အာဆင်နယ်နည်းပြ အာတီတာက  အာဏာရှင် မဟုတ်ပါဘူးတဲ့…

နည်းပြအာတီတာက သူဟာ အာဆင်နယ်ကို အာဏာရှင်တစ်ယောက်လို

ကိုင်တွယ်သွားမှာ မဟုတ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။
တိုက်စစ်မှုးအူဘာမီယန်ကို အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့ပြီးနောက်

သူ့ကစားသမားတွေဆီကနေ လေးစားမှုနဲ့ပေးဆပ်လိုမှုကို အာတီတာက

တောင်းဆိုခဲ့တာပါ။အူဘာမီယန်ဟာ ဒီလထဲမှာပဲ အသင်းခေါင်းဆောင်လက်ပတ်

ရုပ်သိမ်းခံခဲ့ရပြီးစည်းကမ်းချိုးဖောက်မှုကြောင့် အာဆင်နယ်ရဲ့နောက်ဆုံး

၄ ပွဲမှာလည်း မပါဝင်ခဲ့ပါဘူး။


သူ့ကစားသမားအားလုံးဆီက တူညီတဲ့ပေးဆပ်လိုမှုကို မျှော်လင့်ထားတဲ့

အာတီတာက သူ့အနေနဲ့ အူဘာမီယန်အပေါ် အလွန်အမင်း ပစ်ပယ်မှာ

မဟုတ်ကြောင်း အခိုင်အမာဆိုခဲ့တာပါ။”ကျွန်တော်က ကြမ်းကြမ်းတမ်းတမ်း

ဒါမှမဟုတ် အာဏာရှင်တစ်ယောက်လို ကိုယ့်သြဇာကို ထူထောင်မှာ

မဟုတ်ပါဘူး။ တစ်ခုပဲ တောင်းဆိုတာပါ။ အဲဒါက လေးစားမှုနဲ့ပေးဆပ်လိုမှုပါ။

ဒီလိုအဆင့်မှာ အဲဒါမျိုးမရဘူးဆိုရင် ကျွန်တော့်အထုပ်တွေသိမ်းပြီး တစ်နေ

ရာရာကို သွားမှာပါ။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တောင်းဆိုတာက

အနည်းဆုံးအဆင့်ပါ။ ဒီကလပ်အတွက် အလုပ်လုပ်သူအားလုံးဆီကနေ

အဲဒါကို ကျွန်တော် မျှော်လင့်ထားပါတယ်။ အောင်မြင်ဖို့ဆိုရင် တစ်စုံတစ်ခုမှာ

စိတ်အားထက်သန်ရမှာ ဖြစ်သလို ကလပ်ရဲ့သမိုင်းကြောင်းကောင်းမှုကိုလည်း

ကိုယ်စားပြုလိုရမှာပါ။ ဒါက ကိုယ်ယူလာရမယ့် အနိမ့်ဆုံးစံနှုန်းပါပဲ။

အမြဲတမ်း အကောင်းဆုံးဖြစ်နေဖို့ တောင်းဆိုမှာ မဟုတ်ပါဘူး။

ဒီကလပ်အတွက် တစ်နေ့ချင်းတိုင်းမှာ သင့်လျော်မှန်ကန်တဲ့အရာတွေပဲ

လုပ်ဖို့ တောင်းဆိုမှာပါ”လို့ အာတီတာက ပြောခဲ့တာပါ။


စည်းကမ်းပိုင်းကြောင့် လူစာရင်းကနေ ချန်လှပ်ခံထားရတဲ့ ဂါဘွန်လက်ရွေးစင်

ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၄ ဂိုးသာသွင်းနိုင်ပါသေးတယ်။

၃၂ နှစ်အရွယ် အဲဒီအာဆင်နယ်တိုက်စစ်မှုးဟာ ဒီရာသီ သူ့ခြေစွမ်းနဲ့ပတ်သက်

လို့ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
အူဘာမီယန်ရဲ့ အာဆင်နယ်နဲ့စာချုပ်က ၂၀၂၃ အထိဖြစ်ပေမယ့် မကြာသေးခင်က

စည်းကမ်းချိုးဖောက်မှုတွေကြောင့် ကလပ်ဘက်က မကြာခင်မှာပဲ

သူ့ကို ရောင်းချဖွယ်ရှိနေပါတယ်။

Zawgyi

အာဆင္နယ္နည္းျပ အာတီတာက  အာဏာရွင္ မဟုတ္ပါဘူးတဲ့…
နည္းျပအာတီတာက သူဟာ အာဆင္နယ္ကို အာဏာရွင္တစ္ေယာက္လို

ကိုင္တြယ္သြားမွာ မဟုတ္ေၾကာင္း အခိုင္အမာေျပာၾကားလိုက္ပါတယ္။
တိုက္စစ္မႈးအူဘာမီယန္ကို အသင္းလူစာရင္းကေန ခ်န္လွပ္ခဲ့ၿပီးေနာက္

သူ႔ကစားသမားေတြဆီကေန ေလးစားမႈနဲ႔ေပးဆပ္လိုမႈကို အာတီတာက

ေတာင္းဆိုခဲ့တာပါ။
အူဘာမီယန္ဟာ ဒီလထဲမွာပဲ အသင္းေခါင္းေဆာင္လက္ပတ္႐ုပ္သိမ္းခံခဲ့ရၿပီး

စည္းကမ္းခ်ိဳးေဖာက္မႈေၾကာင့္ အာဆင္နယ္ရဲ႕ေနာက္ဆုံး ၄ ပြဲမွာလည္း

မပါဝင္ခဲ့ပါဘူး။
သူ႔ကစားသမားအားလုံးဆီက တူညီတဲ့ေပးဆပ္လိုမႈကို ေမွ်ာ္လင့္ထားတဲ့

အာတီတာက သူ႔အေနနဲ႔ အူဘာမီယန္အေပၚ အလြန္အမင္း ပစ္ပယ္မွာ

မဟုတ္ေၾကာင္း အခိုင္အမာဆိုခဲ့တာပါ။”ကြၽန္ေတာ္က ၾကမ္းၾကမ္းတမ္းတမ္း

ဒါမွမဟုတ္ အာဏာရွင္တစ္ေယာက္လို ကိုယ့္ၾသဇာကို ထူေထာင္မွာ

မဟုတ္ပါဘူး။ တစ္ခုပဲ ေတာင္းဆိုတာပါ။ အဲဒါက ေလးစားမႈနဲ႔ေပးဆပ္လိုမႈပါ။

ဒီလိုအဆင့္မွာ အဲဒါမ်ိဳးမရဘူးဆိုရင္ ကြၽန္ေတာ့္အထုပ္ေတြသိမ္းၿပီး တစ္ေန

ရာရာကို သြားမွာပါ။ ဘာေၾကာင့္လဲဆိုရင္ ကြၽန္ေတာ္ေတာင္းဆိုတာက

အနည္းဆုံးအဆင့္ပါ။ ဒီကလပ္အတြက္ အလုပ္လုပ္သူအားလုံးဆီကေန

အဲဒါကို ကြၽန္ေတာ္ ေမွ်ာ္လင့္ထားပါတယ္။ ေအာင္ျမင္ဖို႔ဆိုရင္ တစ္စုံတစ္ခုမွာ

စိတ္အားထက္သန္ရမွာ ျဖစ္သလို ကလပ္ရဲ႕သမိုင္းေၾကာင္းေကာင္းမႈကိုလည္း

ကိုယ္စားျပဳလိုရမွာပါ။ ဒါက ကိုယ္ယူလာရမယ့္ အနိမ့္ဆုံးစံႏႈန္းပါပဲ။

အၿမဲတမ္း အေကာင္းဆုံးျဖစ္ေနဖို႔ ေတာင္းဆိုမွာ မဟုတ္ပါဘူး။

ဒီကလပ္အတြက္ တစ္ေန႔ခ်င္းတိုင္းမွာ သင့္ေလ်ာ္မွန္ကန္တဲ့အရာေတြပဲ

လုပ္ဖို႔ ေတာင္းဆိုမွာပါ”လို႔ အာတီတာက ေျပာခဲ့တာပါ။
စည္းကမ္းပိုင္းေၾကာင့္ လူစာရင္းကေန ခ်န္လွပ္ခံထားရတဲ့ ဂါဘြန္လက္ေ႐ြးစင္

ဟာ ဒီရာသီ ပရီးမီးယားလိဂ္ ၁၄ ပြဲမွာ ၄ ဂိုးသာသြင္းႏိုင္ပါေသးတယ္။
၃၂ ႏွစ္အ႐ြယ္ အဲဒီအာဆင္နယ္တိုက္စစ္မႈးဟာ ဒီရာသီ သူ႔ေျခစြမ္းနဲ႔ပတ္သက္

လို႔ ေဝဖန္မႈေတြနဲ႔လည္း ရင္ဆိုင္ခဲ့ရပါတယ္။
အူဘာမီယန္ရဲ႕ အာဆင္နယ္နဲ႔စာခ်ဳပ္က ၂၀၂၃ အထိျဖစ္ေပမယ့္ မၾကာေသးခင္က

စည္းကမ္းခ်ိဳးေဖာက္မႈေတြေၾကာင့္ ကလပ္ဘက္က မၾကာခင္မွာပဲ

သူ႔ကို ေရာင္းခ်ဖြယ္ရွိေနပါတယ္။