အာဆင်နယ်အရှုံးအတွက် ထူးဆန်းတဲ့ဆင်ြခေပေးခဲ့တဲ့ ဆိုးလ်ရှား

မန်ယူနည်းပြဆိုးလ်ရှားဟာ တနင်္ဂနွေညက အာဆင်နယ်အရှုံးအတွက် အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း ပရိသတ်တွေမရှိမှုကို အပြစ်တင်ခဲ့ပါတယ်။ ဒါ့အပြင် သူလိုချင်တဲ့ပုံစံမပြနိုင်ခဲ့တဲ့အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေကို ဝေဖန်ပြောကြားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ပရီးမီးယားလိဂ်ပွဲတွေမှာ ပရိသတ်တွေကို ဝင်ကြည့်ခွင့်မပေးတာဟာ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းကတည်းက ဖြစ်ပါတယ်။

ဆိုးလ်ရှားကတော့ အာဆင်နယ်အရှုံးမှာ ကွင်းအတွင်း ပရိသတ်တွေမရှိမှုက အဓိကကျတဲ့အချက်တွေထဲတစ်ခုလို့ ခံစားနေရပါတယ်။ ချဲလ်ဆီးနဲ့သရေကျတဲ့ပွဲကတည်းက ဆိုးလ်ရှားဟာ ပရိသတ်တွေမပါလို့ လမ်းပတ်ရဲ့အသင်းကံကောင်းသွားတာလို့ ဆိုထားတာပါ။

မန်ယူဟာ ဒီ့မတိုင်ခင်က ဂန်းနားတွေကို လိဂ်အိမ်ကွင်းမရှုံးခဲ့တာ ၁၄ နှစ်တိုင်ရှိခဲ့ပါတယ်။ အခုရာသီမှာလည်း မန်ယူဟာ ပရီးမီးယားလိဂ်အိမ်ကွင်းနိုင်ပွဲမရှိသေးပါဘူး။

”ဒီရာသီမှာ ပရိသတ်တွေမပါလို့ အိမ်ကွင်း၊အဝေးကွင်းအားသာချက်ဆိုတာ မရှိတော့ပါဘူး။ အဲဒါဟာ ရာနှုန်းပြည့်အရေးပါတဲ့အချက်တစ်ခုပါ။ အခုပဲ အဝေးကွင်းပွဲအနိုင်ရမှုတွေကို ကြည့်လိုက်လေ။ မနှစ်တုန်းကဆိုရင် ကျွန်တော်တို့ဟာ ပွဲစဉ် ၁၀ မြောက်မတိုင်ခင်အထိ တတိယနိုင်ပွဲမရသေးဘူး။ အခု ကျွန်တော်တို့ ၆ ပွဲမှာ ၂ ပွဲပဲ နိုင်ထားပါတယ်။ ဒါကြောင့် နောက်တစ်ပတ် အဲဗာတန်နဲ့ပွဲကို အာရုံစိုက်ဖို့ လိုပါတယ်”လို့ ဆိုးလ်ရှားက ဆိုခဲ့တာပါ။

Zawgyi

အာဆင္နယ္အရႈံးအတြက္ ထူးဆန္းတဲ့ဆင္ျေခေပးခဲ့တဲ့ ဆုိးလ္ရွား

မန္ယူနည္းျပဆုိးလ္ရွားဟာ တနဂၤေႏြညက အာဆင္နယ္အရႈံးအတြက္ အိုးလ္ထရက္ဖုိ႔ဒ္ကြင္းအတြင္း ပရိသတ္ေတြမရွိမႈကို အျပစ္တင္ခဲ့ပါတယ္။ ဒါ့အျပင္ သူလိုခ်င္တဲ့ပုံစံမျပႏိုင္ခ့ဲတဲ့အသင္းရဲ႕ၾကယ္ပြင့္ကစားသမားေတြကို ေ၀ဖန္ေျပာၾကားခဲ့ပါတယ္။

ကိုရိုနာဗုိင္းရပ္စ္ကပ္ေဘးေၾကာင့္ ပရီးမီးယားလိဂ္ပြဲေတြမွာ ပရိသတ္ေတြကို ၀င္ၾကည့္ခြင့္မေပးတာဟာ ၿပီးခဲ့တဲ့ရာသီေႏွာင္းပိုင္းကတည္းက ျဖစ္ပါတယ္။

ဆိုးလ္ရွားကေတာ့ အာဆင္နယ္အရႈံးမွာ ကြင္းအတြင္း ပရိသတ္ေတြမရွိမႈက အဓိကက်တဲ့အခ်က္ေတြထဲတစ္ခုလုိ႔ ခံစားေနရပါတယ္။ ခ်ဲလ္ဆီးနဲ႔သေရက်တဲ့ပြဲကတည္းက ဆုိးလ္ရွားဟာ ပရိသတ္ေတြမပါလုိ႔ လမ္းပတ္ရဲ႕အသင္းကံေကာင္းသြားတာလုိ႔ ဆိုထားတာပါ။

မန္ယူဟာ ဒီ့မတိုင္ခင္က ဂန္းနားေတြကို လိဂ္အိမ္ကြင္းမရႈံးခဲ့တာ ၁၄ ႏွစ္တိုင္ရွိခဲ့ပါတယ္။ အခုရာသီမွာလည္း မန္ယူဟာ ပရီးမီးယားလိဂ္အိမ္ကြင္းႏိုင္ပြဲြဲမရွိေသးပါဘူး။

”ဒီရာသီမွာ ပရိသတ္ေတြမပါလုိ႔ အိမ္ကြင္း၊အေ၀းကြင္းအားသာခ်က္ဆုိတာ မရွိေတာ့ပါဘူး။ အဲဒါဟာ ရာႏႈန္းျပည့္အေရးပါတဲ့အခ်က္တစ္ခုပါ။ အခုပဲ အေ၀းကြင္းပြဲအႏိုင္ရမႈေတြကို ၾကည့္လိုက္ေလ။ မႏွစ္တုန္းကဆုိရင္ ကၽြန္ေတာ္တို႔ဟာ ပြဲစဥ္ ၁၀ ေျမာက္မတိုင္ခင္အထိ တတိယႏိုင္ပြဲမရေသးဘူး။ အခု ကၽြန္ေတာ္တို႔ ၆ ပြဲမွာ ၂ ပြဲပဲ ႏိုင္ထားပါတယ္။ ဒါေၾကာင့္ ေနာက္တစ္ပတ္ အဲဗာတန္နဲ႔ပြဲကို အာရုံစုိက္ဖုိ႔ လုိပါတယ္”လုိ႔ ဆုိးလ္ရွားက ဆုိခဲ့တာပါ။