အာဆင်နယ်အသင်းကို ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ ကီဗင်ကမ်းဘဲလ် တိုက်တွန်း

အာဆင်နယ်အသင်းနာမည်ကျော်တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်က

အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဗန်ဒီဘိခ်ကို

ခေါ်ယူသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ နယ်သာလန်ကွင်းလယ်လူဗန်ဒီဘိခ်ဟာ

ယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်မရဘဲ တောက်လျှောက်ရုန်းကန်နေရသလို

နည်းပြဆိုးလ်ရှားကလည်း ဗန်ဒီဘိခ်ကို ပွဲထွက်အသုံးပြုဖို့ဆန္ဒမရှိဖြစ်နေပါတယ်။

ယူနိုက်တက်အသင်းဆီ စတင်ပြောင်းရွှေ့ခဲ့တဲ့ ၂၀၂၀-၂၁ ရာသီကစလို့

အခုအချိန်အထိ ဗန်ဒီဘိခ်ဟာ စုစုပေါင်းမိနစ်(၁၆၀၀)ကျော်သာကစားခဲ့ရပြီး

ယူနိုက်တက်ပရိသတ်တွေကလည်း ဗန်ဒီဘိခ်ကို ပွဲထွက်ကစားသမားအဖြစ်

အသုံးပြုဖို့တောင်းဆိုနေကြပါတယ်။ ဗန်ဒီဘိခ်အနေနဲ့ ပုံမှန်ကစားခွင့်ဆက်လက်

ပျောက်ဆုံးနေမယ်ဆိုရင် လာမယ့်ဇန်နဝါရီမှာ အသင်းနဲ့လမ်းခွဲဖို့ရှိနေတာကြောင့်

ကီဗင်ကမ်းဘဲလ်က ဗန်ဒီဘိခ်ကို အာဆင်နယ် ကြိုးပမ်းသင့်တယ်လို့တိုက်တွန်းခဲ့တာပါ။

ကီဗင်ကမ်းဘဲလ်က “အေဂျက်စ်မှာ ဗန်ဒီဘိခ်ဟာ အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး

ယူနိုက်တက်အသင်းရောက်တော့ သူ့ကို ဘာလို့မသုံးတာလဲဆိုတာ ကျွန်တော်နားမလည်နိုင်ပါဘူး။

အာဆင်နယ်အသင်းအနေနဲ့ ဗန်ဒီဘိခ်ကို ကြိုးပမ်းသင့်ပြီး သူဟာ ပွဲထွက်ကစားခွင့်ရရင်

ခြေစွမ်းပြကစားနိုင်မယ့်သူဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

အာဆင္နယ္အသင္းကို ဗန္ဒီဘိခ္ကို ေခၚယူဖို႔ ကီဗင္ကမ္းဘဲလ္ တိုက္တြန္း

အာဆင္နယ္အသင္းနာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း ကီဗင္ကမ္းဘဲလ္က

အာဆင္နယ္အသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူဗန္ဒီဘိခ္ကို

ေခၚယူသင့္တယ္လို႔ တိုက္တြန္းခဲ့ပါတယ္။ နယ္သာလန္ကြင္းလယ္လူဗန္ဒီဘိခ္ဟာ

ယူႏိုက္တက္အသင္းမွာ ပုံမွန္ကစားခြင့္မရဘဲ ေတာက္ေလွ်ာက္႐ုန္းကန္ေနရသလို

နည္းျပဆိုးလ္ရွားကလည္း ဗန္ဒီဘိခ္ကို ပြဲထြက္အသုံးျပဳဖို႔ဆႏၵမရွိျဖစ္ေနပါတယ္။

ယူႏိုက္တက္အသင္းဆီ စတင္ေျပာင္းေ႐ႊ႕ခဲ့တဲ့ ၂၀၂၀-၂၁ ရာသီကစလို႔

အခုအခ်ိန္အထိ ဗန္ဒီဘိခ္ဟာ စုစုေပါင္းမိနစ္(၁၆၀၀)ေက်ာ္သာကစားခဲ့ရၿပီး

ယူႏိုက္တက္ပရိသတ္ေတြကလည္း ဗန္ဒီဘိခ္ကို ပြဲထြက္ကစားသမားအျဖစ္

အသုံးျပဳဖို႔ေတာင္းဆိုေနၾကပါတယ္။ ဗန္ဒီဘိခ္အေနနဲ႔ ပုံမွန္ကစားခြင့္ဆက္လက္

ေပ်ာက္ဆုံးေနမယ္ဆိုရင္ လာမယ့္ဇန္နဝါရီမွာ အသင္းနဲ႔လမ္းခြဲဖို႔ရွိေနတာေၾကာင့္

ကီဗင္ကမ္းဘဲလ္က ဗန္ဒီဘိခ္ကို အာဆင္နယ္ ႀကိဳးပမ္းသင့္တယ္လို႔တိုက္တြန္းခဲ့တာပါ။

ကီဗင္ကမ္းဘဲလ္က “ေအဂ်က္စ္မွာ ဗန္ဒီဘိခ္ဟာ အေကာင္းဆုံးေျခစြမ္းျပသခဲ့ၿပီး

ယူႏိုက္တက္အသင္းေရာက္ေတာ့ သူ႔ကို ဘာလို႔မသုံးတာလဲဆိုတာ ကြၽန္ေတာ္နားမလည္ႏိုင္ပါဘူး။

အာဆင္နယ္အသင္းအေနနဲ႔ ဗန္ဒီဘိခ္ကို ႀကိဳးပမ္းသင့္ၿပီး သူဟာ ပြဲထြက္ကစားခြင့္ရရင္

ေျခစြမ္းျပကစားႏိုင္မယ့္သူျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။