အာဆင်နယ်အသင်ကို လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ မြင်ရဖို့ မရှိတော့ဘူးလို့ အလန်ရှီးယား သုံးသပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နယူးကာဆယ်အသင်းဂန္ထဝင်ကစားသမား အလန်ရှီးယားက ၄၆ နှစ်အတွင်းအဆိုးဆုံးရာသီတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဆက်နေရဖို့ မမြင်မိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။


အာတီတာရဲ့ အာဆင်နယ်အသင်းဟာ အဲဗာတန်ကိုအရေးနိမ့်ပြီးနောက် ဒီရာသီ ၈ ပွဲမြောက်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရကာ တန်းဆင်းဇုန်ရဲ့အထက် ၄ မှတ်အကွာ အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။


အဲဗာတန်ကိုအရေးနိမ့်ခဲ့တာကြောင့် အာတီတာဟာ ဖိအားတွေနဲ့ ပိုမိုရင်ဆိုင်လာခဲ့ရကာ ထုတ်ပယ်ခံရမယ့်အရေးနဲ့ နီးစပ်လာခဲ့ပါတယ်။

“ကျွန်တော်ကတော့ အာဆင်နယ်အသင်းပရီးမီးယားလိဂ်မှာ ဆက်မြင်ရဖို့ မသေချာပါဘူး။ ကစားသမားအချို့ရဲ့အာရုံစူးစိုက်မှုကလည်း အဆင်မပြေပါဘူး”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
အဲဗာတန်အသင်းကာ ပွဲကစားချိန် ၂၂ မိနစ်မှာ ဟိုးလ်ဒင်းရဲ့ OG နဲ့ ဦးဆောင်ဂိုးရရှိခဲ့ပြီး အဲ့နောက် ပီပီက ပင်နယ်တီကနေ ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။


ဒါပေမဲ့ မီလ်နာက ပထမပိုင်းမပြီးခင်မှာ အသင်းအတွက် နောက်ထပ်ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

“ကွင်းလယ်ဖန်တီးမှုကလည်း မရှိသလို ကစားသမားတွေရဲ့ရွှေ့လျားမှု ၊ အလုပ်ကြိုးစားမှုတွေက မလုံလောက်ပါဘူး။ အာတီတာအနေနဲ့ ဒီအုပ်စုအနေနဲ့ ရှေ့ဆက်ဖို့ဆိုတာ တော်တော်လေးခက်ခဲနိုင်ပါတယ်။ကစားသမားတွေက အာတီတာရဲ့အလုပ်ကို ကယ်တင်နိုင်လောက်ပါတယ်။ ပီပီဆိုရင် ပြိုင်ဘက်ဧရိယာထဲမှာ ရှိမနေပါဘူး။

တစ်ခါတလေဆို သူက လမ်းလျှောက်နေပါတယ်။ သူ့အနေနဲ့ ဒီထက်ပိုလုပ်ဆောင်သင့်တာပါ။ အသင်းအတွက် ပေးဆပ်ကစားတဲ့ကစားသမားက အနည်းငယ်လောက်ပဲရှိပါတယ်”လို့ အလန်ရှီးယားက ပြောကြားခဲ့ပါတယ်။

အာတီတာဟာ အာဆင်နယ်ကိုရောက်လာခဲ့တာ တစ်နှစ်ရှိပြီဖြစ်ကာ ကစားသမားတွေဟာ ရလဒ်ဆိုးတွေကြောင့် စိတ်ပျက်နေတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ နိုင်ပွဲတွေရဖို့ ပိုကြိုးစားဖို့ လိုအပ်နေပါတယ်။ အသေးစိတ်ကအစ ပြင်ဆင်ဖို့ လိုအပ်နေပါပြီ။ ကောင်လေးတွေက အကောင်းဆုံးတိုက်ပွဲဝင်နေဆဲပါ။ အဝတ်လဲခန်းထဲမှာ ကောင်လေးတွေက သူတို့ယုံကြည်မှုရှိတယ်ဆိုတာ ပြောကြပါတယ်။ အဲဗာတန်နဲ့ပွဲကရလဒ်ကိုမေ့ပြီး ပိုကောင်းအောင် လုပ်ဆောင်သွားမှာပါ”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ခရစ္စမတ်ပွဲကျပ်ကာလ ချဲလ်ဆီးနဲ့ မရင်ဆိုင်ခင် မန်စီးတီးနဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi




