အာဆင်နယ်ကို ဇာခါ ဦးဆောင်လာတဲ့ပွဲဆိုရင် အွန်နရီက TVကိုချက်ခြင်းထပိတ်လိုက်တော့တာပါပဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်း ဂန္ထဝင်ဖြစ်တဲ့ သီယာရီအွန်နရီ ဟာ အာဆင်နယ်အသင်းကို ဇာခါက အသင်းခေါင်းဆောင်အဖြစ်ဦးဆောင်ပြီးကွင်းထဲဝင်လာတာကို တွေ့တာနဲ့ TV ကိုချက်ခြင်းထပိတ်ခဲ့ဘူးတယ်လို့ အီဗရာက ဇာခါနဲ့ပတ်သက်တဲ့ အွန်နရီရဲ့ သဘောထားကို ပြန်လည် ပြောပြခဲ့ပါတယ်။

အာဆင်နယ်ဟာ မနေ့ညက ဘန်လေကိုအိမ်ကွင်းမှာ ဝ-၁ နဲ့ရှုံးနိမ့်ခဲ့ပြီး အာဆင်နယ်ရဲ့ ခြေစွမ်းပျောက်နေတဲ့ တိုက်စစ်မှူး အူဘာမီယန်က ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ဆွစ်ဇာလန်လက်ရွေးစင် ဇာခါဟာ ဘန်လေက ဝက်စ်ဝုဒ်ကို မလိုအပ်ဘဲလည်ပင်းညှစ်ခဲ့တဲ့အတွက် ပွဲချိန် ၅၆ မိနစ်မှာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါဟာအာဆင်နယ်အတွက် ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၇ ပွဲမြောက်ရှုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဇာခါဟာ သူ့ကစားဟန်အတွက် မကြာခဏဝေဖန်ခံခဲ့ရတဲ့အပြင် ပြီးခဲ့တဲ့ရာသီတုန်းကလည်း လူစားလဲခံရလို့ ကွင်းထဲကထွက်ချိန်မှာ ပရိသတ်တွေကို ဆဲဆိုတဲ့အမူအရာ လုပ်ပြခဲ့သေးသူပါ။

ဒီပွဲအတွက် Sky Sports ရဲ့အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ အီဗရာက ပွဲအပြီးမှာ ဇာခါရဲ့လုပ်ရပ်ကို ဝေဖန်ခဲ့တဲ့အပြင် ဟင်နရီတစ်ယောက် ဘယ်လိုပြုမှုခဲ့သလဲဆိုတာကိုလည်း အခုလိုဘဲ ပြန်လည်ပြောပြခဲ့ပါတယ်။သူက” ခင်ဗျားတို့ကို ဇာခါနဲ့ပတ်သက်ပြီး ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြလို့ရပါတယ်။ တစ်နေ့မှာ အွန်နရီက ကျွန်တော့်ကိုသူ့အိမ်ဖိတ်ပြီးအာဆင်နယ်ပွဲကြည့်ကြမယ်လို့ ပြောခဲ့ပါတယ်။

ဒါနဲ့ကျွန်တော်လည်း သူ့အိမ်ကို ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့်ဗျာ အာဆင်နယ်ပွဲလာလို့ TV ဖွင့်လိုက်ချိန်မှာ ဇာခါက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ကွင်းထဲဝင်လာတာကို တွေ့ရော အွန်နရီက TV ကိုချက်ခြင်း ထပိတ်လိုက်တယ်ဗျ။

အဲဒါနဲ့ ကျွန်တော်က ဘာဖြစ်တာလဲလို့ မေးလိုက်ချိန်မှာ သူချစ်ရတဲ့အသင်းကို ဇာခါက အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်လာလို့ မကြည့်ချင်တော့ဘူးကွာ ဆိုပြီး ပြန်ပြောခဲ့ပါတယ်။ ဒါနဲ့ဘဲ ကျွန်တော်တို့လည်း အာဆင်နယ်ပွဲမကြည့်တော့ဘဲ စကားတွေဘဲ အများကြီး ပြောခဲ့ကြပါတော့တယ်။

သူဟာ အာဆင်နယ်ရဲ့ဂန္ထဝင်အကြောင်းတွေကို စုံစုံစေ့စေ့ ပြောပြီး လက်ရှိသူ့အသင်းအတွက် စိတ်ဓါတ်လည်းကျသွားခဲ့ပါတယ်။ အာဆင်နယ် အသင်းရဲ့ ဂန္တဝင် တစ်ယောက် အနေနဲ့ ဇာခါ့ အပေါ် ဘယ်လို သဘောထားသလဲ ဆိုတာလုံးဝ သိမြင်လိုက်ရပါတယ်။

အသင်းမှာကစားနေတဲ့ လူသစ်တွေအကြောင်းကိုပြောခဲ့တဲ့အချိန်မှာလည်း ပီပီနဲ့ပတ်သက်လို့ အများကြီးဝေဖန်ခဲ့ဘူးပေမယ့် ဇာခါနဲ့ ပတ်သက်လို့ အွန်နရီက ဝေဖန်ပြောဆိုနေဖို့ထက် ကြည့်ကိုမကြည့်ခြင်တော့တာ” လို့ ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဆင္နယ္ကို ဇာခါ ဦးေဆာင္လာတဲ့ပြဲဆိုရင္ အြန္နရီက TVကိုခ်က္ျခင္းထပိတ္လိုက္ေတာ့တာပါပဲ

အာဆင္နယ္အသင္း ဂႏၴဝင္ျဖစ္တဲ့ သီယာရီအြန္နရီ ဟာ အာဆင္နယ္အသင္းကို ဇာခါက အသင္းေခါင္းေဆာင္အျဖစ္ဦးေဆာင္ၿပီးကြင္းထဲဝင္လာတာကို ေတြ႕တာနဲ႔ TV ကိုခ်က္ျခင္းထပိတ္ခဲ့ဘူးတယ္လို႔ အီဗရာက ဇာခါနဲ႔ပတ္သက္တဲ့ အြန္နရီရဲ႕ သေဘာထားကို ျပန္လည္ ေျပာျပခဲ့ပါတယ္။

အာဆင္နယ္ဟာ မေန႔ညက ဘန္ေလကိုအိမ္ကြင္းမွာ ဝ-၁ နဲ႔ရႈံးနိမ့္ခဲ့ၿပီး အာဆင္နယ္ရဲ႕ ေျခစြမ္းေပ်ာက္ေနတဲ့ တိုက္စစ္မႉး အူဘာမီယန္က ကိုယ့္ဂိုးကိုယ္ သြင္းယူခဲ့တာျဖစ္ပါတယ္။ ဒီပြဲမွာ ဆြစ္ဇာလန္လက္ေ႐ြးစင္ ဇာခါဟာ ဘန္ေလက ဝက္စ္ဝုဒ္ကို မလိုအပ္ဘဲလည္ပင္းညႇစ္ခဲ့တဲ့အတြက္ ပြဲခ်ိန္ ၅၆ မိနစ္မွာ အနီကတ္ျပထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။ ဒါဟာအာဆင္နယ္အတြက္ ပရီးမီးယားလိဂ္ ၁၂ ပြဲမွာ ၇ ပြဲေျမာက္ရႈံးပြဲလည္း ျဖစ္ခဲ့ပါတယ္။ ဇာခါဟာ သူ႔ကစားဟန္အတြက္ မၾကာခဏေဝဖန္ခံခဲ့ရတဲ့အျပင္ ၿပီးခဲ့တဲ့ရာသီတုန္းကလည္း လူစားလဲခံရလို႔ ကြင္းထဲကထြက္ခ်ိန္မွာ ပရိသတ္ေတြကို ဆဲဆိုတဲ့အမူအရာ လုပ္ျပခဲ့ေသးသူပါ။ ဒီပြဲအတြက္ Sky Sports ရဲ႕အစီအစဥ္တင္ဆက္သူအျဖစ္ ေဆာင္႐ြက္ခဲ့တဲ့ အီဗရာက ပြဲအၿပီးမွာ ဇာခါရဲ႕လုပ္ရပ္ကို ေဝဖန္ခဲ့တဲ့အျပင္ ဟင္နရီတစ္ေယာက္ ဘယ္လိုျပဳမႈခဲ့သလဲဆိုတာကိုလည္း အခုလိုဘဲ ျပန္လည္ေျပာျပခဲ့ပါတယ္။သူက” ခင္ဗ်ားတို႔ကို ဇာခါနဲ႔ပတ္သက္ၿပီး ဇာတ္လမ္းတစ္ပုဒ္ကို ေျပာျပလို႔ရပါတယ္။ တစ္ေန႔မွာ အြန္နရီက ကြၽန္ေတာ့္ကိုသူ႔အိမ္ဖိတ္ၿပီးအာဆင္နယ္ပြဲၾကည့္ၾကမယ္လို႔ ေျပာခဲ့ပါတယ္။

ဒါနဲ႔ကြၽန္ေတာ္လည္း သူ႔အိမ္ကို ေရာက္သြားခဲ့ပါတယ္။ ဒါေပမယ့္ဗ်ာ အာဆင္နယ္ပြဲလာလို႔ TV ဖြင့္လိုက္ခ်ိန္မွာ ဇာခါက အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူၿပီး ကြင္းထဲဝင္လာတာကို ေတြ႕ေရာ အြန္နရီက TV ကိုခ်က္ျခင္း ထပိတ္လိုက္တယ္ဗ်။ အဲဒါနဲ႔ ကြၽန္ေတာ္က ဘာျဖစ္တာလဲလို႔ ေမးလိုက္ခ်ိန္မွာ သူခ်စ္ရတဲ့အသင္းကို ဇာခါက အသင္းေခါင္းေဆာင္အျဖစ္ ဦးေဆာင္လာလို႔ မၾကည့္ခ်င္ေတာ့ဘူးကြာ ဆိုၿပီး ျပန္ေျပာခဲ့ပါတယ္။ ဒါနဲ႔ဘဲ ကြၽန္ေတာ္တို႔လည္း အာဆင္နယ္ပြဲမၾကည့္ေတာ့ဘဲ စကားေတြဘဲ အမ်ားႀကီး ေျပာခဲ့ၾကပါေတာ့တယ္။

သူဟာ အာဆင္နယ္ရဲ႕ဂႏၴဝင္အေၾကာင္းေတြကို စုံစုံေစ့ေစ့ ေျပာၿပီး လက္ရွိသူ႔အသင္းအတြက္ စိတ္ဓါတ္လည္းက်သြားခဲ့ပါတယ္။ အာဆင္နယ္ အသင္းရဲ႕ ဂႏၲဝင္ တစ္ေယာက္ အေနနဲ႔ ဇာခါ့ အေပၚ ဘယ္လို သေဘာထားသလဲ ဆိုတာလုံးဝ သိျမင္လိုက္ရပါတယ္။ အသင္းမွာကစားေနတဲ့ လူသစ္ေတြအေၾကာင္းကိုေျပာခဲ့တဲ့အခ်ိန္မွာလည္း ပီပီနဲ႔ပတ္သက္လို႔ အမ်ားႀကီးေဝဖန္ခဲ့ဘူးေပမယ့္ ဇာခါနဲ႔ ပတ္သက္လို႔ အြန္နရီက ေဝဖန္ေျပာဆိုေနဖို႔ထက္ ၾကည့္ကိုမၾကည့္ျခင္ေတာ့တာ” လို႔ ေျပာသြားပါတယ္။