အာဆင်နယ်အတွက်ကစားပေးလာဦးမလား အူဘာမီယန်

မီခေးလ်အာတီတာဟာအူဘာမီယန်ရဲ့အာဆင်နယ်အသင်းအနာဂတ်ကို

အတည်ပြုပြောကြားရန်ငြင်းဆိုလာပါတယ်။

အသက်၃၂နှစ်ရှိအူဘာမီယန်ဟာအစောပိုင်းတုန်းကယခုနှစ်အတွင်း

အသင်းရဲ့စည်းမျဉ်းနှစ်ကြိမ်ချိုးဖောက်မှုကြောင့်အသင်းခေါင်းဆောင်ရာထူးမှ

ဖယ်ရှားခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။သတင်းထောက်ကအူဘာမီယန်မှာ

အာဆင်နယ်အတွက်ကစားပေးလာဦးမလားလို့မေးမြန်းလာမှုကို

အာတီတာက “အချိန်အနည်းငယ်လိုပါတယ်။အနာကောင်းလာဖို့

အချိန်အနည်းငယ်လိုပါတယ်။အခုအချိန်မှာ

သူဟာအသင်းမှာမပါဝင်ပါဘူး”လို့ပြောကြားသွားပါတယ်။

အူဘာမီယန်ဟာအာဆင်နယ်နှင့်၁၈လစာချုပ်သာကျန်တော့သူဖြစ်ပါတယ်။

လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့တွင်အူဘာမီယန်ကိုရောင်းချမလားလို့

မေးမြန်းလာမှုကိုအာတီတာက “အခုအချိန်မှာပြောနိုင်တာကတော့

ကျွန်တော်တို့ဟာခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပြီးဖြစ်ပါတယ်။

အခုအချိန်မှာဒါနဲ့ပတ်သက်ပြီးမပြောချင်ပါဘူး။အခုအချိန်မှာ

သူကအသင်းမှာလည်းမပါဝင်ပါဘူး။အခုပြောနိုင်တာကတော့ခက်ခဲတဲ့

ဆုံးဖြတ်ချက်ကိုချခဲ့ကြပါတယ်။အချိန်အနည်းငယ်ယူရပါမယ်။

ကျွန်တော်တို့နာကျင်နေတာကြောင့်ဒီလိုဆုံးဖြတ်ခဲ့တာပါ။အနာကောင်းလာဖို့

အချိန်လိုတယ်။ပြီးတော့သူမပါဝင်ပါဘူး။ကျွန်တော်ဒီရောက်ကတည်းက

အရမ်းကောင်းမွန်တဲ့ဆက်ဆံရေးရှိလာခဲ့တာပါ။ဒါကြောင့်လည်း

အရမ်းနာကျင်ရပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီးအူဘာမီယန်ဘက်ကဒေါသတကြီး

စောဒကတက်မှုရှိသလားလို့မေးမြန်းမှုကိုအာတီတာက “မရှိပါဘူး။

ကျွန်တော်ကလည်းဒီလိုမျိုးပဲဖြစ်စေချင်တယ်။မျက်နှာချင်းဆိုင်ရှင်းတာမျိုးပေါ့။

အုပ်စုခေါင်းဆောင်မှုဆိုတာပြောင်းလဲနိုင်ပါတယ်။ဆွေးနွေးတဲ့ကိစ္စအပေါ်မူတည်ပြီး

အပြောင်းအလဲရှိနိုင်ပါတယ်။ရင့်ကျက်ပြဖို့လိုတဲ့အချိန်မှာပဲဖြစ်ဖြစ်၊

တစ်ခုခုမှာပါဝင်တဲ့အခါမှာပဲဖြစ်ဖြစ်

သူတို့ကိုပညာပေးဖို့လိုပါတယ်”လို့ပြောကြားခဲ့ပါတယ်။

အူဘာမီယန်ဟာပြီးခဲ့တဲ့အပတ်တုန်းကမကျန်းမမာဖြစ်နေတဲ့မိခင်ဖြစ်သူကို

ပြင်သစ်မှသွားရောက်ခေါ်ယူစဉ်တစ်ရက်နောက်ကျပြီးမှ

ပြန်လည်ရောက်လာခဲ့တာဖြစ်ပါတယ်။ဗြိတိန်ကိုဗစ်စည်းမျဉ်းအရ

နိုင်ငံခြားမှပြန်ရောက်လာသူဟာကွာရန်တင်းဝင်ရပြီးကိုဗစ်စစ်ဆေးမှုခံယူရပါတယ်။

ဒါကြောင့်လည်းအူဘာမီယန်ဟာဆောက်သမ်တန်နှင့်ပွဲတွင်

လူစာရင်းမှာချန်လှပ်ခံခဲ့ရပါတယ်။

ဆက်လက်ပြီးအာတီတာကအူဘာမီယန်ရဲ့အသင်းခေါင်းဆောင်နေရာမှာ

အသင်းခေါင်းဆောင်နေရာမှဖယ်ရှားခံခဲ့ရဖူးတဲ့ဂရာနစ်ဇာခါနှင့်

အစားထိုးနိုင်ကြောင်းပြောကြားသွားပါတယ်။

၎င်းက “ဂရာနစ်ကအသင်းခေါင်းဆောင်တွေထဲကတစ်ဦးပါ။

အုပ်စုရဲ့ခေါင်းဆောင်မှုအစိတ်အပိုင်းတစ်ရပ်လည်းဖြစ်ပါတယ်။

ကျွန်တော်တို့အတွက်အရမ်းကိုအရေးပါတဲ့သူတွေပါ”လို့ပြောကြားသွားပါတယ်။

ဆောက်သမ်တန်အား၃-ဝဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ်

လာကာဇက်တီကတာဝန်ယူခဲ့ပြီးဝက်စ်ဟမ်းနှင့်ပွဲတွင်လည်း

ဆက်လက်တာဝန်ယူသွားပါမယ်။အူဘာမီယန်ဟာဝက်စ်ဟမ်းနှင့်ပွဲစဉ်မှာလည်း

အာဆင်နယ်လူစာရင်းမှာပါဝင်မှာမဟုတ်ပါဘူး။

zawgyi

အာဆင္နယ္အတြက္ကစားေပးလာဦးမလား အူဘာမီယန္

မီေခးလ္အာတီတာဟာအူဘာမီယန္ရဲ႕အာဆင္နယ္အသင္းအနာဂတ္ကို

အတည္ျပဳေျပာၾကားရန္ျငင္းဆိုလာပါတယ္။

အသက္၃၂ႏွစ္ရွိအူဘာမီယန္ဟာအေစာပိုင္းတုန္းကယခုႏွစ္အတြင္း

အသင္းရဲ႕စည္းမ်ဥ္းႏွစ္ႀကိမ္ခ်ိဳးေဖာက္မႈေၾကာင့္အသင္းေခါင္းေဆာင္ရာထူးမွ

ဖယ္ရွားျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။သတင္းေထာက္ကအူဘာမီယန္မွာ

အာဆင္နယ္အတြက္ကစားေပးလာဦးမလားလို႔ေမးျမန္းလာမႈကို

အာတီတာက “အခ်ိန္အနည္းငယ္လိုပါတယ္။အနာေကာင္းလာဖို႔

အခ်ိန္အနည္းငယ္လိုပါတယ္။အခုအခ်ိန္မွာ

သူဟာအသင္းမွာမပါဝင္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

အူဘာမီယန္ဟာအာဆင္နယ္ႏွင့္၁၈လစာခ်ဳပ္သာက်န္ေတာ့သူျဖစ္ပါတယ္။

လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္အူဘာမီယန္ကိုေရာင္းခ်မလားလို႔

ေမးျမန္းလာမႈကိုအာတီတာက “အခုအခ်ိန္မွာေျပာႏိုင္တာကေတာ့

ကြၽန္ေတာ္တို႔ဟာခက္ခဲတဲ့ဆုံးျဖတ္ခ်က္တစ္ခုကိုခ်ခဲ့ၿပီးျဖစ္ပါတယ္။

အခုအခ်ိန္မွာဒါနဲ႔ပတ္သက္ၿပီးမေျပာခ်င္ပါဘူး။အခုအခ်ိန္မွာ

သူကအသင္းမွာလည္းမပါဝင္ပါဘူး။အခုေျပာႏိုင္တာကေတာ့ခက္ခဲတဲ့

ဆုံးျဖတ္ခ်က္ကိုခ်ခဲ့ၾကပါတယ္။အခ်ိန္အနည္းငယ္ယူရပါမယ္။

ကြၽန္ေတာ္တို႔နာက်င္ေနတာေၾကာင့္ဒီလိုဆုံးျဖတ္ခဲ့တာပါ။အနာေကာင္းလာဖို႔

အခ်ိန္လိုတယ္။ၿပီးေတာ့သူမပါဝင္ပါဘူး။ကြၽန္ေတာ္ဒီေရာက္ကတည္းက

အရမ္းေကာင္းမြန္တဲ့ဆက္ဆံေရးရွိလာခဲ့တာပါ။ဒါေၾကာင့္လည္း

အရမ္းနာက်င္ရပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ယခုျဖစ္ရပ္နဲ႔ပတ္သက္ၿပီးအူဘာမီယန္ဘက္ကေဒါသတႀကီး

ေစာဒကတက္မႈရွိသလားလို႔ေမးျမန္းမႈကိုအာတီတာက “မရွိပါဘူး။

ကြၽန္ေတာ္ကလည္းဒီလိုမ်ိဳးပဲျဖစ္ေစခ်င္တယ္။မ်က္ႏွာခ်င္းဆိုင္ရွင္းတာမ်ိဳးေပါ့။

အုပ္စုေခါင္းေဆာင္မႈဆိုတာေျပာင္းလဲႏိုင္ပါတယ္။ေဆြးေႏြးတဲ့ကိစၥအေပၚမူတည္ၿပီး

အေျပာင္းအလဲရွိႏိုင္ပါတယ္။ရင့္က်က္ျပဖို႔လိုတဲ့အခ်ိန္မွာပဲျဖစ္ျဖစ္၊

တစ္ခုခုမွာပါဝင္တဲ့အခါမွာပဲျဖစ္ျဖစ္

သူတို႔ကိုပညာေပးဖို႔လိုပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အူဘာမီယန္ဟာၿပီးခဲ့တဲ့အပတ္တုန္းကမက်န္းမမာျဖစ္ေနတဲ့မိခင္ျဖစ္သူကို

ျပင္သစ္မွသြားေရာက္ေခၚယူစဥ္တစ္ရက္ေနာက္က်ၿပီးမွ

ျပန္လည္ေရာက္လာခဲ့တာျဖစ္ပါတယ္။ၿဗိတိန္ကိုဗစ္စည္းမ်ဥ္းအရ

ႏိုင္ငံျခားမွျပန္ေရာက္လာသူဟာကြာရန္တင္းဝင္ရၿပီးကိုဗစ္စစ္ေဆးမႈခံယူရပါတယ္။

ဒါေၾကာင့္လည္းအူဘာမီယန္ဟာေဆာက္သမ္တန္ႏွင့္ပြဲတြင္

လူစာရင္းမွာခ်န္လွပ္ခံခဲ့ရပါတယ္။

ဆက္လက္ၿပီးအာတီတာကအူဘာမီယန္ရဲ႕အသင္းေခါင္းေဆာင္ေနရာမွာ

အသင္းေခါင္းေဆာင္ေနရာမွဖယ္ရွားခံခဲ့ရဖူးတဲ့ဂရာနစ္ဇာခါႏွင့္

အစားထိုးႏိုင္ေၾကာင္းေျပာၾကားသြားပါတယ္။

၎က “ဂရာနစ္ကအသင္းေခါင္းေဆာင္ေတြထဲကတစ္ဦးပါ။

အုပ္စုရဲ႕ေခါင္းေဆာင္မႈအစိတ္အပိုင္းတစ္ရပ္လည္းျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔အတြက္အရမ္းကိုအေရးပါတဲ့သူေတြပါ”လို႔ေျပာၾကားသြားပါတယ္။

ေဆာက္သမ္တန္အား၃-ဝဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္အာဆင္နယ္အသင္းေခါင္းေဆာင္အျဖစ္

လာကာဇက္တီကတာဝန္ယူခဲ့ၿပီးဝက္စ္ဟမ္းႏွင့္ပြဲတြင္လည္း

ဆက္လက္တာဝန္ယူသြားပါမယ္။အူဘာမီယန္ဟာဝက္စ္ဟမ္းႏွင့္ပြဲစဥ္မွာလည္း

အာဆင္နယ္လူစာရင္းမွာပါဝင္မွာမဟုတ္ပါဘူး။