အာဆင်နယ်က ဂရင်းဝုဒ်ကို  ပစ်မှတ်ထားလာ
အာဆင်နယ်ဟာမေဆင်ဂရင်းဝုဒ်အားခေါ်ယူရန်အံ့ဩသင့်ဖွယ်ပစ်မှတ်ထား
လာကြောင်းသိရပါတယ်။တကယ်တော့ မေဆင်ဂရင်းဝုဒ်ကိုခေါ်ယူဖို့ စိတ်ဝင်
စားနေတာ အာဆင်နယ်တစ်သင်းတည်းမဟုတ်ပါဘူး။
အသက်၂၀နှစ်ရှိမေဆင်ဂရင်းဝုဒ်ဟာရေးဖ်ရန်းနစ်ခ်လက်ထက်တွင် အရန်ခုံ
တွင်သာအချိန်ကုန်ဆုံးလာခဲ့သူဖြစ်ပါတယ်။သူ့ကိုအာဆင်နယ်အပြင်ဂျူဗင်
တပ်နှင့်ငွေကြေးပြဿနာရှိနေတဲ့ဘာစီလိုနာတို့ကပစ်မှတ်ထားနေပါတယ်။
အာဆင်နယ်ဟာလာမယ့်နွေရာသီတွင်တိုက်စစ်မှူးသုံးဦးအထိခေါ်ယူရမယ့်
အခြေအနေမျိုးတွင်ရှိနေပါတယ်။၎င်းတို့ဟာနကီတာနှင့်လာကာဇက်တီတို့
အားအလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရဖို့သေချာနေပါတယ်။
ဒါ့အပြင်အူဘာမီယန်မှာလည်းစည်းကမ်းချိုးဖောက်မှုကြောင့်အသင်းခေါင်
းဆောင်ရာထူးမှဖယ်ရှားခြင်းခံထားရသလိုအသင်းရဲ့လူစာရင်းမှလည်း
ချန်လှပ်ခြင်းခံထားရပါတယ်။
ဒါကြောင့်လည်းအာဆင်နယ်ဟာယူနိုက်တက်ရှိမေဆင်ဂရင်းဝုဒ်အခြေအနေ
အားစိတ်ဝင်တစားစောင့်ကြည့်နေကာ အကယ်၍ထွက်ခွာမည်ဆိုပါက
ကမ်းလှမ်းမှုပြုလုပ်ရန်အသင့်ရှိနေပါတယ်။
မေဆင်ဂရင်းဝုဒ်ဟာတောင်ပံတွင်သာမကအထောင်တိုက်စစ်မှူးအဖြစ်လည်း
ကစားနိုင်စွမ်းရှိသူဖြစ်ပါတယ်။ဘာစီလိုနာဥက္ကဌလာပေါ်တာက ဂရင်းဝုဒ်ကို
အနာဂတ်တွင်သေချာပေါက်ထွန်းတောက်လာမယ့်သူအဖြစ်သတ်မှတ်ထားပြီး
အန်ဆူးဖာတီနှင့်တွဲပေးလိုက်ပါကထက်မြက်တဲ့တိုက်စစ်အင်အားဖြစ်လာမယ်လို့
ယုံကြည်နေပါတယ်။
မေဆင်ဂရင်းဝုဒ်ဟာယခုရာသီမှာယူနိုက်တက်အတွက်၁၇ပွဲကစားထားရာမှာ
၅ဂိုးသွင်းယူပြီး၂ကြိမ်ဖန်တီးထားပါတယ်။ ဘာစီလိုနာဟာမေဆင်ဂရင်းဝုဒ်ကို
သာမက ယူနိုက်တက်တိုက်စစ်မှူးအန်တိုနီမာရှယ်ကိုလည်းခေါ်ယူရန်စိတ်ဝင်စား
နေပါတယ်။မာရှယ်ဟာယခုရာသီမှာနေရာပျောက်ဆုံးနေမှုနဲ့အတူဇန်နဝါရီတွင်
အသင်းပြောင်းနိုင်ရေးကြိုးပမ်းသွားပါမယ်။
Zawgyi
ယုံကြည်နေပါတယ်။