ဥရောပသားတွေရဲ့ ကံမကောင်းစေတတ်တဲ့ နံပါတ်(၁၃)ဟာ အာတီတာအတွက် ကံမကောင်းစေတဲ့နံပါတ်တစ်ခုဖြစ်သွားစေမှာလား…?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဥရောပသားတွေရဲ့ ကံမကောင်းစေတတ်တဲ့ နံပါတ်(၁၃)… ဆောက်သမ်တန်နဲ့ ကစားမယ့် ဒီညပွဲဟာ ပရီမီးယားလိဂ်ပွဲစဉ်တွေရဲ့ (၁၃)ခုမြောက်ပွဲ ဖြစ်ပါတယ်။ ဒါဟာ လူတိုင်းအတွက်ထူးခြားတဲ့ နံပါတ်တစ်ခုဖြစ်ခြင်မှဖြစ်နိုင်ပေမယ့် ဆောက်သမ်တန်နဲ့ ကစားမယ့် ဒီညမှာသာ အာဆင်နယ်ရှုံးနိမ့်ခဲ့မယ်ဆိုရင် ဒီပွဲမှာ အာတီတာအတွက် ကံမကောင်းစေတဲ့နံပါတ်တစ်ခုဖြစ်သွားစေမှာဖြစ်ပြီးသူ့အတွက် နောက်ဆုံးပွဲတစ်ပွဲဖြစ်သွားမယ့်သဘောရှိနေပါပြီ။ ရလဒ်ပိုင်းတွေဆိုးရွားနေခဲ့သလို ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာလည်းရန်လိုစိတ်တွေများနေတဲ့ ဇာခါတို့လို ကစားသမားတွေရှိနေတာကြောင့်ပရိသတ်တွေက အာဆင်နယ်ရဲ့ ဒီနှစ်ရာသီကို စိတ်အတော်ပျက်နေကြပါပြီ။ အာတီတာဟာလည်း အာဆင်နယ်ရဲ့ စီနီယာကစားသမားတွေနဲ့ အဆင်မပြေဖြစ်နေခဲ့ပြီးနောက် အဝတ်လဲခန်းမှာ စီနီယာ ကစားသမားတွေရဲ့ ထောက်ခံမှု ကျဆင်းလာတာဟာ အသင်းသားတွေ အားလုံး အပေါ် ရိုက်ခတ်မှု ကြီးမားလာခဲ့ပြီး ရလဒ်တွေကိုပါ ထိခိုက်မှု ရှိလာနေတာ ဖြစ်ပါတယ်။

အိုဇေးလ် နဲ့ ဆိုကရက်တစ် တို့ နှစ်ဦးကို အသင်း လူစာရင်းကနေ ချန်လှပ် ခဲ့တာဟာလည်း အသင်းအတွင်း မတည်မငြိမ် ဖြစ်စေတဲ့ အကြောင်းအရင်း တွေထဲက တစ်ခုဖြစ်နေပါတယ်။ ခရွန်ကီ မိသားစုရဲ့ထောက်ခံအားပေမှုရနေပေမယ့် ပရိသတ်တွေကတော့ အာတီတာ ရဲ့ အစီအစဉ်တွေကို သဘောမကျ ဖြစ်လာနေပါတယ်။ ဒါကြောင့် နိုင်ပွဲတွေသာအမြန် မရလာတော့ရင် ပရီမီးယားလိဂ်မှာ နည်းပြရာထူးကနေ အရင်ဆုံးထုတ်ပယ်ခံရမယ့်သူဟာ အာတီတာဖြစ်သွားပါလိမ့်မယ်။

 

အာတီတာအတွက် အာဆင်နယ်ပရိသတ်တွေအနေနဲ့ သီးခံနိုင်စွမ်းကုန်ဆုံးသွားခဲ့တဲ့ပွဲစဉ်ဟာ ဘန်လေနဲ့ပွဲစဉ်ပါပဲ။ ဘန်လေလို အသင်းမျိုးကို ရှုံးနိမ့်ခဲ့တဲ့ အပေါ်မှာလည်း အာဆင်နယ်ပရိသတ်တွေက အကြီးအကျယ်ကို ပေါက်ကွဲခဲ့ကြတာ ဟာလည်း ဆိုရှယ်မီဒီယာတွေမှာတွေ့မြင်ကြရမှာပါ။

အာဆင်နယ်အသင်းဟာ ဘန်လေကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံး အိမ်ကွင်းစံချိန် တင်သွားခဲ့ပြီး အဆိုပါ အခြေအနေအပေါ် ပရိသတ်တွေက ပေါက်ကွဲနေကြပါတယ်။ ဂန်နားတွေဟာ အဆိုပါ ပွဲစဉ်အတွင်း အဘက်အဘက်က အသာစီးရခဲ့ပေမဲ့ ရှာကာ အနီကတ်ထိခဲ့ပြီးနောက်ပိုင်း ခြေစွမ်းကျဆင်းသွားကာ အူဘာမီယန်ရဲ့ OGဂိုးကြောင့် ရှုံးနိမ့်ခဲ့ပါတယ်။


အဆိုပါ ပွဲစဉ်အပြီးမှာတော့ ပရိသတ်တွေက နည်းပြ အာတီတာကို ထုတ်ပယ်ပေးဖို့ တောင်းဆိုတာ၊ အာဆင်နယ် ကစားသမားတွေရဲ့ အားထုတ်ပုံကိုလည်း ဒေါသတကြီး ဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်။

အချို့ ပရိသတ်တွေက ယခုနှစ် ရာသီအစဟာ နှစ်၅၀အတွင်း အဆိုးဆုံးပဲလို့ ပြောခဲ့ကြပြီး အချို့ဆို နည်းပြကြီး အာစင်ဝင်းဂါး ပြန်ပေးဖို့တောင် တောင်းဆိုခဲ့ကြပါတယ်။

အာတီတာကတော့ “စွမ်းဆောင်ရည် ကျနေတယ်ဆိုတာ မှန်ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်တုန်းက ဖြစ်ခဲ့တာတွေ ဖြစ်တာကြောင့် ဘာမှ လုပ်မရသေးပါဘူး။ အိမ်ကွင်းပွဲတွေကို အနိုင်ရဖို့ လိုတာ သိပါတယ်။ ဒီလို ရလဒ်တွေကိုလည်း ချက်ချင်း ပြောင်းလဲမှု ပြုလုပ်ဖို့ လိုနေပါပြီ။ ဒါကြောင့် ဒီရာသီ မျှော်လင့်ချက်တွေကို ပြန်ရှင်သန်နိုင်အောင် အိမ်ကွင်းပွဲတွေကို အနိုင်ရဖို့ လိုပါတယ်”လို့ ပြောခဲ့ပါတယ်။


ဂျော့ချ်ဝက်တ်လို့အမည်ရတဲ့ အာဆင်နယ် ပရိသတ်တစ်ဦးကတော့ စိတ်ပျက်ပေါက်ကွဲနေမှုကို လူမှုကွန်ရက်ပေါ် တင်ခဲ့ရာမှာ လူတွေကြား ပျံ့နှံသွားခဲ့ပါတယ်။

ဂျော့ချ်ဝက်တ်က “တော်လောက်ပြီ။ ဘန်လေကို အိမ်ကွင်းမှာ ၁-ဝနဲ့ ရှုံးတယ်။ ငါကတော့ တော်တော် စိတ်ကုန်နေပြီ။ ငါ မင်းဘက်ကနေ ကာကွယ်ပေးခဲ့တယ် အာတီတာရေ။ ဒါပေမဲ့ မင်း သွားလိုက်တော့။ အဲ့မှာ တံခါးရှိတယ်”

“ရိုးရိုးသားသား ပြောရရင် ရှာကာလည်း လစ်တော့။ ငါ စိတ်ကုန်နေပြီ။ ၁-ဝနဲ့ ရှုံးနေတာကို နောက်ပြန်ပေးနေကြတယ်။ အူဘာမီယန်။ မင်း စာချုပ်သစ်အတွက် ဝန်ထမ်း ၅၅ယောက် ဖြုတ်ခဲ့ရတယ်။ အဲ့ဒါကို မင်းဘယ်လိုပေးဆပ်လဲ။ ဘာမှ လုပ်မပြနိုင်ဘူး။ ဒါပေမဲ့ မင်းကိုပဲ အပြစ်တင်နေတာ မဟုတ်ဘူး။ အာတီတာလည်း သွားလိုက်တော့”

“ငါမင်းကို ထောက်ခံခဲ့တယ်။ အရင်ကတည်းကပဲ။ အခုတော့ တော်ပြီး။ တန်းဆင်းဇုန်နဲ့ ၅မှတ်ပဲ ကွာတယ်။ ဘန်လေလို အသင်းကို ရှုံးတယ်။ တော်လောက်ပြီ။ ငါ တော်တော် စိတ်ပျက်နေပြီ။ ဘာမှထပ်မပြောချင်တော့ဘူး”လို့ ဗီဒီရိုက်ပြီး တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေအထိ အာဆင်နယ်ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုကြုံနေရတဲ့အချိန်မှာ ဆောက်သမ်တန်၊ အဲဗာတန်၊ မန်စီးတီး ချဲလ်ဆီးတို့လို အသင်းတွေနဲ့ တွေ့ဆုံရတာကတော့ အာတီတာအတွက် အာဆင်နယ်နဲ့နှုတ်ဆက်ရမယ့်အချိန်ရောက်ပြီလို့….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဥေရာပသားေတြရဲ႕ ကံမေကာင္းေစတတ္တဲ့ နံပါတ္(၁၃)ဟာ အာတီတာအတြက္ ကံမေကာင္းေစတဲ့နံပါတ္တစ္ခုျဖစ္သြားေစမွာလား…?

ဥေရာပသားေတြရဲ႕ ကံမေကာင္းေစတတ္တဲ့ နံပါတ္(၁၃)…ေဆာက္သမ္တန္နဲ႔ ကစားမယ့္ ဒီညပြဲဟာ ပရီမီးယားလိဂ္ပြဲစဥ္ေတြရဲ႕ (၁၃)ခုေျမာက္ပြဲ ျဖစ္ပါတယ္။ ဒါဟာ လူတိုင္းအတြက္ထူးျခားတဲ့ နံပါတ္တစ္ခုျဖစ္ျခင္မွျဖစ္ႏိုင္ေပမယ့္ ေဆာက္သမ္တန္နဲ႔ ကစားမယ့္ ဒီညမွာသာ အာဆင္နယ္ရႈံးနိမ့္ခဲ့မယ္ဆိုရင္ ဒီပြဲမွာ အာတီတာအတြက္ ကံမေကာင္းေစတဲ့နံပါတ္တစ္ခုျဖစ္သြားေစမွာျဖစ္ၿပီးသူ႕အတြက္ ေနာက္ဆုံးပြဲတစ္ပြဲျဖစ္သြားမယ့္သေဘာရွိေနပါၿပီ။ ရလဒ္ပိုင္းေတြဆိုး႐ြားေနခဲ့သလို ကစားသမားေတြရဲ႕ စိတ္ပိုင္းဆိုင္ရာမွာလည္းရန္လိုစိတ္ေတြမ်ားေနတဲ့ ဇာခါတို႔လို ကစားသမားေတြရွိေနတာေၾကာင့္ပရိသတ္ေတြက အာဆင္နယ္ရဲ႕ ဒီႏွစ္ရာသီကို စိတ္အေတာ္ပ်က္ေနၾကပါၿပီ။ အာတီတာဟာလည္း အာဆင္နယ္ရဲ႕ စီနီယာကစားသမားေတြနဲ႔ အဆင္မေျပျဖစ္ေနခဲ့ၿပီးေနာက္ အဝတ္လဲခန္းမွာ စီနီယာ ကစားသမားေတြရဲ႕ ေထာက္ခံမႈ က်ဆင္းလာတာဟာ အသင္းသားေတြ အားလုံး အေပၚ ႐ိုက္ခတ္မႈ ႀကီးမားလာခဲ့ၿပီး ရလဒ္ေတြကိုပါ ထိခိုက္မႈ ရွိလာေနတာ ျဖစ္ပါတယ္။ အိုေဇးလ္ နဲ႔ ဆိုကရက္တစ္ တို႔ ႏွစ္ဦးကို အသင္း လူစာရင္းကေန ခ်န္လွပ္ ခဲ့တာဟာလည္း အသင္းအတြင္း မတည္မၿငိမ္ ျဖစ္ေစတဲ့ အေၾကာင္းအရင္း ေတြထဲက တစ္ခုျဖစ္ေနပါတယ္။ ခ႐ြန္ကီ မိသားစုရဲ႕ေထာက္ခံအားေပမႈရေနေပမယ့္ ပရိသတ္ေတြကေတာ့ အာတီတာ ရဲ႕ အစီအစဥ္ေတြကို သေဘာမက် ျဖစ္လာေနပါတယ္။ ဒါေၾကာင့္ ႏိုင္ပြဲေတြသာအျမန္ မရလာေတာ့ရင္ ပရီမီးယားလိဂ္မွာ နည္းျပရာထူးကေန အရင္ဆံုးထုတ္ပယ္ခံရမယ့္သူဟာ အာတီတာျဖစ္သြားပါလိမ့္မယ္။ အာတီတာအတြက္ အာဆင္နယ္ပရိသတ္ေတြအေနနဲ႕ သီးခံႏိုင္စြမ္းကုန္ဆံုးသြားခဲ့တဲ့ပြဲစဥ္ဟာ ဘန္ေလနဲ႕ပြဲစဥ္ပါပဲ။ ဘန္ေလလို အသင္းမ်ိဳးကို ရႈံးနိမ့္ခဲ့တဲ့ အေပၚမွာလည္း အာဆင္နယ္ပရိသတ္ေတြက အၾကီးအက်ယ္ကို ေပါက္ကြဲခဲ့ၾကတာ ဟာလည္း ဆိုရွယ္မီဒီယာေတြမွာေတြ႕ျမင္ၾကရမွာပါ။

အာဆင္နယ္အသင္းဟာ ဘန္ေလကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း အဆိုး႐ြားဆုံး အိမ္ကြင္းစံခ်ိန္ တင္သြားခဲ့ၿပီး အဆိုပါ အေျခအေနအေပၚ ပရိသတ္ေတြက ေပါက္ကြဲေနၾကပါတယ္။
ဂန္နားေတြဟာ အဆိုပါ ပြဲစဥ္အတြင္း အဘက္အဘက္က အသာစီးရခဲ့ေပမဲ့ ရွာကာ အနီကတ္ထိခဲ့ၿပီးေနာက္ပိုင္း ေျခစြမ္းက်ဆင္းသြားကာ အူဘာမီယန္ရဲ႕ OGဂိုးေၾကာင့္ ရႈံးနိမ့္ခဲ့ပါတယ္။

အဆိုပါ ပြဲစဥ္အၿပီးမွာေတာ့ ပရိသတ္ေတြက နည္းျပ အာတီတာကို ထုတ္ပယ္ေပးဖို႔ ေတာင္းဆိုတာ၊ အာဆင္နယ္ ကစားသမားေတြရဲ႕ အားထုတ္ပုံကိုလည္း ေဒါသတႀကီး ေဝဖန္သူေတြလည္း ရွိခဲ့ပါတယ္။ အခ်ိဳ႕ ပရိသတ္ေတြက ယခုႏွစ္ ရာသီအစဟာ ႏွစ္၅၀အတြင္း အဆိုးဆုံးပဲလို႔ ေျပာခဲ့ၾကၿပီး အခ်ိဳ႕ဆို နည္းျပႀကီး အာစင္ဝင္းဂါး ျပန္ေပးဖို႔ေတာင္ ေတာင္းဆိုခဲ့ၾကပါတယ္။

အာတီတာကေတာ့ “စြမ္းေဆာင္ရည္ က်ေနတယ္ဆိုတာ မွန္ပါတယ္။ လြန္ခဲ့တဲ့ ရက္သတၱပတ္တုန္းက ျဖစ္ခဲ့တာေတြ ျဖစ္တာေၾကာင့္ ဘာမွ လုပ္မရေသးပါဘူး။ အိမ္ကြင္းပြဲေတြကို အႏိုင္ရဖို႔ လိုတာ သိပါတယ္။ ဒီလို ရလဒ္ေတြကိုလည္း ခ်က္ခ်င္း ေျပာင္းလဲမႈ ျပဳလုပ္ဖို႔ လိုေနပါၿပီ။ ဒါေၾကာင့္ ဒီရာသီ ေမွ်ာ္လင့္ခ်က္ေတြကို ျပန္ရွင္သန္ႏိုင္ေအာင္ အိမ္ကြင္းပြဲေတြကို အႏိုင္ရဖို႔ လိုပါတယ္”လို႔ ေျပာခဲ့ပါတယ္။
ေဂ်ာ့ခ်္ဝက္တ္လို႔အမည္ရတဲ့ အာဆင္နယ္ ပရိသတ္တစ္ဦးကေတာ့ စိတ္ပ်က္ေပါက္ကြဲေနမႈကို လူမႈကြန္ရက္ေပၚ တင္ခဲ့ရာမွာ လူေတြၾကား ပ်ံ႕ႏွံသြားခဲ့ပါတယ္။

ေဂ်ာ့ခ်္ဝက္တ္က “ေတာ္ေလာက္ၿပီ။ ဘန္ေလကို အိမ္ကြင္းမွာ ၁-ဝနဲ႔ ရႈံးတယ္။ ငါကေတာ့ ေတာ္ေတာ္ စိတ္ကုန္ေနၿပီ။ ငါ မင္းဘက္ကေန ကာကြယ္ေပးခဲ့တယ္ အာတီတာေရ။ ဒါေပမဲ့ မင္း သြားလိုက္ေတာ့။ အဲ့မွာ တံခါးရွိတယ္”

“႐ိုး႐ိုးသားသား ေျပာရရင္ ရွာကာလည္း လစ္ေတာ့။ ငါ စိတ္ကုန္ေနၿပီ။ ၁-ဝနဲ႔ ရႈံးေနတာကို ေနာက္ျပန္ေပးေနၾကတယ္။ အူဘာမီယန္။ မင္း စာခ်ဳပ္သစ္အတြက္ ဝန္ထမ္း ၅၅ေယာက္ ျဖဳတ္ခဲ့ရတယ္။ အဲ့ဒါကို မင္းဘယ္လိုေပးဆပ္လဲ။ ဘာမွ လုပ္မျပႏိုင္ဘူး။ ဒါေပမဲ့ မင္းကိုပဲ အျပစ္တင္ေနတာ မဟုတ္ဘူး။ အာတီတာလည္း သြားလိုက္ေတာ့”

“ငါမင္းကို ေထာက္ခံခဲ့တယ္။ အရင္ကတည္းကပဲ။ အခုေတာ့ ေတာ္ၿပီး။ တန္းဆင္းဇုန္နဲ႔ ၅မွတ္ပဲ ကြာတယ္။ ဘန္ေလလို အသင္းကို ရႈံးတယ္။ ေတာ္ေလာက္ၿပီ။ ငါ ေတာ္ေတာ္ စိတ္ပ်က္ေနၿပီ။ ဘာမွထပ္မေျပာခ်င္ေတာ့ဘူး”လို႔ ဗီဒီ႐ိုက္ၿပီး တင္ခဲ့တာ ျဖစ္ပါတယ္။

ဒီလိုအေျခအေနေတြအထိ အာဆင္နယ္ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြကိုၾကံဳေနရတဲ့အခ်ိန္မွာ ေဆာက္သမ္တန္၊ အဲဗာတန္၊ မန္စီးတီး ခ်ဲလ္ဆီးတို႕လို အသင္းေတြနဲ႕ ေတြ႕ဆံုရတာကေတာ့ အာတီတာအတြက္ အာဆင္နယ္နဲ႕ႏႈတ္ဆက္ရမယ့္အခ်ိန္ေရာက္ၿပီလို႕….