အာဆင်နယ်အသင်း လာမယ့်ရာသီ ချန်ပီယံရှစ်မှာ ဗိုလ်စွဲမယ်ဆိုရင် ၆၆/၁ လို့ ဘွတ်ကီတွေ ကြေးဖွင့်ထား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းက လာမယ့်ရာသီ ချန်ပီယံရှစ်မှာ ဗိုလ်စွဲမယ့် အသင်း၁သင်းအဖြစ် ဘူကီတွေက ကြေးဖွင့်ထားကြောင်း သိရပါတယ်။

ဂန်းနားတွေဟာ ဒီနှစ်ရာသီ ပရီးမီးယားလိဂ် အဆင့်(၁၅) နေရာကို ရောက်ရှိနေပြိး (၁၂) ပွဲကစားရာမှာ (၇)ပွဲ ရှုံးထားကာ တန်းဆင်းဇုန်နဲ့ (၅)မှတ်အကွာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ်မှာလည်း ဘန်လေကကို အူဘာမီယန်ရဲ့ OGဂိုးနဲ့အတူ အိမ်ကွင်းမှာ အရှုံးပေးခဲ့ရပါတယ်။ အဆိုပါ ရှုံးပွဲကြောင့် အာဆင်နယ်ဟာ အိမ်ကွင်း ၄ပွဲဆက် ရှုံးခဲ့ပြီး ၁၉၅၉ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး မှတ်တမ်းလည်း ဖြစ်ပါတယ်။

တန်းဆင်းဇုန်နား ကပ်နေတဲ့ အခြေအတွေကြောင့် လောင်းကစား ဝက်ဘ်ဆိုက် Ladbrokesက အာဆင်နယ်ကို လာမယ့်ရာသီ ချန်ပီယံရှစ်မှာ ဗိုလ်စွဲနိုင်တဲ့ အသင်း၁သင်းအဖြစ် ကြေးဖွင့်ပေးထားပါ။

ဘွတ်ကီတွေဟာ ဂန်းနားတွေ ချန်ပီယံရှစ်ကို ဗိုလ်စွဲမယ်ဆိုရင် ၆၆/၁ အကျောပေးမှု ပြုလုပ်ထားခဲ့ပါတယ်။ Ladbrokesက အဲလက်စ် အပါတီက “အာဆင်နယ် ပရိသတ်တွေက သူတို့အသင်းကို ဆုဖလား စိန်ခေါ်စေချင်နေကြပါတယ်။ လက်ရှိ အခြေအနေတွေအရ အဖြစ်နိုင်ဆုံးကတော့ လာမယ့်ရာသီ ချန်ပီယံရှစ်ဖလားကို စိန်ခေါ်တာပါပဲ”လို့ ပြောခဲ့ပါတယ်။

ဂန်းနားတွေဟာ ဘန်လေကို ရှုံးခဲ့ပြီးနောက် အိမ်ကွင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အာဆင်နယ်ဟာ ဆောက်သမ်တန်နဲ့ ပွဲပြီးရင် အဲဗာတန်၊ မန်စီးတီးနဲ့ ချဲလ်ဆီးတို့ကို ဆက်တိုက် ကစားရဖို့ ရှိနေတာကြောင့် အာတီတာဟာလည်း ရာသီမကုန်ခင် အထုတ်ခံရမယ့် နည်းပြစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဆင္နယ္အသင္း လာမယ့္ရာသီ ခ်န္ပီယံရွစ္မွာ ဗိုလ္စြဲမယ္ဆုိရင္ ၆၆/၁ လို႕ ဘြတ္ကီေတြ ေၾကးဖြင့္ထား

အာဆင္နယ္အသင္းက လာမယ့္ရာသီ ခ်န္ပီယံရွစ္မွာ ဗိုလ္စြဲမယ့္ အသင္း၁သင္းအျဖစ္ ဘူကီေတြက ေၾကးဖြင့္ထားေၾကာင္း သိရပါတယ္။ ဂန္းနားေတြဟာ ဒီႏွစ္ရာသီ ပရီးမီးယားလိဂ္ အဆင့္၁၅ ေနရာကို ေရာက္ရွိေနျပိး (၁၂) ပြဲကစားရာမွာ (၇) ပြဲ ရႈံးထားကာ တန္းဆင္းဇုန္နဲ႔ (၅) မွတ္အကြာမွာသာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ျပီးခဲ့တဲ့ ပဲြစဥ္မွာလည္း ဘန္ေလကကို အူဘာမီယန္ရဲ႕ OGဂိုးနဲ႔အတူ အိမ္ကြင္းမွာ အရႈံးေပးခဲ့ရပါတယ္။ အဆိုပါ ရႈံးပဲြေၾကာင့္ အာဆင္နယ္ဟာ အိမ္ကြင္း ၄ပဲြဆက္ ရႈံးခဲ့ျပီး ၁၉၅၉ခုႏွစ္ေနာက္ပုိင္း အဆုိးရြားဆံုး မွတ္တမ္းလည္း ျဖစ္ပါတယ္။

တန္းဆင္းဇုန္နား ကပ္ေနတဲ့ အေျခအေတြေၾကာင့္ ေလာင္းကစား ၀က္ဘ္ဆုိက္ Ladbrokesက အာဆင္နယ္ကို လာမယ့္ရာသီ ခ်န္ပီယံရွစ္မွာ ဗုိလ္စြဲႏုိင္တဲ့ အသင္း၁သင္းအျဖစ္ ေၾကးဖြင့္ေပးထားပါ။ ဘြတ္ကီေတြဟာ ဂန္းနားေတြ ခ်န္ပီယံရွစ္ကို ဗိုလ္စြဲမယ္ဆုိရင္ ၆၆/၁ အေက်ာေပးမႈ ျပဳလုပ္ထားခဲ့ပါတယ္။ Ladbrokesက အဲလက္စ္ အပါတီက “အာဆင္နယ္ ပရိသတ္ေတြက သူတို႔အသင္းကို ဆုဖလား စိန္ေခၚေစခ်င္ေနၾကပါတယ္။ လက္ရွိ အေျခအေနေတြအရ အျဖစ္ႏုိင္ဆံုးကေတာ့ လာမယ့္ရာသီ ခ်န္ပီယံရွစ္ဖလားကို စိန္ေခၚတာပါပဲ”လို႔ ေျပာခဲ့ပါတယ္။

ဂန္းနားေတြဟာ ဘန္ေလကို ရႈံးခဲ့ျပီးေနာက္ အိမ္ကြင္းပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္မႈေတြနဲ႔ ရင္ဆုိင္ခဲ့ရပါတယ္။ အာဆင္နယ္ဟာ ေဆာက္သမ္တန္နဲ႔ ပြဲျပီးရင္ အဲဗာတန္၊ မန္စီးတီးနဲ႔ ခ်ဲလ္ဆီးတို႔ကို ဆက္တုိက္ ကစားရဖို႔ ရွိေနတာေၾကာင့္ အာတီတာဟာလည္း ရာသီမကုန္ခင္ အထုတ္ခံရမယ့္ နည္းျပစာရင္းမွာ ပါ၀င္လာခဲ့ပါတယ္။