အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်တွင် အနီကတ် ၁၀၀ ပထမဆုံးပြည့်တဲ့ကလပ်ဖြစ်လာ

အာဆင်နယ်ဟာပရီးမီးယားလိဂ်တွင်အနီကတ်ရာပြည့်တဲ့ပထမဆုံးကလပ်ဖြစ်လာခဲ့ပြီး

အာတီတာလက်ထက်အာဆင်နယ်အသင်းရဲ့ခြောက်ခြားစရာ

စည်းကမ်းချိုးဖောက်မှုကိုလည်းမြင်တွေ့လာရပါတယ်။

အာဆင်နယ်ဟာမနေ့ညတုန်းကမန်စီးတီးအား၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲရဲ့

ဒုတိယပိုင်းမှာဂါဘရီရယ်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဂါဘရီရယ်ရဲ့အနီကတ်ဟာ၁၉၉၂ခုနှစ်တွင်ပရီးမီးယားလိဂ်အမည်ဖြင့်

စတင်ကျင်းပပြီးနောက်အာဆင်နယ်ရဲ့တစ်ရာမြောက်အနီကတ်လည်းဖြစ်ပါတယ်။

ယင်းမတိုင်မီအာဆင်နယ်ဟာအဲဗာတန်နှင့်အတူအနီကတ်၉၉ကတ်ဖြင့်

ထိပ်ဆုံးမှာအတူတူရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းတွင်တတိယအနီကတ်အများဆုံးအဖြစ်

နယူးကာဆယ်က၉၀ဖြင့်လည်းကောင်း၊ချဲလ်ဆီးက၈၂ကတ်ဖြင့်

စတုတ္ထနေရာမှာလည်းကောင်း၊ဝက်စ်ဟမ်းက၇၇ကတ်ဖြင့်

ပဉ္စမနေရာမှာလည်းကောင်းရပ်တည်နေပါတယ်။

အာဆင်နယ်ဟာနည်းပြအာတီတာရောက်လာပြီးနောက်အနီကတ်များစွာ

ပြသခံလာရတာကိုလည်းတွေ့ရပါတယ်။၂၀၁၉ခုနှစ်တုန်းက

အာဆင်နယ်ကိုအာတီတာကိုင်တွယ်တုန်းကအနီကတ်၈၆ကတ်သာရှိခဲ့တာပါ။

ထိုစဉ်ကအဲဗာတန်က၉၅ကတ်ဖြင့်ထိပ်ဆုံးမှာရပ်တည်နေတာဖြစ်ပါတယ်။

အာဆင်နယ်ဟာအာတီတာလက်ထက်မှာအနီကတ်၁၁ကတ်အထိ

ပြသခံလာရပြီးပရီးမီးယားလိဂ်မှာစည်းကမ်းချိုးဖောက်မှု

အများဆုံးအသင်းဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။

zawgyi

အာဆင္နယ္ရဲ႕ ပရီးမီးယားလိဂ္တြင္ အနီကတ္ ၁၀၀ ပထမဆုံးျပည့္တဲ့ကလပ္ျဖစ္လာ

အာဆင္နယ္ဟာပရီးမီးယားလိဂ္တြင္အနီကတ္ရာျပည့္တဲ့ပထမဆုံးကလပ္ျဖစ္လာခဲ့ၿပီး

အာတီတာလက္ထက္အာဆင္နယ္အသင္းရဲ႕ေျခာက္ျခားစရာ

စည္းကမ္းခ်ိဳးေဖာက္မႈကိုလည္းျမင္ေတြ႕လာရပါတယ္။

အာဆင္နယ္ဟာမေန႔ညတုန္းကမန္စီးတီးအား၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲရဲ႕

ဒုတိယပိုင္းမွာဂါဘရီရယ္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ဂါဘရီရယ္ရဲ႕အနီကတ္ဟာ၁၉၉၂ခုႏွစ္တြင္ပရီးမီးယားလိဂ္အမည္ျဖင့္

စတင္က်င္းပၿပီးေနာက္အာဆင္နယ္ရဲ႕တစ္ရာေျမာက္အနီကတ္လည္းျဖစ္ပါတယ္။

ယင္းမတိုင္မီအာဆင္နယ္ဟာအဲဗာတန္ႏွင့္အတူအနီကတ္၉၉ကတ္ျဖင့္

ထိပ္ဆုံးမွာအတူတူရပ္တည္ေနခဲ့တာလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္သမိုင္းတြင္တတိယအနီကတ္အမ်ားဆုံးအျဖစ္

နယူးကာဆယ္က၉၀ျဖင့္လည္းေကာင္း၊ခ်ဲလ္ဆီးက၈၂ကတ္ျဖင့္

စတုတၳေနရာမွာလည္းေကာင္း၊ဝက္စ္ဟမ္းက၇၇ကတ္ျဖင့္

ပၪၥမေနရာမွာလည္းေကာင္းရပ္တည္ေနပါတယ္။အာဆင္နယ္ဟာ

နည္းျပအာတီတာေရာက္လာၿပီးေနာက္အနီကတ္မ်ားစြ

ာျပသခံလာရတာကိုလည္းေတြ႕ရပါတယ္။၂၀၁၉ခုႏွစ္တုန္းက

အာဆင္နယ္ကိုအာတီတာကိုင္တြယ္တုန္းကအနီကတ္၈၆ကတ္သာရွိခဲ့တာပါ။

ထိုစဥ္ကအဲဗာတန္က၉၅ကတ္ျဖင့္ထိပ္ဆုံးမွာရပ္တည္ေနတာျဖစ္ပါတယ္။

အာဆင္နယ္ဟာအာတီတာလက္ထက္မွာအနီကတ္၁၁ကတ္အထိ

ျပသခံလာရၿပီးပရီးမီးယားလိဂ္မွာစည္းကမ္းခ်ိဳးေဖာက္မႈ

အမ်ားဆုံးအသင္းျဖစ္လာခဲ့တာလည္းျဖစ္ပါတယ္။