အာဆင်နယ်အတွက် စာချုပ်သစ်ချုပ်ပြီးကတည်းက အူဘာမီယန် ဘာဖြစ်သွားသလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီး အားထားရတဲ့တိုက်စစ်မှူး အူဘာမီ ယန်ဟာ ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ဖြစ်တယ်ဆိုတာ သံသယရှိစရာမရှိပါ ဘူး။

ဒါပေမဲ့ သူဟာ အသင်းနဲ့ တစ်ပတ်ပေါင် ၃၅၀၀၀၀ တန်ကြေးရှိတဲ့ စာချုပ် သစ်ချုပ်ဆိုပြီးတဲ့နောက်ပိုင်းမှာ အဖြေရှာလို့မရလောက်အောင် ဂိုးပေါက်ပျောက် သွားသလို ကွင်းအတွင်း သူ့ရဲ့စွမ်းဆောင်ရည်တွေကလည်း ကျဆင်းသွားပါ တယ်။

စာချုပ်သစ်မချုပ်မီကာလအထိ အူဘာမီယန်ဟာ ခြေစွမ်းပြခဲ့ပြီး ဒီနှစ် ပရီး မီးယားလိဂ်အဖွင့်ဂိုးဖြစ်တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အာဆင်နယ်နဲ့ စာချုပ်သစ်ချုပ်လိုက်ပြီးနောက်ပိုင်း ပရီးမီးယား လိဂ်မှာ တစ်ပွဲမှဂိုးထပ်မရတော့ဘဲ ပြီးခဲ့တဲ့ယူရိုပါလိဂ်ပွဲစဉ်ဖြစ်တဲ့ ရက်ပစ်ဝိန်းနဲ့ပွဲ ကျမှ ဂိုးပေါက်ပြန်တွေ့ခဲ့ပါတယ်။

တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ဂိုးပေါက်ပျောက်တာမျိုးက ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စဖြစ်ပေမယ့် အခု အူဘာမီယန် ဖြစ်နေတာက သူ့ရဲ့ကွင်းအတွင်းစွမ်းဆောင်ရည်တွေပါ ကျဆင်းသွားတာပါပဲ။

သူ ဟာ တစ်ပွဲပျမ်းမျှ ဂိုးပေါက်ကိုကန်သွင်းချက် ၂.၈ ရာခိုင်နှုန်းရှိခဲ့ပေမယ့် အခုဆို ရင် တစ်ကြိမ်ပဲရှိပါတော့တယ်။

ဂိုးပေါက်တည့်တဲ့ကန်သွင်းချက်ကလည်း ပျမ်းမျှ ၁.၃ ကနေ ဝ.၆ ကိုကျဆင်းသွားခဲ့ပြီး ပြိုင်ဘက်အသင်း ဂိုးဧရိယာထဲမှာ ဘောလုံး ထိချက်ဆိုရင်လည်း ၄.၈ ကနေ ၂.၄ ကို ကျဆင်းသွားခဲ့ပါတယ်။

ဒါတင်ပဲလားဆို တော့ မဟုတ်သေးပါဘူး။ သူ့ရဲ့အလိမ်အခေါက်စွမ်းရည်နဲ့ ပြိုင်ဘက်ကို ကျော် ဖြတ်နိုင်မှုတွေမှာလည်း စွမ်းဆောင်ရည် သိသိသာသာကျဆင်းသွားတာကို တွေ့ ရပါတယ်။

ပရိသတ်အချို့က အူဘာမီယန်ကို တောင်ပံတိုက်စစ်မှူးအဖြစ် ပိုအသုံး ပြုတဲ့ နည်းပြအာတီတာကို အပြစ်တင်ပြီး အထောင်တိုက်စစ်မှူးအဖြစ်သာ အသုံး ပြုဖို့ ဝေဖန်ခဲ့ကြပေမယ့် တကယ်တမ်းကျတော့ ၂၀၁၈ ဇန်နဝါရီဈေးကွက်မှာ အာ ဆင်နယ်ကို စရောက်လာတဲ့အချိန်ကတည်းက သူဟာ တောင်ပံတိုက်စစ်မှူး အဖြစ်ပဲ ကစားခဲ့တာပါ။

အခုဆိုရင် သူဟာ အာဆင်နယ်မှာ အိုဇေးလ်နဲ့အတူ တစ် ပတ်ပေါင် ၃၅၀၀၀၀ ရရှိပြီး အပိုဆုကြေးတွေနဲ့ပေါင်းလိုက်ရင် လစာအများဆုံး ရရှိနေတဲ့သူလည်း ဖြစ်ပါတယ်။

အူဘာမီယန်ကိစ္စနဲ့ပတ်သက်ပြီး စပါးတိုက်စစ်မှူး ဟောင်း ဒါးရင်းဘန့်က “အူဘာမီယန်က အာဆင်နယ်အတွက် မနှစ်က အက်ဖ်အေဖလား အောင်ပွဲမှာ အဓိကကျခဲ့တဲ့သူဖြစ်သလို ဒီရာသီရဲ့ ကွန်မြူနတီ ဒိုင်းပြိုင်ပွဲမှာလည်း သူ့ရဲ့စွမ်းဆောင်ရည်ကိုပြခဲ့ပြီးပါပြီ။

ဒါပေမဲ့ စာချုပ်သစ်ချုပ် လိုက်တဲ့အချိန်ကစပြီး သူဟာ သူ့ရဲ့အရင်လောင်းရိပ်ကိုပြန်မိသလိုဖြစ်သွား တယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်းနည်းသွားသလိုပါပဲ။ တိုက်စစ်မှူးတစ် ယောက်မှာ ယုံကြည်မှုက အဓိကအချက်ပါပဲ” လို့ ပြောသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဆင္နယ္အတြက္ စာခ်ဳပ္သစ္ခ်ဳပ္ၿပီးကတည္းက အူဘာမီယန္ ဘာျဖစ္သြားသလဲ

အာဆင္နယ္ရဲ႕ အသင္းေခါင္းေဆာင္ျဖစ္ၿပီး အားထားရတဲ့တိုက္စစ္မွဴး အူဘာမီ ယန္ဟာ ထိပ္တန္းတိုက္စစ္မွဴးတစ္ေယာက္ျဖစ္တယ္ဆိုတာ သံသယရွိစရာမရွိပါ ဘူး။

ဒါေပမဲ့ သူဟာ အသင္းနဲ႔ တစ္ပတ္ေပါင္ ၃၅၀၀၀၀ တန္ေၾကးရွိတဲ့ စာခ်ဳပ္ သစ္ခ်ဳပ္ဆိုၿပီးတဲ့ေနာက္ပိုင္းမွာ အေျဖရွာလို႔မရေလာက္ေအာင္ ဂိုးေပါက္ေပ်ာက္ သြားသလို ကြင္းအတြင္း သူ႕ရဲ႕စြမ္းေဆာင္ရည္ေတြကလည္း က်ဆင္းသြားပါ တယ္။

စာခ်ဳပ္သစ္မခ်ဳပ္မီကာလအထိ အူဘာမီယန္ဟာ ေျခစြမ္းျပခဲ့ၿပီး ဒီႏွစ္ ပရီး မီးယားလိဂ္အဖြင့္ဂိုးျဖစ္တဲ့ ဖူလ္ဟမ္နဲ႔ပြဲမွာလည္း ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ သိပ္မၾကာခင္မွာပဲ အာဆင္နယ္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္လုိက္ၿပီးေနာက္ပိုင္း ပရီးမီးယား လိဂ္မွာ တစ္ပြဲမွဂိုးထပ္မရေတာ့ဘဲ ၿပီးခဲ့တဲ့ယူရိုပါလိဂ္ပြဲစဥ္ျဖစ္တဲ့ ရက္ပစ္၀ိန္းနဲ႔ပြဲ က်မွ ဂိုးေပါက္ျပန္ေတြ႕ခဲ့့ပါတယ္။

တုိက္စစ္မွဴးတစ္ေယာက္အေနနဲ႔ ဂိုးေပါက္ေပ်ာက္တာမ်ဳိးက ျဖစ္ေလ့ျဖစ္ထရွိတဲ့ကိစၥျဖစ္ေပမယ့္ အခု အူဘာမီယန္ ျဖစ္ေနတာက သူ႕ရဲ႕ကြင္းအတြင္းစြမ္းေဆာင္ရည္ေတြပါ က်ဆင္းသြားတာပါပဲ။

သူ ဟာ တစ္ပြဲပ်မ္းမွ် ဂိုးေပါက္ကိုကန္သြင္းခ်က္ ၂.၈ ရာခိုင္ႏႈန္းရွိခဲ့ေပမယ့္ အခုဆို ရင္ တစ္ႀကိမ္ပဲရွိပါေတာ့တယ္။

ဂိုးေပါက္တည့္တဲ့ကန္သြင္းခ်က္ကလည္း ပ်မ္းမွ် ၁.၃ ကေန ၀.၆ ကိုက်ဆင္းသြားခဲ့ၿပီး ၿပိဳင္ဘက္အသင္း ဂိုးဧရိယာထဲမွာ ေဘာလံုး ထိခ်က္ဆိုရင္လည္း ၄.၈ ကေန ၂.၄ ကို က်ဆင္းသြားခဲ့ပါတယ္။

ဒါတင္ပဲလားဆို ေတာ့ မဟုတ္ေသးပါဘူး။ သူ႕ရဲ႕အလိမ္အေခါက္စြမ္းရည္နဲ႔ ၿပိဳင္ဘက္ကို ေက်ာ္ ျဖတ္ႏိုင္မႈေတြမွာလည္း စြမ္းေဆာင္ရည္ သိသိသာသာက်ဆင္းသြားတာကို ေတြ႕ ရပါတယ္။

ပရိသတ္အခ်ဳိ႕က အူဘာမီယန္ကို ေတာင္ပံတိုက္စစ္မွဴးအျဖစ္ ပိုအသံုး ျပဳတဲ့ နည္းျပအာတီတာကို အျပစ္တင္ၿပီး အေထာင္တိုက္စစ္မွဴးအျဖစ္သာ အသံုး ျပဳဖို႔ ေ၀ဖန္ခဲ့ၾကေပမယ့္ တကယ္တမ္းက်ေတာ့ ၂၀၁၈ ဇန္န၀ါရီေစ်းကြက္မွာ အာ ဆင္နယ္ကို စေရာက္လာတဲ့အခ်ိန္ကတည္းက သူဟာ ေတာင္ပံတုိက္စစ္မွဴး အျဖစ္ပဲ ကစားခဲ့တာပါ။

အခုဆိုရင္ သူဟာ အာဆင္နယ္မွာ အိုေဇးလ္နဲ႔အတူ တစ္ ပတ္ေပါင္ ၃၅၀၀၀၀ ရရွိၿပီး အပိုဆုေၾကးေတြနဲ႔ေပါင္းလိုက္ရင္ လစာအမ်ားဆံုး ရရွိေနတဲ့သူလည္း ျဖစ္ပါတယ္။

အူဘာမီယန္ကိစၥနဲ႔ပတ္သက္ၿပီး စပါးတိုက္စစ္မွဴး ေဟာင္း ဒါးရင္းဘန္႔က “အူဘာမီယန္က အာဆင္နယ္အတြက္ မႏွစ္က အက္ဖ္ေအဖလား ေအာင္ပြဲမွာ အဓိကက်ခဲ့တဲ့သူျဖစ္သလို ဒီရာသီရဲ႕ ကြန္ျမဴနတီ ဒိုင္းၿပိဳင္ပြဲမွာလည္း သူ႕ရဲ႕စြမ္းေဆာင္ရည္ကိုျပခဲ့ၿပီးပါၿပီ။

ဒါေပမဲ့ စာခ်ဳပ္သစ္ခ်ဳပ္ လိုက္တဲ့အခ်ိန္ကစၿပီး သူဟာ သူ႕ရဲ႕အရင္ေလာင္းရိပ္ကိုျပန္မိသလိုျဖစ္သြား တယ္။

ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈလည္းနည္းသြားသလိုပါပဲ။ တိုက္စစ္မွဴးတစ္ ေယာက္မွာ ယံုၾကည္မႈက အဓိကအခ်က္ပါပဲ” လို႔ ေျပာသြားခဲ့ပါတယ္။