အာဆင်နယ်အသင်းနဲ့ လန်ဒန်ဒါဘီပွဲမတိုင်မီမှာ လမ်းပတ်ရဲ့ပြောစကား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီညမှာကစားကြမယ့် အာဆင်နယ်အသင်းနဲ့ပွဲစဉ်ဟာ အာတီတာအတွက်တော့ နိုင်ပွဲမဖြစ်မနေရယူဖို့လိုအပ်နေသလို ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် အတွက်ကလည်း အမှတ်ပေးဇယားမှာ အဆင့်တက်ဖို့ အမှတ်လိုအပ်နေတဲ့ပွဲလည်းဖြစ်ပါတယ်။ တစ်ချိန်က ဂုဏ်သိက္ခာအတွက် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ လန်ဒန်ဒါဘီနှစ်သင်းဟာ ဒီနှစ်မှာတော့ နည်းပြနှစ်ယောက်ရဲ့ အသင်းမှာ ဆက်လက်နည်းပြခွင့်အတွက်တိုက်ပွဲဝင်ရတော့မယ့် အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ချဲလ်ဆီး အသင်းရဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာလည်း သတင်းထောက် တဦး က အာဆင်နယ် အသင်း ဟာ တန်းဆင်းဇုန် တိုက်ပွဲဝင်နေရပြီလား ဆိုပြီး မေးခွန်းထုတ်ခဲ့ချိန်မှာ လမ်းပတ် က တစုံတရာ ရှင်းလင်းတဲ့ မှတ်ချက်မျိုး ပေးဖို့ ငြင်းဆန်ခဲ့ပြီး အာဆင်နယ်အသင်းရဲ့ လက်ရှိအခြေအနေ တွေထက် သူ့ရဲ့အသင်းရလဒ်ကောင်းဖို့ကိုသာ ပြင်ဆင်ထားကြောင်း ပြောကြားသွားခဲ့ပါတယ်။

လမ်းပတ်က ” အာဆင်နယ် အသင်းမှာ ဘယ်လိုအခြေအနေတွေ ဖြစ်နေတယ်ဆိုတာ ကို ကျွန်တော် မပြောချင်ပါဘူး။ သူတို့အသင်းဟာ အခုအချိန်မှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတာကိုတော့ သတိထားမိပါတယ်။ ဒါပေမယ့် ဒီနှစ် ဘောလုံး ရာသီ ကိုက အရင် ပရီးမီးယားလိဂ် ရာသီတွေနဲ့ ကွဲပြားနေကြပြီး အသင်း အများစုက ရလဒ် တည်ငြိမ်မှု မရှိနေကြပါဘူး။ ”

နောက် သူတို့ အသင်း ရဲ့ ရပ်တည်မှု က ကျွန်တော့ ကိစ္စ မဟုတ်ပါဘူး။ ကျွန်တော် နဲ့ သက်ဆိုင်တာက အာဆင်နယ်နဲ့ကစားမယ့်ပွဲစဉ်မှာ သူတို့အသင်းဟာ အရည်အသွေးမြင့်တဲ့ အသင်းတသင်း ဖြစ်တယ် ဆိုတာကိုမေ့မထားဖို့ပါပဲ။ ခင်ဗျား မေးခဲ့သလို အာဆင်နယ် ဟာ တန်းဆင်းဖို့ အထိဖြစ်နေသလားဆိုတဲ့မေးခွန်းကိုလည်း ကျွန်တော် မဆွေးနွေးချင်ပါဘူး။ ဒါဟာ ကျွန်တော် ဖြေဖို့မလိုအပ်သလို သူတို့အသင်းရဲ့ ကိစ္စတွေကို ကျွန်တော် မသိပါဘူး ။ ”

” ကျွန်တော် တို့အသင်းဟာ Boxing Day မှာ အာဆင်နယ် နဲ့ ကစားရပါမယ်။ လန်ဒန်ဒါဘီ ပွဲတစ်ပွဲပေါ့။ ဒီ ဒါဘီပွဲ မှာ ကစားကြတဲ့ အသင်းတွေအနေနဲ့က လတ်တလော အမှတ်ပေးဇယားမှာ ပိုင်ဆိုင်နေတဲ့အဆင့်တွေက ဒီပွဲအပေါ်သက်ရောက်တဲ့ အားသာချက်တစ်ရပ် ဖြစ်နေမှာ မဟုတ်ပါဘူး။ လန်ဒန်အခြေစိုက် အသင်းတွေရဲ့ ပြိုင်ဆိုင်မှုကတော့ ရှိနေကြတာပါပဲ။

ကျွန်တော်တို့အသင်းဟာ (၃)ပတ်အတွင်း လန်ဒန်မြို့ခံ အသင်း(၃)သင်းနဲ့ ရင်ဆိုင်နေရတာပါ။ ပြီးခဲ့တဲ့လက တော့တင်ဟမ် အသင်းနဲ့ လန်ဒန် ဒါဘီ တပွဲ၊ အရင်တစ်ပတ်ကလည်း လန်ဒန် မြို့ခံအသင်းတစ်သင်းဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းနဲ့လည်းရင်ဆိုင်ခဲ့ပြီး အခု အာဆင်နယ်အသင်းနဲ့လည်း တွေ့ဆုံရတော့မှာပါ။ ကစားခဲ့ပြီးတဲ့ အသင်းတွေ ဟာလည်း ကျွန်တော်တို့အသင်းအပေါ် ရလဒ်ကောင်း တရပ် ကို ရယူဖို့ ကြိုးစားခဲ့တာပါပဲ။ ဒါကြောင့် ကျွန်တော် တို့ဟာ အတောင့်တင်းဆုံး အာဆင်နယ် အသင်း ကို ရင်ဆိုင်ဖို့ မျှော်လင့်ထားပါတယ် ။” လို့ ပြောကြားသွားခဲ့ပါတယ်။

Boxing Day မှာ အာဆင်နယ်အသင်းပွဲထွက်လာနိုင်တဲ့ ဖြစ်နိုင်ဖွယ် ခန့်မှန်းလူစာရင်း၊

ချဲလ်ဆီးအသင်းပွဲထွက်လာနိုင်တဲ့ ဖြစ်နိုင်ဖွယ် ခန့်မှန်းလူစာရင်း၊

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဆင္နယ္အသင္းနဲ႕ လန္ဒန္ဒါဘီပြဲမတိုင္မီမွာ လမ္းပတ္ရဲ႕ေျပာစကား

ဒီညမွာကစားၾကမယ့္ အာဆင္နယ္အသင္းနဲ႕ပြဲစဥ္ဟာ အာတီတာအတြက္ေတာ့ ႏိုင္ပြဲမျဖစ္မေနရယူဖို႕လိုအပ္ေနသလို ခ်ဲလ္ဆီး နည္းျပ ဖရန႔္ လမ္းပတ္ အတြက္ကလည္း အမွတ္ေပးဇယားမွာ အဆင့္တက္ဖို႕ အမွတ္လိုအပ္ေနတဲ့ပြဲလည္းျဖစ္ပါတယ္။ တစ္ခ်ိန္က ဂုဏ္သိကၡာအတြက္ ျပိဳင္ဆိုင္မႈျပင္းထန္ခဲ့တဲ့ လန္ဒန္ဒါဘီႏွစ္သင္းဟာ ဒီႏွစ္မွာေတာ့ နည္းျပႏွစ္ေယာက္ရဲ႕ အသင္းမွာ ဆက္လက္နည္းျပခြင့္အတြက္တိုက္ပြဲဝင္ရေတာ့မယ့္ အေျခအေနနဲ႔ရင္ဆိုင္ေနရပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ခ်ဲလ္ဆီး အသင္းရဲ႕ ပြဲႀကိဳ သတင္းစာ ရွင္းလင္းပြဲမွာလည္း သတင္းေထာက္ တဦး က အာဆင္နယ္ အသင္း ဟာ တန္းဆင္းဇုန္ တိုက္ပြဲဝင္ေနရၿပီလား ဆိုၿပီး ေမးခြန္းထုတ္ခဲ့ခ်ိန္မွာ လမ္းပတ္ က တစုံတရာ ရွင္းလင္းတဲ့ မွတ္ခ်က္မ်ိဳး ေပးဖို႔ ျငင္းဆန္ခဲ့ၿပီး အာဆင္နယ္အသင္းရဲ႕ လက္ရွိအေျခအေန ေတြထက္ သူ႕ရဲ႕အသင္းရလဒ္ေကာင္းဖို႕ကိုသာ ျပင္ဆင္ထားေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

လမ္းပတ္က ” အာဆင္နယ္ အသင္းမွာ ဘယ္လိုအေျခအေနေတြ ျဖစ္ေနတယ္ဆိုတာ ကို ကြၽန္ေတာ္ မေျပာခ်င္ပါဘူး။ သူတို႔အသင္းဟာ အခုအခ်ိန္မွာ ရလဒ္ဆိုးေတြနဲ႔ ရင္ဆိုင္ေနရတာကိုေတာ့ သတိထားမိပါတယ္။ ဒါေပမယ့္ ဒီႏွစ္ ေဘာလုံး ရာသီ ကိုက အရင္ ပရီးမီးယားလိဂ္ ရာသီေတြနဲ႔ ကြဲျပားေနၾကၿပီး အသင္း အမ်ားစုက ရလဒ္ တည္ၿငိမ္မႈ မရွိေနၾကပါဘူး။ ”

ေနာက္ သူတို႔ အသင္း ရဲ႕ ရပ္တည္မႈ က ကြၽန္ေတာ့ ကိစၥ မဟုတ္ပါဘူး။ ကြၽန္ေတာ္ နဲ႔ သက္ဆိုင္တာက အာဆင္နယ္နဲ႕ကစားမယ့္ပြဲစဥ္မွာ သူတို႕အသင္းဟာ အရည္အေသြးျမင့္တဲ့ အသင္းတသင္း ျဖစ္တယ္ ဆိုတာကိုေမ့မထားဖို႕ပါပဲ။ ခင္ဗ်ား ေမးခဲ့သလို အာဆင္နယ္ ဟာ တန္းဆင္းဖို႔ အထိျဖစ္ေနသလားဆိုတဲ့ေမးခြန္းကိုလည္း ကြၽန္ေတာ္ မေဆြးေႏြးခ်င္ပါဘူး။ ဒါဟာ ကၽြန္ေတာ္ ေျဖဖို႕မလိုအပ္သလို သူတို႔အသင္းရဲ႕ ကိစၥေတြကို ကြၽန္ေတာ္ မသိပါဘူး ။ ”

” ကြၽန္ေတာ္ တို႔အသင္းဟာ Boxing Day မွာ အာဆင္နယ္ နဲ႔ ကစားရပါမယ္။ လန္ဒန္ဒါဘီ ပြဲတစ္ပြဲေပါ့။ ဒီ ဒါဘီပြဲ မွာ ကစားၾကတဲ့ အသင္းေတြအေနနဲ႕က လတ္တေလာ အမွတ္ေပးဇယားမွာ ပိုင္ဆိုင္ေနတဲ့အဆင့္ေတြက ဒီပြဲအေပၚသက္ေရာက္တဲ့ အားသာခ်က္တစ္ရပ္ ျဖစ္ေနမွာ မဟုတ္ပါဘူး။ လန္ဒန္အေျခစိုက္ အသင္းေတြရဲ႕ ျပိဳင္ဆိုင္မႈကေတာ့ ရွိေနၾကတာပါပဲ။

ကၽြန္ေတာ္တို႔အသင္းဟာ (၃)ပတ္အတြင္း လန္ဒန္ျမိဳ႕ခံ အသင္း(၃)သင္းနဲ႕ ရင္ဆိုင္ေနရတာပါ။ ၿပီးခဲ့တဲ့လက ေတာ့တင္ဟမ္ အသင္းနဲ႔ လန္ဒန္ ဒါဘီ တပြဲ၊ အရင္တစ္ပတ္ကလည္း လန္ဒန္ ျမိဳ႕ခံအသင္းတစ္သင္းျဖစ္တဲ့ ဝက္စ္ဟမ္းအသင္းနဲ႕လည္းရင္ဆိုင္ခဲ့ၿပီး အခု အာဆင္နယ္အသင္းနဲ႕လည္း ေတြ႕ဆံုရေတာ့မွာပါ။ ကစားခဲ့ၿပီးတဲ႔ အသင္းေတြ ဟာလည္း ကၽြန္ေတာ္တို႔အသင္းအေပၚ ရလဒ္ေကာင္း တရပ္ ကို ရယူဖို႔ ႀကိဳးစားခဲ့တာပါပဲ။ ဒါေၾကာင့္ ကြၽန္ေတာ္ တို႔ဟာ အေတာင့္တင္းဆုံး အာဆင္နယ္ အသင္း ကို ရင္ဆိုင္ဖို႕ ေမွ်ာ္လင့္ထားပါတယ္ ။” လို႔ ေျပာၾကားသြားခဲ့ပါတယ္။