အာဆင်နယ်ရဲ့ တီယာနေးကို ခေါ်ယူဖို့ နာပီုလီအသင်း စိတ်ဝင်စားနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းရဲ့ ဘယ်နောက်ခံ ကစားသမား ကီရင် တီယာနေးကို ခေါ်ယူဖို့ စီးရီးအေ ကလပ် နာပိုလီအသင်းမှ စိတ်ဝင်စားနေကြောင်း The Telegraph သတင်းစာအရ သိရပါတယ်။ တီယာနေးဟာ ဒီရာသီ မီခဲလ် အာတီတာ လက်အောက်မှာ ခြေစွမ်းပြသလျက်ရှိပါတယ်။

အသက် ( ၂၃ ) နှစ်အရွယ် ကစားသမားဟာ ယခင်က ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရပေမယ့် လက်ရှိမှာတော့ မြောက်လန်ဒန်အသင်းရဲ့ တောက်ပလာမယ့် ကြယ်ပွင့်ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။

The Telegraph ရဲ့ အဆိုအရ အီတလီကလပ်အသင်းဟာ ပေါင် ( ၂၅ ) သန်းနဲ့ ဂန်းနားတွေ ခေါ်ယူခြင်းမပြုခင် ကတည်းက တီယာနေးကို စိတ်ဝင်စားနေခဲ့တာလို့ သိရပါတယ်။

နာပိုလီအနေနဲ့ လက်ရှိမှာ အာဆင်နယ်ကစားသမားကို ပြန်လည် စောင့်ကြည့်လာပြီး တီယာနေးကို မခေါ်ယူခင် ကစားသမားတစ်ဦးကို အငှားခေါ်ယူမှု အရင်ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

အာတီတာကတော့ တီယာနေးကို ရောင်းချဖို့ စိတ်ဝင်စားခြင်း မရှိပဲ စကော့တလန် လက်ရွေးစင်ဟာ အနာဂတ်မှာ အာဆင်နယ်အသင်း ခေါင်းဆောင် ဖြစ်လာနိုင်တဲ့ အရည်အချင်းတွေ ရှိတယ်လို့ မကြာသေးမီက ဆိုခဲ့ပါတယ်။ Source : The Telegraph

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အာဆင္နယ္အသင္းရဲ႕ ဘယ္ေနာက္ခံ ကစားသမား ကီရင္ တီယာေနးကို ေခၚယူဖို႔ စီးရီးေအ ကလပ္ နာပိုလီအသင္းမွ စိတ္ဝင္စားေနေၾကာင္း The Telegraph သတင္းစာအရ သိရပါတယ္။ တီယာေနးဟာ ဒီရာသီ မီခဲလ္ အာတီတာ လက္ေအာက္မွာ ေျခစြမ္းျပသလ်က္ရွိပါတယ္။ အသက္ ( ၂၃ ) ႏွစ္အ႐ြယ္ ကစားသမားဟာ ယခင္က ဒဏ္ရာ ျပႆနာေတြနဲ႔ ႐ုန္းကန္ေနရေပမယ့္ လက္ရွိမွာေတာ့ ေျမာက္လန္ဒန္အသင္းရဲ႕ ေတာက္ပလာမယ့္ ၾကယ္ပြင့္ကစားသမား တစ္ဦးအျဖစ္ သတ္မွတ္ျခင္း ခံထားရပါတယ္။

The Telegraph ရဲ႕ အဆိုအရ အီတလီကလပ္အသင္းဟာ ေပါင္ ( ၂၅ ) သန္းနဲ႔ ဂန္းနားေတြ ေခၚယူျခင္းမျပဳခင္ ကတည္းက တီယာေနးကို စိတ္ဝင္စားေနခဲ့တာလို႔ သိရပါတယ္။ နာပိုလီအေနနဲ႔ လက္ရွိမွာ အာဆင္နယ္ကစားသမားကို ျပန္လည္ ေစာင့္ၾကည့္လာၿပီး တီယာေနးကို မေခၚယူခင္ ကစားသမားတစ္ဦးကို အငွားေခၚယူမႈ အရင္ျပဳလုပ္ႏိုင္တယ္လို႔ သိရပါတယ္။

အာတီတာကေတာ့ တီယာေနးကို ေရာင္းခ်ဖို႔ စိတ္ဝင္စားျခင္း မရွိပဲ စေကာ့တလန္ လက္ေ႐ြးစင္ဟာ အနာဂတ္မွာ အာဆင္နယ္အသင္း ေခါင္းေဆာင္ ျဖစ္လာႏိုင္တဲ့ အရည္အခ်င္းေတြ ရွိတယ္လို႔ မၾကာေသးမီက ဆိုခဲ့ပါတယ္။ Source : The Telegraph