အာဆင်နယ်နဲ့ပွဲမတိုင်ခင် ယူနိုက်တက်ရဲ့ သတင်း၊ ဖြစ်နိုင်ဖွယ်line-upနဲ့ နောက်ဆုံးရဒဏ်ရာရသတင်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သူ့ရဲ့မန်ချက်စတာယူနိုက်တက်နည်းပြရာပြည့်ပွဲအတွက် ပြင်ဆင်ရင်း မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက စပါးကို အိမ်ကွင်းမှာ ၆-၁ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့တာကို အတိတ်မှာချန်နိုင်ခဲ့လို့ပြီလို့ ပြောလိုက်ပါတယ်။ ဒီည အာဆင်နယ်နဲ့ပွဲဟာ ဆိုးလ်ရှားအတွက် မန်ချက်စတာယူနိုက်တက်နည်းပြဘ၀ ရာပြည့်ပွဲပါ။

စူပါဆန်းဒေးပွဲမတိုင်ခင် ကြားရက်ချန်ပီယံလိဂ်ပွဲမှာ ရက်ဘူးလ်လိုက်ပ်ဇစ်အသင်းကို ၅ဂိုးပြတ်နဲ့နိုင်ခဲ့တဲ့ပွဲက ခြေစွမ်းမျိုးထပ်ရမယ်လို့ နည်းပြ ဆိုးလ်ရှား ယုံကြည်ထားပါတယ်။

“၆-၁ဂိုးနဲ့ရှုံးခဲ့တာလို ဆိုးရွားတဲ့ အရှုံးတွေကနေတုံ့ပြန်နိုင်ဖို့အရမ်းအရေးကြီးပါတယ်။ ဆိုးရွားတဲ့အရှုံးကြောင့် ရိုက်ခတ်ခဲ့တာတွေကို အသင်းအတွင်းပြဿနာတစ်ရပ်လို ဖြေရှင်းခဲ့ရတာ အမှန်ပါပဲ”လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက ပြောပါတယ်။

ချန်ပီယံလိဂ်ပွဲတုန်းက အနိုင်ဂိုးတစ်ဂိုးသွင်းပေးခဲ့တဲ့ မာရှယ်ဟာ တနင်္ဂနွေနေ့ပွဲစဉ်မှာ ပါနိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ အဲလက်စ်တဲလက်စ်လည်း အနားယူနေရပါတယ်။

ဆိုးလ်ရှားဟာ ချန်ပီယံလိဂ်ပွဲတုန်းက ပွဲထွက်ကစားသမားအဖြစ် စသုံးခဲ့တဲ့ ဒတ်ချ်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို အာဆင်နယ်နဲ့ပွဲမှာလည်း သုံးဖွယ်ရှိပါတယ်။ ဒီရာသီပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၉ ဂိုးပဲရသေးပြီး အဲဒီထဲက ၆ ဂိုးကို ဗန်ဒိဘိခ်ကွင်းထဲရှိချိန်မှာ သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

“ကစားသမားအစုအဖွဲ့က တော်တော်လေးကောင်းနေပါတယ်။ ဗုဒ္ဓဟူးနေ့ပွဲတုန်းက ဘယ်သူမှ ဒဏ်ရာမရခဲ့တာဟာ အသင်းအတွက် အပေါင်းလက္ခဏာဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းဟာ အခုဆိုရင် ပိုကောင်းသထက်ပိုကောင်းလာပါပြီ။

အခုဆိုရင် ကစားသမားတွေရဲ့ကြံခိုင်မှုနဲ့ ခြေစွမ်းထက်မြက်မှုတွေက ပိုအရှိန်ကောင်းလာဖို့ရှိတာကိုလည်း လူတိုင်းမြင်နေကြရပါပြီ။ ဒါကြောင့် ဒီပွဲကို ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီ ပြောနိုင်ပါတယ်”လို့လည်း ဆိုးလ်ရှားက ဆိုပါတယ်။

အာဆင်နယ်နဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဖြစ်နိုင်ဖွယ်လူစာရင်းမှာ ကာဗာနီကို ထည့်သွင်းနေကြတာကိုလည်းတွေ့ရပါတယ်။ ကာဗာနီဟာ ကြားရက်ချန်ပီယံလိဂ်ပွဲတုန်းက အနားရထားတော့ မာရှယ်မပါနိုင်တဲ့ တိုက်စစ်ကို ဦးဆောင်လာမယ်လို့ မျှော်လင့်ရပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ၄-၂-၃-၁ကိုပဲ သုံးဖွယ်ရှိပြီး (ဂိုး)-ဒီဂီယာ၊(နောက်) ဘစ်ဆာကာ၊ လင်ဒီလော့ဖ်၊ မက်ဂွိုင်ယား၊ လုခ်ရှော၊(လယ်)ဖရက်ဒ်၊ ပေါ့ဘာ၊ ဖာနန်ဒက်စ်၊ ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်နဲ့(ရှေ့) ကာဗာနီတို့ကို ပွဲထွက်ဖွယ်ရှိကြောင်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဆင္နယ္နဲ႔ပြဲမတိုင္ခင္ ယူႏိုက္တက္ရဲ႕ သတင္း၊ ျဖစ္ႏိုင္ဖြယ္line-upနဲ႔ ေနာက္ဆံုးရဒဏ္ရာရသတင္းမ်ား

သူ႔ရဲ႕မန္ခ်က္စတာယူႏုိက္တက္နည္းျပရာျပည့္ပြဲအတြက္ ျပင္ဆင္ရင္း မန္ခ်က္စတာယူႏိုက္တက္နည္းျပ ဆုိးလ္ရွားက စပါးကို အိမ္ကြင္းမွာ ၆-၁ဂိုးနဲ႔ ဂိုးျပတ္ရႈံးခဲ့တာကို အတိတ္မွာခ်န္ႏိုင္ခဲ့လို႔ၿပီလို႔ ေျပာလိုက္ပါတယ္။ ဒီည အာဆင္နယ္နဲ႔ပြဲဟာ ဆိုးလ္ရွားအတြက္ မန္ခ်က္စတာယူႏုိက္တက္နည္းျပဘ၀ ရာျပည့္ပြဲပါ။

စူပါဆန္းေဒးပြဲမတိုင္ခင္ ၾကားရက္ခ်န္ပီယံလိဂ္ပြဲမွာ ရက္ဘူးလ္လိုက္ပ္ဇစ္အသင္းကို ၅ဂိုးျပတ္နဲ႔ႏိုင္ခဲ့တဲ့ပြဲက ေျခစြမ္းမ်ိဳးထပ္ရမယ္လို႔ နည္းျပ ဆိုးလ္ရွား ယံုၾကည္ထားပါတယ္။

“၆-၁ဂိုးနဲ႔ရႈံးခဲ့တာလို ဆိုးရြားတဲ့ အရႈံးေတြကေနတံု႔ျပန္ႏိုင္ဖို႔အရမ္းအေရးႀကီးပါတယ္။ ဆိုးရြားတဲ့အရႈံးေၾကာင့္ ရိုက္ခတ္ခဲ့တာေတြကို အသင္းအတြင္းျပႆနာတစ္ရပ္လို ေျဖရွင္းခဲ့ရတာ အမွန္ပါပဲ”လို႔ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ဆိုးလ္ရွားက ေျပာပါတယ္။

ခ်န္ပီယံလိဂ္ပြဲတုန္းက အႏိုင္ဂိုးတစ္ဂိုးသြင္းေပးခဲ့တဲ့ မာရွယ္ဟာ တနဂၤေႏြေန႔ပြဲစဥ္မွာ ပါႏိုင္မွာမဟုတ္ပါဘူး။ ဒါ့အျပင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့ အဲလက္စ္တဲလက္စ္လည္း အနားယူေနရပါတယ္။

ဆိုးလ္ရွားဟာ ခ်န္ပီယံလိဂ္ပြဲတုန္းက ပြဲထြက္ကစားသမားအျဖစ္ စသံုးခဲ့တဲ့ ဒတ္ခ်္ကြင္းလယ္လူ ဗန္ဒီဘိခ္ကို အာဆင္နယ္နဲ႔ပြဲမွာလည္း သံုးဖြယ္ရွိပါတယ္။ ဒီရာသီပရီးမီးယားလိဂ္မွာ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ၉ ဂိုးပဲရေသးၿပီး အဲဒီထဲက ၆ ဂိုးကို ဗန္ဒိဘိခ္ကြင္းထဲရွိခ်ိန္မွာ သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

“ကစားသမားအစုအဖြဲ႔႕က ေတာ္ေတာ္ေလးေကာင္းေနပါတယ္။ ဗုဒၶဟူးေန႔ပြဲတုန္းက ဘယ္သူမွ ဒဏ္ရာမရခဲ့တာဟာ အသင္းအတြက္ အေပါင္းလကၡဏာေဆာင္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔အသင္းဟာ အခုဆိုရင္ ပိုေကာင္းသထက္ပိုေကာင္းလာပါၿပီ။

အခုဆိုရင္ ကစားသမားေတြရဲ႕ႀကံခိုင္မႈနဲ႔ ေျခစြမ္းထက္ျမက္မႈေတြက ပိုအရွိန္ေကာင္းလာဖို႔ရွိတာကိုလည္း လူတိုင္းျမင္ေနၾကရပါၿပီ။ ဒါေၾကာင့္ ဒီပြဲကို ကၽြန္ေတာ္တို႔ အဆင္သင့္ျဖစ္ေနၿပီ ေျပာႏိုင္ပါတယ္”လို႔လည္း ဆိုးလ္ရွားက ဆိုပါတယ္။

အာဆင္နယ္နဲ႔ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ျဖစ္ႏိုင္ဖြယ္လူစာရင္းမွာ ကာဗာနီကို ထည့္သြင္းေနၾကတာကိုလည္းေတြ႔ရပါတယ္။ ကာဗာနီဟာ ၾကားရက္ခ်န္ပီယံလိဂ္ပြဲတုန္းက အနားရထားေတာ့ မာရွယ္မပါႏိုင္တဲ့ တုိက္စစ္ကို ဦးေဆာင္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

မန္ခ်က္စတာယူႏုိက္တက္နည္းျပ ဆိုးလ္ရွားဟာ ၄-၂-၃-၁ကိုပဲ သံုးဖြယ္ရွိၿပီး (ဂိုး)-ဒီဂီယာ၊(ေနာက္) ဘစ္ဆာကာ၊ လင္ဒီေလာ့ဖ္၊ မက္ဂြိဳင္ယား၊ လုခ္ေရွာ၊(လယ္)ဖရက္ဒ္၊ ေပါ့ဘာ၊ ဖာနန္ဒက္စ္၊ ဂရင္း၀ုဒ္၊ ရက္ရွ္ဖို႔ဒ္နဲ႔(ေရွ႕) ကာဗာနီတို႔ကို ပြဲထြက္ဖြယ္ရွိေၾကာင္း သိရပါတယ္။