အာဆင်ဝင်းဂါးကို လွမ်းတော်မူတဲ့ အကျဉ်ခံ ကစားသမား အိုဇေးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းမှာ အပစ်ပယ်ခံ၊ အကျဉ်ခံထားရတဲ့ နာမည်ကျော် ကစားသမားကတော့ ကွင်းလယ်ဖန်တီးရှင် အိုဇေးလ်ပါပဲ။ ကွင်းအတွင်းမှာ အစွမ်းပြခွင့် မရတဲ့ အိုဇေးလ်ဟာ အာဆင်နယ် အသင်းအနေနဲ့ အာဆင်ဝင်းဂါးကို လွမ်းနေတာဖြစ်နိုင်ကြောင်း တွစ်တာ မှာ ပြုလုပ်တဲ့ အမေးအဖြေကဏ္ဍမှာ ပြောဆိုခဲ့ပါတယ်။ အာဆင်ဝင်းဂါး ဟာ အာဆင်နယ် အသင်းကို ၁၉၉၆ စက်တင်ဘာလ ကနေ ၂၀၁၈ မေလ အထိ ၂၂ နှစ်ကြာအောင် ကိုင်တွယ် နည်းပြခဲ့ပြီးတော့ အသင်းကို ပရီးမီးယားလိဂ် ဖလား သုံးကြိမ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

“အာဆင်ဝင်းဂါးက အတော်လေး တော်တဲ့ နည်းပြ တစ်ဦးပါ။ သူက ကျွန်တော့် အတွက်ရော၊ တခြား ကစားသမားတွေ အတွက်ရော ဖခင် တစ်ယောက်လိုပါပဲ။ အာဆင်နယ်မှာ ရှိတဲ့ ကစားသမားအများစု အနေနဲ့ သူ့ကို လွမ်းနေကြမယ်လို့ ကျွန်တော် ထင်ပါတယ် ” လို့ အိုဇေးလ်က ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း အိုဇေးလ်က “ဒီအခြေအနေဟာ အားလုံးအတွက် စိတ်ပျက်စရာပါပဲ။ အထူးသဖြင့် ကျွန်တော် အခုအချိန်မှာ အသင်းကို ကူညီပေးဖို့အတွက် ဆန္ဒရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ ဒီလိုအခွင့်အရေး မရပါဘူး။ ကျွန်တော်တို့ အမြန်ဆုံး ရလဒ်ကောင်းတွေ ရလာမယ်လို့တော့ မျှော်လင့်ထားပါတယ်”ဆိုပြီး ပြောဆိုပါတယ်။

အာဆင်ဝင်းဂါးနေရာကို ဆက်ခံခဲ့တဲ့ အူနိုင်းအမ်မရီ ကိုအာဆင်နယ် အသင်း က ၂၀၁၉ နိုဝင်ဘာလ မှာ ထုတ်ပယ်ခဲ့ပြီးတော့ လက်ရှိမှာတော့ အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ အာတီတာ ကို နည်းပြအဖြစ်ခန့်အပ်ထားပါတယ်။

အာတီတာတစ်ယောက်လည်း ပြုတ်စော်နံနေပါပြီ။ အခုအချိန်မှာအာဆင်နယ်အသင်းဟာ တန်းဆင်းဇုန်ထဲကို ရောက်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

ဂန်းနားတို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅နေရာမှာ ရပ်တည်နေသလို တန်းဆင်းဇုန်ထဲကို ရောက်ရှိဖို့ ရမှတ် ၄မှတ်သာ ကွာဟနေပါတယ်။ အိုဇေးလ် တစ်ယောက် အာဆင်နယ်အသင်းအတွက် နောက်ဆုံး ကစားပေးထားတဲ့ ပွဲကတော့ မတ်လ၇ရက်က ဝက်စ်ဟမ်းကို ၁-ဝဂိုးနဲ့ အနိုင်ရတဲ့ ပွဲပဲ ဖြစ်ပါတယ်။

နည်းပြ အာတီတာ ဟာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်တဲ့ အိုဇေးလ် ကို ဒီရာသီ ပရီးမီးယားလိဂ် ၂၅ ယောက်လူစာရင်းမှာရော၊ ယူရိုပါလိဂ်ပြိုင်ပွဲ လူစာရင်း ကနေပါ ချန်လှပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိုဇေးလ်ကတော့ အခုလက်ရှိအချိန်ထိ တစ်ပတ်ကို ပေါင် ၃၅၀,၀၀၀ နဲ့ အသင်းမှာ လစာ အများဆုံးကစားသမား အဖြစ် ရှိနေသေးတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ အိမ်ကွင်းမှာ ချဲလ်ဆီးအသင်းနဲ့ (၂၆)ရက်နေ့ ဘောက်ဆင်ဒေး မှာ ပရီမီးယားလိဂ်ပွဲစဉ်တစ်ပွဲ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဆင္ဝင္းဂါးကို လြမ္းေတာ္မူတဲ့ အက်ဥ္ခံ ကစားသမား အိုေဇးလ္

အာဆင္နယ္အသင္းမွာ အပစ္ပယ္ခံ၊ အက်ဥ္ခံထားရတဲ့ နာမည္ေက်ာ္ ကစားသမားကေတာ့ ကြင္းလယ္ဖန္တီးရွင္ အိုေဇးလ္ပါပဲ။ ကြင္းအတြင္းမွာ အစြမ္းျပခြင့္ မရတဲ့ အိုေဇးလ္ဟာ အာဆင္နယ္ အသင္းအေနနဲ႔ အာဆင္ဝင္းဂါးကို လြမ္းေနတာျဖစ္ႏိုင္ေၾကာင္း တြစ္တာ မွာ ျပဳလုပ္တဲ့ အေမးအေျဖက႑မွာ ေျပာဆိုခဲ့ပါတယ္။ အာဆင္ဝင္းဂါး ဟာ အာဆင္နယ္ အသင္းကို ၁၉၉၆ စက္တင္ဘာလ ကေန ၂၀၁၈ ေမလ အထိ ၂၂ ႏွစ္ၾကာေအာင္ ကိုင္တြယ္ နည္းျပခဲ့ၿပီးေတာ့ အသင္းကို ပရီးမီးယားလိဂ္ ဖလား သုံးႀကိမ္ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သူ ျဖစ္ပါတယ္။

“အာဆင္ဝင္းဂါးက အေတာ္ေလး ေတာ္တဲ့ နည္းျပ တစ္ဦးပါ။ သူက ကြၽန္ေတာ့္ အတြက္ေရာ၊ တျခား ကစားသမားေတြ အတြက္ေရာ ဖခင္ တစ္ေယာက္လိုပါပဲ။ အာဆင္နယ္မွာ ရွိတဲ့ ကစားသမားအမ်ားစု အေနနဲ႔ သူ႔ကို လြမ္းေနၾကမယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္ ” လို႔ အိုေဇးလ္က ေျပာဆိုခဲ့ပါတယ္။ ဆက္လက္ၿပီးေတာ့လည္း အိုေဇးလ္က “ဒီအေျခအေနဟာ အားလုံးအတြက္ စိတ္ပ်က္စရာပါပဲ။ အထူးသျဖင့္ ကြၽန္ေတာ္ အခုအခ်ိန္မွာ အသင္းကို ကူညီေပးဖို႔အတြက္ ဆႏၵရွိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္မွာ ဒီလိုအခြင့္အေရး မရပါဘူး။ ကြၽန္ေတာ္တို႔ အျမန္ဆုံး ရလဒ္ေကာင္းေတြ ရလာမယ္လို႔ေတာ့ ေမွ်ာ္လင့္ထားပါတယ္”ဆိုၿပီး ေျပာဆိုပါတယ္။

အာဆင္ဝင္းဂါးေနရာကို ဆက္ခံခဲ့တဲ့ အူႏိုင္းအမ္မရီ ကိုအာဆင္နယ္ အသင္း က ၂၀၁၉ ႏိုဝင္ဘာလ မွာ ထုတ္ပယ္ခဲ့ၿပီးေတာ့ လက္ရွိမွာေတာ့ အသင္းရဲ႕ ကစားသမားေဟာင္း ျဖစ္သူ အာတီတာ ကို နည္းျပအျဖစ္ခန႔္အပ္ထားပါတယ္။ အာတီတာတစ္ေယာက္လည္း ျပဳတ္ေစာ္နံေနပါၿပီ။ အခုအခ်ိန္မွာအာဆင္နယ္အသင္းဟာ တန္းဆင္းဇုန္ထဲကို ေရာက္ဖို႔ နီးစပ္ေနၿပီ ျဖစ္ပါတယ္။ ဂန္းနားတို႔ဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္ ၁၅ေနရာမွာ ရပ္တည္ေနသလို တန္းဆင္းဇုန္ထဲကို ေရာက္ရွိဖို႔ ရမွတ္ ၄မွတ္သာ ကြာဟေနပါတယ္။အိုေဇးလ္ တစ္ေယာက္ အာဆင္နယ္အသင္းအတြက္ ေနာက္ဆုံး ကစားေပးထားတဲ့ ပြဲကေတာ့ မတ္လ၇ရက္က ဝက္စ္ဟမ္းကို ၁-ဝဂိုးနဲ႔ အႏိုင္ရတဲ့ ပြဲပဲ ျဖစ္ပါတယ္။

နည္းျပ အာတီတာ ဟာ အသင္းရဲ႕ အဓိက ကစားသမား ျဖစ္တဲ့ အိုေဇးလ္ ကို ဒီရာသီ ပရီးမီးယားလိဂ္ ၂၅ ေယာက္လူစာရင္းမွာေရာ၊ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲ လူစာရင္း ကေနပါ ခ်န္လွပ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အိုေဇးလ္ကေတာ့ အခုလက္ရွိအခ်ိန္ထိ တစ္ပတ္ကို ေပါင္ ၃၅၀,၀၀၀ နဲ႔ အသင္းမွာ လစာ အမ်ားဆုံးကစားသမား အျဖစ္ ရွိေနေသးတာ ျဖစ္ပါတယ္။ အာဆင္နယ္ဟာ အိမ္ကြင္းမွာ ခ်ဲလ္ဆီးအသင္းနဲ႕ (၂၆)ရက္ေန႕ ေဘာက္ဆင္ေဒး မွာ ပရီမီးယားလိဂ္ပြဲစဥ္တစ္ပြဲ ယွဥ္ျပိဳင္သြားရမွာျဖစ္ပါတယ္။