
အင်္ဂလိပ်ကလပ်များဟာနှစ်သစ်ကူးအလွန်တွင်လည်းဘောလုံးပရိသတ်များအား
ကွင်းအတွင်းဆက်လက်ဝင်ရောက်ကြည့်ခွင့်ပေးရန်တောင်းဆိုမှုပြုလုပ်လာပါတယ်။
စကော့တလန်တွင်ဘောလုံးပွဲများအားပရိသတ် ၅၀၀ ဦးထက်
ပိုမိုကြည့်ခွင့်မပေးလာမှုနဲ့အတူအင်္ဂလန်တွင်လည်းယင်းသို့ဘောလုံးပရိသတ်များအား
ကွင်းအတွင်းသို့ဝင်ရောက်ကြည့်ခွင့်ကန့်သတ်ပိတ်ပင်မှုများပြုလုပ်လာမည်ကို
စိုးရိမ်နေရပါတယ်။ဗြိတိန်အစိုးရကမကြာသေးမီတုန်းကဘောက်ဆင်ဒေးပွဲစဉ်များကို
ပရိသတ်အပြည့်ဖြင့်ဝင်ရောက်ကြည့်ခွင့်ပေးသွားမည်ဖြစ်ကြောင်း၊
သို့ရာတွင်နှစ်သစ်ကူးကာလတွင်မူကိုဗစ်စည်းကမ်းသစ်ထုတ်ပြန်ပြီး
တင်းကြပ်လာနိုင်ကြောင်းဆိုထားပါတယ်။
ကျူပီအာအမှုဆောင်ချုပ်လီဟိုးစ်ကအာဏာပိုင်များအား
ပြင်းထန်တဲ့ဆုံးဖြတ်ချက်မချမှတ်ရန်တိုက်တွန်းသွားသလို အက်ခရင်တန်ပိုင်ရှင်
အင်ဒီဟော့ကလည်းကွင်းပိတ်ကစားရမည်ဆိုပါကကလပ်များရဲ့
ဘဏ္ဍာရေးအခြေအနေမှာပိုမိုယိမ်းယိုင်လာမည်ဖြစ်ကြောင်းဆိုထားပါတယ်။
ပရီးမီးယားလိဂ်မှဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်နှင့်
မန်စီးတီးနည်းပြဂွါဒီယိုလာတို့ကလည်းပရိသတ်ဝင်ကြည့်ခွင့်မရပါက
ဘောလုံးကလပ်များနစ်နာလာမည်ဖြစ်ပြီးလုံခြုံရေးအတွက်ပရိသတ်အားလုံးကို
နှာခေါင်းစည်းတပ်ကာကြည့်စေသင့်ကြောင်းဆိုထားပါတယ်။
ပရီးမီးယားလိဂ်ကလပ်များဟာကိုဗစ်မတိုင်မီ ၂၀၁၈-၁၉ ရာသီတုန်းက
စုစုပေါင်းကွင်းဝင်ကြေးပေါင်သန်း၇၀၀အထိရှရှိခဲ့ကြပါတယ်။
ယူနိုက်တက်မှာပေါင်၁၁၁သန်းနှင့်အာဆင်နယ်မှပေါင်၉၆သန်းအထိရရှိခဲ့ကြပါတယ်။
ဒါပေမဲ့ကိုဗစ်ရိုက်ခတ်တဲ့ပြီးခဲ့တဲ့၂၀၂၀ခုနှစ်မတ်လမစတင်ကာကလပ်များဟာ
ရုပ်သံဝင်ငွေကိုသာအားကိုးလာရပြီး စပွန်ဆာခဝင်ငွေမှာလည်း
ပရိသတ်ကွင်းအတွင်းမဝင်ရောက်မှုနဲ့အတူ လျှော့ကျသွားခဲ့ပါတယ်။
အထူးသဖြင့်လိဂ်၁၊လိဂ်၂တို့မှကလပ်များမှာစပွန်ဆာဝင်ငွေ နည်းပါးမှုနဲ့အတူ
ဂိတ်ဝင်ကြေးကိုသာအဓိကထားအားကိုးနေရရာ ယခုတစ်ကြိမ်
ကွင်းထပ်ပိတ်မည်ဆိုပါက ဘဏ္ဍာရေး အခြေအနေ ဆိုးသထက်ဆိုးလာနိုင်ပါတယ်။
zawgyi
အာဏာပိုင္မ်ားအား ျပင္းထန္တဲ့ဆုံးျဖတ္ခ်က္မခ်မွတ္ရန္ တိုက္တြန္း
အဂၤလိပ္ကလပ္မ်ားဟာႏွစ္သစ္ကူးအလြန္တြင္လည္းေဘာလုံးပရိသတ္မ်ားအား
ကြင္းအတြင္းဆက္လက္ဝင္ေရာက္ၾကည့္ခြင့္ေပးရန္ေတာင္းဆိုမႈျပဳလုပ္လာပါတယ္။
စေကာ့တလန္တြင္ေဘာလုံးပြဲမ်ားအားပရိသတ္ ၅၀၀ ဦးထက္
ပိုမိုၾကည့္ခြင့္မေပးလာမႈနဲ႔အတူအဂၤလန္တြင္လည္းယင္းသို႔ေဘာလုံးပရိသတ္မ်ားအား
ကြင္းအတြင္းသို႔ဝင္ေရာက္ၾကည့္ခြင့္ကန႔္သတ္ပိတ္ပင္မႈမ်ားျပဳလုပ္လာမည္ကို
စိုးရိမ္ေနရပါတယ္။ၿဗိတိန္အစိုးရကမၾကာေသးမီတုန္းကေဘာက္ဆင္ေဒးပြဲစဥ္မ်ားကို
ပရိသတ္အျပည့္ျဖင့္ဝင္ေရာက္ၾကည့္ခြင့္ေပးသြားမည္ျဖစ္ေၾကာင္း၊
သို႔ရာတြင္ႏွစ္သစ္ကူးကာလတြင္မူကိုဗစ္စည္းကမ္းသစ္ထုတ္ျပန္ၿပီး
တင္းၾကပ္လာႏိုင္ေၾကာင္းဆိုထားပါတယ္။
က်ဴပီအာအမႈေဆာင္ခ်ဳပ္လီဟိုးစ္ကအာဏာပိုင္မ်ားအား
ျပင္းထန္တဲ့ဆုံးျဖတ္ခ်က္မခ်မွတ္ရန္တိုက္တြန္းသြားသလို အက္ခရင္တန္ပိုင္ရွင္
အင္ဒီေဟာ့ကလည္းကြင္းပိတ္ကစားရမည္ဆိုပါကကလပ္မ်ားရဲ႕
ဘ႑ာေရးအေျခအေနမွာပိုမိုယိမ္းယိုင္လာမည္ျဖစ္ေၾကာင္းဆိုထားပါတယ္။
ပရီးမီးယားလိဂ္မွဝက္စ္ဟမ္းနည္းျပေဒးဗစ္မိုယက္စ္ႏွင့္
မန္စီးတီးနည္းျပဂြါဒီယိုလာတို႔ကလည္းပရိသတ္ဝင္ၾကည့္ခြင့္မရပါက
ေဘာလုံးကလပ္မ်ားနစ္နာလာမည္ျဖစ္ၿပီးလုံၿခဳံေရးအတြက္ပရိသတ္အားလုံးကို
ႏွာေခါင္းစည္းတပ္ကာၾကည့္ေစသင့္ေၾကာင္းဆိုထားပါတယ္။
ပရီးမီးယားလိဂ္ကလပ္မ်ားဟာကိုဗစ္မတိုင္မီ ၂၀၁၈-၁၉ ရာသီတုန္းက
စုစုေပါင္းကြင္းဝင္ေၾကးေပါင္သန္း၇၀၀အထိရွရွိခဲ့ၾကပါတယ္။
ယူႏိုက္တက္မွာေပါင္၁၁၁သန္းႏွင့္အာဆင္နယ္မွေပါင္၉၆သန္းအထိရရွိခဲ့ၾကပါတယ္။
ဒါေပမဲ့ကိုဗစ္႐ိုက္ခတ္တဲ့ၿပီးခဲ့တဲ့၂၀၂၀ခုႏွစ္မတ္လမစတင္ကာကလပ္မ်ားဟာ
႐ုပ္သံဝင္ေငြကိုသာအားကိုးလာရၿပီး စပြန္ဆာခဝင္ေငြမွာလည္း
ပရိသတ္ကြင္းအတြင္းမဝင္ေရာက္မႈနဲ႔အတူ ေလွ်ာ့က်သြားခဲ့ပါတယ္။
အထူးသျဖင့္လိဂ္၁၊လိဂ္၂တို႔မွကလပ္မ်ားမွာစပြန္ဆာဝင္ေငြ နည္းပါးမႈနဲ႔အတူ
ဂိတ္ဝင္ေၾကးကိုသာအဓိကထားအားကိုးေနရရာ ယခုတစ္ႀကိမ္
ကြင္းထပ္ပိတ္မည္ဆိုပါက ဘ႑ာေရး အေျခအေန ဆိုးသထက္ဆိုးလာႏိုင္ပါတယ္။