အာဆင်နယ်အနေနဲ့ ဘင်ဝိုက်ကို လိုချင်ရင် ပေါင် သန်း (၅၀) အထက် ပြင်ဆင်ရမယ်လို့ သတိပေးတဲ့ ဘရိုက်တန်

ဘရိုက်တန်အသင်းကတော့ အာဆင်နယ်အသင်းကို ဘင်ဝိုက်နဲ့ ပက်သက်ပြီး အပြောင်းအရွေ့ ငွေကြေးကို ငွေကြေးပုတ်သလို ပုတ်ကစားနေပြီ လက်ရှိမှာ ပေါင် သန်း (၅၀) နဲ့ အထက်ကို တောင်းဆိုထားတယ်လို့ သိရှိရပါတယ်။

အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းကို ဘင်ဝိုက်အတွက် ဒုတိယ အကြိမ် ကမ်းလှမ်းခဲ့စဉ်က ပေါင် (၄၂) သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ပေါင် (၄၅) သန်းနီးပါးအထိ ဖြစ်ခဲ့ပေမယ့် သဘောတူညီမှုမရဘဲ ငြင်းပယ်ခံလိုက်ရပါတယ်။

လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်း နဲ့ ဘရိုက်တန်အသင်းဟာ အပြောင်းအရွေ့ ကိစ္စအကြောင်းတွေကို ဆက်လက် ဆွေးနွေးလျက် ရှိပြီး ဘရိုက်တန်အသင်းက ပေါင် သန်း (၅၀) နဲ့အထက်ကို တောင်းဆိုသွားပါတယ်။

အာဆင်နယ်အသင်းဟာ ဘင်ဝိုက်အတွက် ပထမဆုံးအကြိမ် ကမ်းလှမ်းစဉ်က ပေါင်သန်း (၄၀) နဲ့ ကမ်းလှမ်းခဲ့ပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးကြတဲ့ အချိန်မှာ ပေါင် သန်း (၄၀) အလွန် သန်း (၅၀) အထိကို ရောက်ရှိသွားခဲ့ပါတယ်။

ဘရိုက်တန်အသင်းဟာ ဘင်ဝိုက်အတွက် ပေါင် သန်း (၅၀) နဲ့ ကျေနပ်ခြင်း မရှိသေးဘဲ ထပ်မံ လိုချင်နေပြီး အာဆင်နယ်အသင်းကို ပေါင် သန်း (၅၀) နဲ့ အထက် ပြင်ဆင်ဖို့ သတိပေးတယ်လို့ The Sun က ဖော်ပြပါတယ်။

အသက် (၂၃) နှစ်အရွယ် အင်္ဂလန် ဗဟို ခံစစ်မှူး ဘင်ဝိုက်ကို အာဆင်နယ်အသင်းနဲ့ အပြိုင် ခေါ်ယူဖို့အတွက် စိတ်ဝင်စားတဲ့ အသင်းက ပီအက်စ်ဂျီအသင်း၊ စပါးအသင်း၊ လီဗာပူးလ်အသင်း နဲ့ ဒေါ့မွန်အသင်းတို့ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ဗဧို ခံစစ်မှူးကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ တီယာနေးကိုတော့ တစ်ပတ်မှာ ပေါင် (၁၂၀၀၀၀) နဲ့ နောက်ထပ် (၅) နှစ်ကြာ စာချုပ်ကို အပြီးသတ် ချုပ်ဆိုသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိမှာ ဘရိုက်တန် နောက်ခံလူ ဘင်ဝိုက်ကို ခေါ်ယူချင်နေပြီး ပေါင် သန်း (၅၀) နဲ့ အထက် ပေးဆောင်ရမယ်လို့ ဘရိုက်တန်အသင်းရဲ့ တောင်းဆိုမှုကို လိုက်လျော့မလား ဆိုတာ စောင့်ကြည့်ရမှာပါ။

Zawgyi

အာဆင်နယ်အနေနဲ့ ဘင်ဝိုက်ကို လိုချင်ရင် ပေါင် သန်း (၅၀) အထက် ပြင်ရမယ်လို့ သတိပေးတဲ့ ဘရိုက်တန်







