အာဆင်နယ်မှာ ရုန်းကန်နေရတဲ့အပေါ် ဖြေရှင်းချက်ပေးလိုက်တဲ့ ဝီလီယံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွေ့အတွင်း အလွတ်ပြောင်းရွေ့ကြေးနဲ့ အာဆင်နယ်အသင်းထံ ရောက်ရှိလာတဲ့ ဝီလီယံက အမ်းမရိတ်မှာ ဘာလို့ ရုန်းကန်နေရသလဲဆိုတာ ဖြေရှင်းသွားခဲ့ပါတယ်။ ဘရာဇီး လက်ရွေးစင်ဟာ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအသင်းနဲ့ ( ၇ ) နှစ်ကြာ ကျင်လည်ခဲ့ပြီးနောက် မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းထံ ပြောင်းရွေ့ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အခြေအနေတွေက မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပဲ ပြိုင်ပွဲစုံ ( ၁၈ ) ပွဲ ကစားထားရာမှာ သွင်းဂိုးရယူနိုင်ခဲ့ခြင်း မရှိပဲ ဂိုးဖန်တီးမှု ( ၃ ) ကြိမ်သာ ပြုလုပ်နိုင်ခဲ့တဲ့အတွက် ဝီလီယံရဲ့ ခြေစွမ်းအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိကြပါတယ်။ အသက် ( ၃၂ ) နှစ်အရွယ် အတွေ့အကြုံရင့် ကစားသမားက သူ့အနေနဲ့ ချဲလ်ဆီးမှာ ကာလရှည် ကစားခဲ့တဲ့အတွက် အသင်းသစ်ရဲ့ ကစားကွက်နဲ့ အံဝင်ဖို့ ရုန်းကန်နေရတာလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ဝီလီယံက ” အသင်းသစ်ကို ပြောင်းကစားတာက မလွယ်ကူပါဘူး။ အထူးသဖြင့် အသင်းတစ်သင်းတည်းမှာ ကာလရှည်ကစားပြီးမှ ပြောင်းရွေ့တာက ပိုလို့ ခက်ခဲပါတယ်။ ကျွန်တော် အာဆင်နယ်မလာခင် ချဲလ်ဆီးမှာ ( ၇ ) နှစ်တာ ကစားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အသင်းသစ် ၊ ကစားသမားအသစ် ၊ ဒဿနအသစ်တွေနဲ့ ကစားနေရတာ ဖြစ်ပါတယ်။ အရာရာမတူညီပေမယ့် အံဝင်ဖို့ ကြိုးစားနေပြီး အခြေအနေကောင်းတယ်လို့ ခံစားရပါတယ်။ ကျွန်တော် အများကြီးသင်ယူနေပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

” ဒီက ကစားသမားအားလုံး ကောင်းကြပါတယ်။ ကျွန်တော်အနေနဲ့ ကွင်းတွင်းစွမ်းဆောင်ရည်ကို ယခုထက် အများကြီးတိုးတက်အောင် ကစားနိုင်တယ်လို့ ယုံကြည်ပါတယ်။” ဝီလီယံရဲ့ ဂိုးဖန်တီးပေးမှု ( ၃ )ခု အနက် ( ၂ ) ခုကို ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဖူလ်ဟမ်အသင်းနဲ့ ပွဲစဉ်မှာ စွမ်းဆောင်ပေးခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းအတွက် ဂိုးပေါက်ရှေ့ စွမ်းဆောင်ရည် တိုးတက်အောင် ကူညီပေးမယ့်သူအဖြစ် မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။ Source : Daily Mail

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေ႐ြ႕အတြင္း အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႔ အာဆင္နယ္အသင္းထံ ေရာက္ရွိလာတဲ့ ဝီလီယံက အမ္းမရိတ္မွာ ဘာလို႔ ႐ုန္းကန္ေနရသလဲဆိုတာ ေျဖရွင္းသြားခဲ့ပါတယ္။ ဘရာဇီး လက္ေ႐ြးစင္ဟာ ပရီးမီးယားလိဂ္မွာ ခ်ဲလ္ဆီးအသင္းနဲ႔ ( ၇ ) ႏွစ္ၾကာ က်င္လည္ခဲ့ၿပီးေနာက္ ၿမိဳ႕ခံၿပိဳင္ဘက္ အာဆင္နယ္အသင္းထံ ေျပာင္းေ႐ြ႕ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ အေျခအေနေတြက ေမွ်ာ္လင့္ထားသလို ျဖစ္မလာခဲ့ပဲ ၿပိဳင္ပြဲစုံ ( ၁၈ ) ပြဲ ကစားထားရာမွာ သြင္းဂိုးရယူႏိုင္ခဲ့ျခင္း မရွိပဲ ဂိုးဖန္တီးမႈ ( ၃ ) ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့တဲ့အတြက္ ဝီလီယံရဲ႕ ေျခစြမ္းအေပၚ ျပင္းျပင္းထန္ထန္ ေဝဖန္လ်က္ရွိၾကပါတယ္။ အသက္ ( ၃၂ ) ႏွစ္အ႐ြယ္ အေတြ႕အႀကဳံရင့္ ကစားသမားက သူ႔အေနနဲ႔ ခ်ဲလ္ဆီးမွာ ကာလရွည္ ကစားခဲ့တဲ့အတြက္ အသင္းသစ္ရဲ႕ ကစားကြက္နဲ႔ အံဝင္ဖို႔ ႐ုန္းကန္ေနရတာလို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

ဝီလီယံက ” အသင္းသစ္ကို ေျပာင္းကစားတာက မလြယ္ကူပါဘူး။ အထူးသျဖင့္ အသင္းတစ္သင္းတည္းမွာ ကာလရွည္ကစားၿပီးမွ ေျပာင္းေ႐ြ႕တာက ပိုလို႔ ခက္ခဲပါတယ္။ ကြၽန္ေတာ္ အာဆင္နယ္မလာခင္ ခ်ဲလ္ဆီးမွာ ( ၇ ) ႏွစ္တာ ကစားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာ အသင္းသစ္ ၊ ကစားသမားအသစ္ ၊ ဒႆနအသစ္ေတြနဲ႔ ကစားေနရတာ ျဖစ္ပါတယ္။ အရာရာမတူညီေပမယ့္ အံဝင္ဖို႔ ႀကိဳးစားေနၿပီး အေျခအေနေကာင္းတယ္လို႔ ခံစားရပါတယ္။ ကြၽန္ေတာ္ အမ်ားႀကီးသင္ယူေနပါတယ္။ ” လို႔ ေျပာၾကားခဲ့ပါတယ္။ ” ဒီက ကစားသမားအားလုံး ေကာင္းၾကပါတယ္။ ကြၽန္ေတာ္အေနနဲ႔ ကြင္းတြင္းစြမ္းေဆာင္ရည္ကို ယခုထက္ အမ်ားႀကီးတိုးတက္ေအာင္ ကစားႏိုင္တယ္လို႔ ယုံၾကည္ပါတယ္။” ဝီလီယံရဲ႕ ဂိုးဖန္တီးေပးမႈ ( ၃ )ခု အနက္ ( ၂ ) ခုကို ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ျဖစ္တဲ့ ဖူလ္ဟမ္အသင္းနဲ႔ ပြဲစဥ္မွာ စြမ္းေဆာင္ေပးခဲ့တာျဖစ္ၿပီး အာဆင္နယ္အသင္းအတြက္ ဂိုးေပါက္ေရွ႕ စြမ္းေဆာင္ရည္ တိုးတက္ေအာင္ ကူညီေပးမယ့္သူအျဖစ္ ေမွ်ာ္လင့္ခဲ့ၾကတာ ျဖစ္ပါတယ္။ Source : Daily Mail