အာဆင်နယ်ဟာပရီးမီးယားလိဂ်ရာသီအားစက်တင်ဘာလမှစတင်မည်ဆိုလျှင်
ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နိုင်ပါလိမ့်မယ်။
ဩဂုတ်လရလဒ်ကိုပျက်လိုက်မယ်ဆိုရင်အာဆင်နယ်ဟာပရီးမီးယားလိဂ်မှာ
အမှတ်အများဆုံးရယူထားတဲ့အသင်းအဖြစ်ရပ်တည်နေပါတယ်။
အာဆင်နယ်ဟာမနေ့ညတုန်းကဝက်ဖို့ဒ်ကိုအငြင်းပွားဖွယ်အနိုင်ဂိုးဖြင့်အနိုင်ရရှိပြီး
နောက်မန်ချက်စတာယူနိုက်တက်ကိုကျော်ကာပရီးမီးယားလိဂ်အမှတ်ပေးဇယား
အဆင့်၅နေရာတွင်ရပ်တည်လာပါတယ်။ အာဆင်နယ်ဟာနောက်ပိုင်းတွင်
ခြေစွမ်းနှင့်ရလဒ်ပိုင်းတောက်လျှောက်ကောင်းမွန်လာမှုနဲ့အတူပရိသတ်များက
ယခုရာသီတွင်ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်ပါစိန်ခေါ်နိုင်ပြီလို့ယုံကြည်နေကြပါတယ်။
အာဆင်နယ်ဟာစက်တင်ဘာလနောက်ပိုင်းတွင်ပရီးမီးယားလိဂ်တွင်အမှတ်၂၀အထိ
ရယူထားပါတယ်။အာဆင်နယ်ဟာဘရန့်ဖို့ဒ်၊မန်စီးတီးနှင့်ချဲလ်ဆီးတို့အား
ဆက်တိုက်ရှုံးနိမ့်ကာရာသီသစ်အားဆိုးရွားစွာစတင်ခဲ့ရပါတယ်။
ဒါပေမယ့် ၎င်းတို့ဟာစပါးစ်နှင့်လန်ဒန်ဒါဘီပွဲတွင်အနိုင်ရရှိခဲ့တဲ့အပြင်လက်စတာကိုအနိုင်ရရှိခဲ့ပါတယ်။
အာဆင်နယ်ဟာဝက်ဖို့ဒ်အားအနိုင်ရယူနိုင်ခဲ့မှုနဲ့အတူချန်ပီယံလိဂ်ဝင်ခွင့်အတွက်
လက်တစ်ကမ်းအလိုသို့ရောက်လာပြီဖြစ်ပါတယ်။
zawgyi
အာဆင်နယ်အသင်း စက်တင်ဘာနောက်ပိုင်းတွင် အမှတ်အများရယူနိုင်တဲ့အသင်းအဖြစ် ရပ်တည်နေ