အာဆင်နယ်မှာ ဘယ်လိုပဲဆက်ဆံခံရပါစေ အသင်းကို အိုဇေးလ် ချစ်ခင်ဆဲပါ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အိုဇေးလ်တစ်ယောက် အသင်းကနေ ထွက်ခွာရဖို့ နီးစပ်နေပေမယ့် အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဆုံးဖြတ်ချက်ကို သူ့အနေနဲ့ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူးလို့ ပြောဆိုလာခဲ့ပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်မှာ အနိမ့်အမြင့်၊ အတက်အကျတွေ များစွာကြုံ တွေ့ခဲ့ ပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ယုံကြည်နေတာပါ။

အိုဇေးလ်ဟာ ၂၀၁၃ခုနှစ်က အာဆင်နယ်ကို ပေါင် ၄၂.၅သန်းနဲ့ ရောက်လာခဲ့တာ ဖြစ်ပါတယ်။အဲဒီနောက်အသင်းမှာ အောင်မြင်မှုတွေ ရလာခဲ့ပြီး အက်ဖ်အေဖလား ၃ကြိမ်၊ ကွန်မြူနတီဒိုင်း၁ကြိမ်တို့ကို ဆွတ်ခူးခဲ့သလို ၂၀၁၅-၁၆ရာသီက အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ကစပြီး အိုဇေးလ်တစ်ယောက် အာဆင်နယ်မှာ နေရာပျောက်ဆုံးလာခဲ့ပြီး နည်းပြ အာတီတာရဲ့ ချန်လှပ်ခြင်း ခံထားရပါတယ်။အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင်ဟာ မတ်လ ၇ ရက်နေ့နောက်ပိုင်းကစပြီး အာဆင်နယ်အတွက် ကစားပေးရခြင်းမရှိတော့ပါဘူး။

နွေရာသီမှာ အိုဇေးလ်ရဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး အခုအချိန်မှာတော့ တူရကီကလပ်ဖီနာဘာချီကို ပြောင်းရွှေ့ဖို့ ရေပန်းစားနေပြီး ကစားသမားကိုယ်တိုင်ကလည်း တူရကီ ဒါမှဟုတ် မေဂျာလိဂ်ကို ပြောင်းရွှေ့ချင်တယ်လို့ ဝန်ခံထားပါတယ်။

“ဂျာမနီမှာ ကလေးဘဝကတည်းက ဖီနာဘာချီပရိသတ်အဖြစ်နဲ့ ကျွန်တော်ကြီးပြင်းခဲ့တာပါ၊ ဂျာမနီ-တူရကီက အသင်းတစ်သင်းကို အားပေးရင်း ကြီးပြင်းလာခဲ့တာပါ။ ကျွန်တော့်စိတ်ထဲမှာဖီနာဘာချီက ကြီးစိုးနေခဲ့ပါတယ်။ အဲဒီအသင်းက စပိန်ရဲ့ ရီးရဲလ်မက်ဒရစ်လိုပါပဲ” လို့ အိုဇေးလ်က လူမှုကွန်ရက်က အမေးအဖြေကဏ္ဍမှာ ပြောဆိုထားပါတယ်။

“ကျွန်တော်အခု အတက်အကျတွေ ကြုံခဲ့ပေမယ့် အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဆုံးဖြတ်ချက်ကို လုံး၀ နောင်တရနေမှာ မဟုတ်ပါဘူး။ အရိုးသားဆုံး ပြောရရင် ကိုဗစ်မဖြစ်ခင် ပွဲတော်တော်များများက ကျွန်တော့် အတွက် ပျော်စရာကောင်းခဲ့ပါတယ်”ဆိုပြီး ပြောပါသေးတယ်။ အိုဇေးလ်ဟာ ၂၀၁၃ မှာ ရီးရဲလ်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့ပြီး ၂၅၄ ပွဲမှာ ၄၄ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အိုေဇးလ္တစ္ေယာက္ အသင္းကေန ထြက္ခြာရဖို႔ နီးစပ္ေနေပမယ့္ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို သူ႔အေနနဲ႔ ဘယ္ေတာ့မွ ေနာင္တရမွာ မဟုတ္ဘူးလို႔ ေျပာဆိုလာခဲ့ပါတယ္။ အိုေဇးလ္ဟာ အာဆင္နယ္မွာ အနိမ့္အျမင့္၊ အတက္အက်ေတြ မ်ားစြာႀကဳံ ေတြ႕ခဲ့ ေပမယ့္ သူ႔ရဲ႕ဆုံးျဖတ္ခ်က္က မွန္ကန္တယ္လို႔ ယုံၾကည္ေနတာပါ။ အိုေဇးလ္ဟာ ၂၀၁၃ခုႏွစ္က အာဆင္နယ္ကို ေပါင္ ၄၂.၅သန္းနဲ႔ ေရာက္လာခဲ့တာ ျဖစ္ပါတယ္။အဲဒီေနာက္အသင္းမွာ ေအာင္ျမင္မႈေတြ ရလာခဲ့ၿပီး အက္ဖ္ေအဖလား ၃ႀကိမ္၊ ကြန္ျမဴနတီဒိုင္း၁ႀကိမ္တို႔ကို ဆြတ္ခူးခဲ့သလို ၂၀၁၅-၁၆ရာသီက အသင္းရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးဆုကို ဆြတ္ခူးခဲ့ပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ ႏွစ္ကစၿပီး အိုေဇးလ္တစ္ေယာက္ အာဆင္နယ္မွာ ေနရာေပ်ာက္ဆုံးလာခဲ့ၿပီး နည္းျပ အာတီတာရဲ႕ ခ်န္လွပ္ျခင္း ခံထားရပါတယ္။အသက္ ၃၂ ႏွစ္အ႐ြယ္ ကြင္းလယ္ဖန္တီးရွင္ဟာ မတ္လ ၇ ရက္ေန႔ေနာက္ပိုင္းကစၿပီး အာဆင္နယ္အတြက္ ကစားေပးရျခင္းမရွိေတာ့ပါဘူး။

ေႏြရာသီမွာ အိုေဇးလ္ရဲ႕ စာခ်ဳပ္သက္တမ္းက ကုန္ဆုံးေတာ့မွာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ တူရကီကလပ္ဖီနာဘာခ်ီကို ေျပာင္းေ႐ႊ႕ဖို႔ ေရပန္းစားေနၿပီး ကစားသမားကိုယ္တိုင္ကလည္း တူရကီ ဒါမွဟုတ္ ေမဂ်ာလိဂ္ကို ေျပာင္းေ႐ႊ႕ခ်င္တယ္လို႔ ဝန္ခံထားပါတယ္။

“ဂ်ာမနီမွာ ကေလးဘဝကတည္းက ဖီနာဘာခ်ီပရိသတ္အျဖစ္နဲ႔ ကြၽန္ေတာ္ႀကီးျပင္းခဲ့တာပါ၊ ဂ်ာမနီ-တူရကီက အသင္းတစ္သင္းကို အားေပးရင္း ႀကီးျပင္းလာခဲ့တာပါ။ ကြၽန္ေတာ့္စိတ္ထဲမွာဖီနာဘာခ်ီက ႀကီးစိုးေနခဲ့ပါတယ္။ အဲဒီအသင္းက စပိန္ရဲ႕ ရီးရဲလ္မက္ဒရစ္လိုပါပဲ” လို႔ အိုေဇးလ္က လူမႈကြန္ရက္က အေမးအေျဖက႑မွာ ေျပာဆိုထားပါတယ္။ “ကြၽန္ေတာ္အခု အတက္အက်ေတြ ႀကဳံခဲ့ေပမယ့္ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို လုံး၀ ေနာင္တရေနမွာ မဟုတ္ပါဘူး။ အ႐ိုးသားဆုံး ေျပာရရင္ ကိုဗစ္မျဖစ္ခင္ ပြဲေတာ္ေတာ္မ်ားမ်ားက ကြၽန္ေတာ့္ အတြက္ ေပ်ာ္စရာေကာင္းခဲ့ပါတယ္”ဆိုၿပီး ေျပာပါေသးတယ္။ အိုေဇးလ္ဟာ ၂၀၁၃ မွာ ရီးရဲလ္ကေန အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး ၂၅၄ ပြဲမွာ ၄၄ ဂိုးအထိသြင္းယူေပးထားႏိုင္ခဲ့ပါတယ္။