽန္ေတာ္
စကားေျပာခဲ့ပါတယ္။ သူနဲ႔သူ႔မိသားစုအတြက္ ခက္ခဲတဲ့သတင္းပါ။
ကြၽန္ေတာ္တို႔အားလုံးကေတာ့ သူသက္သာပါေစလို႔ ဆုေတာင္းေပးပါတယ္။
ကြၽန္ေတာ္တို႔အသင္းဥကၠဌကလည္း သူ႔ကို ဆုေတာင္းေပးေနပါတယ္။
က်န္းမာေရးက ဘယ္အရာထက္မဆို ပိုၿပီးအေရးႀကီးပါတယ္”လို႔
အဂူ႐ိုအတြက္ ေျပာၾကားခဲ့ပါတယ္။
အဂူ႐ိုဟာ စပိန္ကိုျပန္ေရာက္လာၿပီးကတည္းက ဘာစီလိုနာအတြက္
ၿပိဳင္ပြဲအရပ္ရပ္ ၅ ပြဲကစားေပးထားပါတယ္။
သူဟာ ရီးရဲလ္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့အယ္ကလက္စီကိုပြဲစဥ္မွာ တစ္ဂိုးသြင္းေပးခဲ့ပါတယ္။