
မန်ချက်စတာယူနိုက်တက်ယာယီနည်းပြအဖြစ်ရေးဖ်ရန်နစ်ခ်ကို
ခန့်အပ်လိုက်ပြီဖြစ်ပေမယ့်ကြာသပတေးနေ့တွင်အာဆင်နယ်နှင့်
ကစားရမယ့်ပွဲကိုမိုက်ကယ်ကာရစ်ကကြီးကြပ်သွားဦးမည်ဖြစ်ကြောင်းသိရပါတယ်။
အသက်၆၃နှစ်ရှိဂျာမန်လူမျိုးနည်းပြဟာတနင်္လာနေ့တုန်းက
မန်ချက်စတာယူနိုက်တက်ရဲ့ယာယီနည်းပြသစ်အဖြစ်ခြောက်လစာချုပ်ဖြင့်
ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ဒါပေမယ့်ရန်နစ်ခ်ဟာဗီဇာပြဿနာများကြောင့်
ယူနိုက်တက်ကိုကြီးကြပ်ဦးဆောင်နိုင်ဦးမှာမဟုတ်သေးပါဘူး။
မန်ချက်စတာယူနိုက်တက်ကရန်နစ်ခ်အလုပ်လုပ်မယ့်အဆင်သင့်ဖြစ်တဲ့
ကာလအထိမိုက်ကယ်ကာရစ်ကအသင်းကိုဦးဆောင်သွားမည်ဖြစ်ကြောင်း
အတည်ပြုလာပါတယ်။ရေးဖ်ရန်နစ်ခ်ဟာကြားရက်အာဆင်နယ်နှင့်
ပွဲစဉ်ကိုကြီးကြပ်နိုင်မှာမဟုတ်ပေမယ့်တနင်္ဂနွေနေ့ခရစ္စတယ်ပဲလေ့စ်နှင့်
ပွဲအမီအားလုံးအဆင်ပြေလာဖို့ရှိပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကချဲလ်ဆီးနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲတွင်
နည်းစနစ်ဒါရိုက်တာဒါရင်းဖလက်ချာဟာဖုန်းကိုကြည့်ကာနားကြပ်ဖြင့်
ဆက်သွယ်ပြောနေကြားမှုမှာရန်နစ်ခ်နှင့်ဆက်သွယ်ပြောကြားနေတယ်လို့
ပရိသတ်များရဲ့ယူဆခြင်းခံခဲ့ရပါတယ်။ဒါပေမယ့်နောက်ပိုင်းတွင်
ယူနိုက်တက်ကဒါရင်းဖလက်ချာမှာဗီဒီယိုဆန်းစစ်လေ့လာသူနှင့်
ဆက်သွယ်စကားပြောနေခြင်းမျှသာဖြစ်ကြောင်းဆိုသွားပါတယ်။
zawgyi
အာဆင္နယ္ႏွင့္ပြဲကို ရန္နစ္ခ္ႀကီးၾကပ္ႏိုင္မည္မဟုတ္
မန္ခ်က္စတာယူႏိုက္တက္ယာယီနည္းျပအျဖစ္ေရးဖ္ရန္နစ္ခ္ကို
ခန႔္အပ္လိုက္ၿပီျဖစ္ေပမယ့္ၾကာသပေတးေန႔တြင္အာဆင္နယ္ႏွင့္
ကစားရမယ့္ပြဲကိုမိုက္ကယ္ကာရစ္ကႀကီးၾကပ္သြားဦးမည္ျဖစ္ေၾကာင္းသိရပါတယ္။
အသက္၆၃ႏွစ္ရွိဂ်ာမန္လူမ်ိဳးနည္းျပဟာတနလၤာေန႔တုန္းက
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ယာယီနည္းျပသစ္အျဖစ္ေျခာက္လစာခ်ဳပ္ျဖင့္
ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။ဒါေပမယ့္ရန္နစ္ခ္ဟာဗီဇာျပႆနာမ်ားေၾကာင့္
ယူႏိုက္တက္ကိုႀကီးၾကပ္ဦးေဆာင္ႏိုင္ဦးမွာမဟုတ္ေသးပါဘူး။
မန္ခ်က္စတာယူႏိုက္တက္ကရန္နစ္ခ္အလုပ္လုပ္မယ့္အဆင္သင့္ျဖစ္တဲ့
ကာလအထိမိုက္ကယ္ကာရစ္ကအသင္းကိုဦးေဆာင္သြားမည္ျဖစ္ေၾကာင္း
အတည္ျပဳလာပါတယ္။ေရးဖ္ရန္နစ္ခ္ဟာၾကားရက္အာဆင္နယ္ႏွင့္
ပြဲစဥ္ကိုႀကီးၾကပ္ႏိုင္မွာမဟုတ္ေပမယ့္တနဂၤေႏြေန႔ခရစၥတယ္ပဲေလ့စ္ႏွင့္
ပြဲအမီအားလုံးအဆင္ေျပလာဖို႔ရွိပါတယ္။
ၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကခ်ဲလ္ဆီးႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲတြင္
နည္းစနစ္ဒါ႐ိုက္တာဒါရင္းဖလက္ခ်ာဟာဖုန္းကိုၾကည့္ကာနားၾကပ္ျဖင့္
ဆက္သြယ္ေျပာေနၾကားမႈမွာရန္နစ္ခ္ႏွင့္ဆက္သြယ္ေျပာၾကားေနတယ္လို႔
ပရိသတ္မ်ားရဲ႕ယူဆျခင္းခံခဲ့ရပါတယ္။ဒါေပမယ့္ေနာက္ပိုင္းတြင္
ယူႏိုက္တက္ကဒါရင္းဖလက္ခ်ာမွာဗီဒီယိုဆန္းစစ္ေလ့လာသူႏွင့္
ဆက္သြယ္စကားေျပာေနျခင္းမွ်သာျဖစ္ေၾကာင္းဆိုသြားပါတယ္။