အာဆင်နယ်အတွက် သောမတ် ပါတေး ပြန်လာပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ နွေရာသီမှာ အက်သလက်တီကို ကနေ ပြောင်းရွေ့လာတဲ့ အာဆင်နယ် ကစားသမားဟာ ဒီဇင်ဘာ ( ၆ ) ရက်နေ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လာမယ့် ခရစ္စတယ်ပဲလေ့ အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ကစားဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက ပြောင်းရွေ့ကြေး ပေါင် ( ၄၅ ) သန်းနဲ့ အာဆင်နယ်အသင်းထံ ရောက်ရှိလာပြီး ခြေစွမ်းပြ ကစားနေတဲ့ ကွင်းလယ် ကစားသမားဟာ ခရစ္စတယ် ပဲလေ့နဲ့ ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာနိုင်ကြောင်း နည်းပြ မီခဲလ် အာတီတာက ပြောကြားခဲ့ပါတယ်။

အသက် ( ၂၇ ) နှစ်အရွယ် ကွင်းလယ် ကစားသမားဟာ အာဆင်နယ်အတွက် ( ၆ ) ပွဲ ကစားပေးထားကာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၊ စပါးအသင်းနဲ့ ပွဲစဉ်အပြီး ပထမဆုံးအကြိမ် အသင်းနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်တွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ပဲလေ့ကို လက်ခံကစားမယ့် ပွဲစဉ်မတိုင်မီ သောမတ် ပါတေးနဲ့ ပတ်သက်ပြီး မေးမြန်းမှုအပေါ် အာတီတာက ” သူဟာ အသင်းကို မတူညီတာတွေ ပေးစွမ်းလေ့ရှိတယ်။ ဒါက သူ့ရဲ့ ပင်ကိုယ်အရည်အချင်းကြောင့် မဟုတ်သလို သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာကြောင့်လည်း မဟုတ်ပါဘူး ။ ” ဟု ပြောကြားခဲ့ပါတယ်။ ” သူက တွဲဖက် ကစားတဲ့သူတွေရဲ့ စွမ်းဆောင်ရည်တွေကိုပါ တိုးတက်လာအောင် ကူညီပေးနိုင်စွမ်းရှိပါတယ်။ ဒါက သူ့ရဲ့ ကြီးမားတဲ့ အရည်အချင်းပါ။

အောက်တိုဘာလမှာ သူ့ကို ခေါ်ယူနိုင်ခဲ့တာက အံ့မခန်းပါပဲ ။ သူက အိမ်ကွင်းမှာ ( ၂ ) ပွဲပဲ ကစားရပါသေးတယ်။ ” “သူက ကျွန်တော်တို့ရဲ့ အဓိက ခေါ်ယူမှုဖြစ်တဲ့အတွက် သူပြန်လည်ကစားနိုင်မယ့် အချိန်ကို စောင့်မျှော်နေကြပါတယ်။ သူကြံ့ခိုင်မှုပြည့်ဝနေတာက အသင်းကြီးအတွက် ကြီးမားတဲ့ ဆုလာဒ်ပါပဲ ။ ” ်ပါတေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ( ၁ ) ရက်နေ့က အိုးထရတ်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြကစားခဲ့ပါတယ်။ Source : The Guardian

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ၿပီးခဲ့တဲ့ ေႏြရာသီမွာ အက္သလက္တီကို ကေန ေျပာင္းေ႐ြ႕လာတဲ့ အာဆင္နယ္ ကစားသမားဟာ ဒီဇင္ဘာ ( ၆ ) ရက္ေန႔ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ လာမယ့္ ခရစၥတယ္ပဲေလ့ အသင္းနဲ႔ ပြဲစဥ္မွာ ပါဝင္ကစားဖို႔ ရွိေနပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလက ေျပာင္းေ႐ြ႕ေၾကး ေပါင္ ( ၄၅ ) သန္းနဲ႔ အာဆင္နယ္အသင္းထံ ေရာက္ရွိလာၿပီး ေျခစြမ္းျပ ကစားေနတဲ့ ကြင္းလယ္ ကစားသမားဟာ ခရစၥတယ္ ပဲေလ့နဲ႔ ပြဲစဥ္မွာ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္လာႏိုင္ေၾကာင္း နည္းျပ မီခဲလ္ အာတီတာက ေျပာၾကားခဲ့ပါတယ္။

အသက္ ( ၂၇ ) ႏွစ္အ႐ြယ္ ကြင္းလယ္ ကစားသမားဟာ အာဆင္နယ္အတြက္ ( ၆ ) ပြဲ ကစားေပးထားကာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၊ စပါးအသင္းနဲ႔ ပြဲစဥ္အၿပီး ပထမဆုံးအႀကိမ္ အသင္းနဲ႔အတူ ေလ့က်င့္ေရးအစီအစဥ္ေတြ ျပဳလုပ္ေနၿပီ ျဖစ္ပါတယ္။ ပဲေလ့ကို လက္ခံကစားမယ့္ ပြဲစဥ္မတိုင္မီ ေသာမတ္ ပါေတးနဲ႔ ပတ္သက္ၿပီး ေမးျမန္းမႈအေပၚ အာတီတာက ” သူဟာ အသင္းကို မတူညီတာေတြ ေပးစြမ္းေလ့ရွိတယ္။ ဒါက သူ႔ရဲ႕ ပင္ကိုယ္အရည္အခ်င္းေၾကာင့္ မဟုတ္သလို သူ႔ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာေၾကာင့္လည္း မဟုတ္ပါဘူး ။ ” ဟု ေျပာၾကားခဲ့ပါတယ္။

” သူက တြဲဖက္ ကစားတဲ့သူေတြရဲ႕ စြမ္းေဆာင္ရည္ေတြကိုပါ တိုးတက္လာေအာင္ ကူညီေပးႏိုင္စြမ္းရွိပါတယ္။ ဒါက သူ႔ရဲ႕ ႀကီးမားတဲ့ အရည္အခ်င္းပါ။ ေအာက္တိုဘာလမွာ သူ႔ကို ေခၚယူႏိုင္ခဲ့တာက အံ့မခန္းပါပဲ ။ သူက အိမ္ကြင္းမွာ ( ၂ ) ပြဲပဲ ကစားရပါေသးတယ္။ ” “သူက ကြၽန္ေတာ္တို႔ရဲ႕ အဓိက ေခၚယူမႈျဖစ္တဲ့အတြက္ သူျပန္လည္ကစားႏိုင္မယ့္ အခ်ိန္ကို ေစာင့္ေမွ်ာ္ေနၾကပါတယ္။ သူႀကံ့ခိုင္မႈျပည့္ဝေနတာက အသင္းႀကီးအတြက္ ႀကီးမားတဲ့ ဆုလာဒ္ပါပဲ ။ ” ္ပါေတးဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ( ၁ ) ရက္ေန႔က အိုးထရတ္ဖို႔ဒ္မွာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းကို အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ ေျခစြမ္းျပကစားခဲ့ပါတယ္။ Source : The Guardian