အာဆင်နယ်အသင်း တန်းဆင်းရရင် အသင်းသားတွေ လစာ ၂၅%အထိ လျှော့ချခံရဖွယ်ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တကယ်လို့ အာဆင်နယ်အသင်းသာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရရင် သိသာများပြားတဲ့ လုပ်ခလစာလျှော့ချခံရဖွယ်ရှိနေပါတယ်။


တကယ်လို့ အာဆင်နယ်အတွက် မတွေးကောင်းတဲ့ တန်းဆင်းခဲ့ရရင် ကစားသမားအများအပြားဟာ လက်ရှိလုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းအထိ လျှော့ချခံရဖွယ်ရှိနေပြီး အသင်းက အမှတ်ပေးဇယားရဲ့အဆင့် ၁၅ နေရာမှာ ရပ်တည်နေရပါတယ်။


ဒီလိုအချက်မျိုးက တန်းဆင်းရနိုင်ခြေများတဲ့ အသင်းငယ်လေးတွေမှာ ကစားသမားတွေကို ထည့်သွင်းချုပ်ဆိုလေ့ရှိပေမယ့် အင်္ဂလိပ်ဘောလုံးလောကရဲ့ကြီး ၆ကြီးစာရင်းဝင်အဖြစ် သတ်မှတ်ခံထားရတဲ့ အာဆင်နယ်အသင်းတောင်မှ တန်းဆင်းရရင် ဘဏ္ဍာရေးဆုံးရှုံးမှုဖြစ်ပေါ်လာနိုင်တာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကစားသမားတွေရဲ့စာချုပ်ထဲမှာ လစာလျှော့ချယူရမယ့်အချက် ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။


အာဆင်နယ်ဟာ လုပ်ခလစာအဖြစ် တစ်နှစ်ကို ပေါင်သန်း ၁၅၀ ကျော်သုံးစွဲနေရပြီး ကွင်းလယ်လူ အိုဇေးလ်နဲ့ အသင်းခေါင်းဆောင် အူဘာမီယန်းတို့က အင်္ဂလန်မှာ လုပ်ခလစာအများဆုံးရရှိသူတွေထဲ ပါဝင်နေပါတယ်။

တန်းဆင်းရရင် လစာ ၂၅ ရာခိုင်နှုန်း လျှော့ချခံရမှာ အာဆင်နယ်တစ်သင်းလုံးလားဆိုတာ သေချာမသိသေးပေမယ့် ကစားသမားအများအပြားကတော့ သိသာထင်ရှားတဲ့လစာလျှော့ချခံရမှုနဲ့ ရင်ဆိုင်ရနိုင်တာကို သိထားပါတယ်။


အာဆင်နယ်ဟာ လိဂ်နောက်ဆုံး ၇ပွဲကနေ ၂မှတ်ပဲရယူနိုင်ခဲ့ပြီးနောက် တန်းဆင်းဇုန်ထဲကအသင်းနဲ့ ၄မှတ်ပဲ ကွာတော့ပြီး အာဆင်နယ်လိုအသင်းမျိုးအတွက် တန်းဆင်းရနိုင်တယ်ဆိုတဲ့အတွေးမျိုးက မတွေးကောင်းဘူးလို့ ထင်ကြမှာပါ။


ဒါပေမဲ့ အာဆင်နယ်အသင်းဟာ ရာသီအစမှာ ရလဒ်တွေတောက်လျှောက်ဆိုးရွားနေပြီး နည်းပြအာတီတာကလည်း အသင်းကို အမှတ်ပေးဇယားမှာ ထိပ်ပိုင်းပြန်ရောက်အောင် ဆွဲမတင်နိုင်သေးဘဲ ရုန်းကန်နေရရာ တန်းမဆင်းရရေးရုန်းကန်ရနိုင်တယ်လို့ သုံးသပ်လာကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

