
အင်္ဂါနေ့မှာ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲျတွေထဲက ဆင်နယ်-ဝုဖ်ပွဲနဲ့
လိဒ်စ်-ဗီလာပွဲတွေကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ရွေ့ဆိုင်းပေးလိုက်ပါတယ်။
ဝုဖ်နဲ့လိဒ်စ်မှာ ကိုဗစ်ကူးစက်မှုတွေ ရှိနေတာကြောင့် ရွေ့ဆိုင်းပေးလိုက်တာပါ။
ကိုဗစ်ကူးစက်နေသူတွေနဲ့ ဒဏ်ရာရကစားသမားတွေကြောင့် ပွဲကစားနိုင်တဲ့
ကစားသမားအရေအတွက်သတ်မှတ်ချက် မရှိတာကြောင့် ပွဲရွေ့ဆိုင်းပေးဖို့
ဝုဖ်က တောင်းဆိုလာတဲ့အပေါ်မှာ ပရီးမီးယားလိဂ်ဘုတ်အဖွဲ့က
ဆုံးဖြတ်ပေးလိုက်တာဖြစ်ပြီး ပရိသတ်တွေကိုလည်း ကြေညာချက်မှာ
ထည့်သွင်းတောင်းပန်ခဲ့ပါတယ်။
ဝုဖ်ဟာ ဒီဇင်ဘာ ၂၆ က ဝက်ဖို့ဒ်ကိုအိမ်ကွင်းလက်ခံကစားရမယ့်ပွဲကိုလည်း ရွေ့ဆိုင်းခဲ့ရတာပါ။
အဲဒိပွဲကတော့ ဝက်ဖို့ဒ်မှာ ကိုဗစ်ပြသာနာ ရှိနေလို့ ရွေ့ခဲ့ရတာဖြစ်ပြီး
အာဆင်နယ်-ဝုဖ်ပွဲကလည်း ဒီဇင်ဘာလတစ်လအတွင်းမှာပဲ
အင်္ဂလိပ်ထိပ်တန်းလိဂ်ပြိုင်ပွဲတွေထဲက ၁၅ ပွဲမြောက် ရွေ့ဆိုင်းပွဲဖြစ်ခဲ့ပါတယ်။
အာဆင်နယ်-ဝုဖ်ပွဲမတိုင်မီ လိဒ်စ်-ဗီလာပွဲကိုလည်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က
ရွေ့ဆိုင်းပေးခဲ့ပါတယ်။
ဗီလာမှာလည်း နည်းပြဂျရတ်ကိုယ်တိုင်
ကိုဗစ်ကူးစက်နေပြီး ကစားသမားအချို့ပါ ကိုဗစ်ကူးစက်မှု ရှိနေပေမယ့်
လိဒ်စ်က ပိုဆိုးနေလို့ ပွဲရွေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာပါ။
လိဒ်စ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ကိုဗစ်ထပ်မံကူးစက်တဲ့ ကစားသမားတွေ
မရှိခဲ့ပေမယ့် ကိုဗစ်ကြောင့် သီးခြားခွဲနေရတဲ့ ကစားသမားတွေ၊ ဒဏ်ရာရနေတဲ့
ကစားသမားတွေကြောင့် ပွဲကစားဖို့ လုံးဝ မလုံလောက်တော့ဘူးလို့ ပါရှိခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပွဲတွေအတွက် ကြံခိုင်မှု ရှိတဲ့ ကစားသမား ၁၃ ဦး၊
ဂိုးသမားတစ်ဦး၊ စုစုပေါင်း ၁၄ ဦးရှိရင် ပွဲကစားရမှာဖြစ်ပေမယ့်
လတ်တလော လိဒ်စ်မှာ အဲ့ဒိအရေအတွက်တောင် မရှိတဲ့အထိ
ကိုဗစ်နဲ့ ဒဏ်ရာတွေက နှိပ်စက်နေပါတယ်။
zawgyi
အာဆင်နယ်-ဝုဖ်ပွဲ၊ လိဒိစ်-ဗီလာတွေကို ကိုဗစ်ကြောင့် ရွေ့ဆိုင်း
အင်္ဂါနေ့မှာ ကစားရမယ့် ပရီးမီးယားလိဂ်ပျွဲတွေထဲက ဆင်နယ်-ဝုဖ်ပွဲနဲ့