အာတီတာကိုထုတ်ရင် အကြီးကြီးမှားသွားမှာပေါ့လို့ ဆိုလိုက်တဲ့ ဂွါဒီယိုလာ

တကယ်လို့ သူ့ရဲ့လက်ထောက်ဟောင်းအာတီတာကိုထုတ်မယ်ဆိုရင် အာဆင်နယ်ဟာ အကြီးကြီးမှားသွားလိမ့်မယ်လို့ မန်စီးတီးနည်းပြဂွါဒီယိုလာက အခိုင်အမာပြောကြားလိုက်ပါတယ်။

အင်္ဂါညက ကစားခဲ့တဲ့ ကာရာဘောင်းဖလားကွာတားဖိုင်နယ်မှာ ဂွါဒီယိုလာရဲ့အသင်းဟာ အမ်းမရိတ်စ်ကွင်းမှာပဲ အာဆင်နယ်ကို ၄-၁ နဲ့ အနိုင်ရသွားခဲ့ပြီး အဲဒီအတွက် အာတီတာအပေါ်မှာ ဖိအားတွေပိုမိုကျရောက်လာပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း ၁၄ ပွဲကစားပြီးချိန် အဆင့် ၁၅ နေရာကိုရောက်ရှိနေတာဖြစ်ပြီး နောက်ဆုံးလိဂ် ၁၀ ပွဲမှာ ၇ ပွဲရှုံးထားတာပါ။

အာဆင်နယ်အသင်း ဒီလိုအခြေအနေဆိုးနဲ့ ကြုံတွေ့နေရပေမယ့် ဂွါဒီယိုလာကတော့ အာတီတာနဲ့သာ ဆက်သွားသွင့်ပြီး တကယ်လို့ ထုတ်ပယ်မှုလုပ်ရင် အမှားလုပ်တာ ဖြစ်လိမ့်မယ်လို့ ဆိုလိုက်တာပါ။

”သူတို့သာ အာတီတာကို ထုတ်ပယ်မယ်ဆိုရင် အရမ်းကြီးမားတဲ့အမှားတစ်ခုကို ကျူးလွန်သလိုဖြစ်သွားမှာပါ အာတီတာကို သူတို့ဆက်ယုံကြည်မယ်လို့ ကျွန်တော်သေချာပြောရဲပါတယ်။ လက်ရှိရလဒ်ပိုင်းအခြေအနေကို ကျွန်တော်နားလည်ပါတယ်”လို့ ဂွါဒီယိုလာက ဆိုခဲ့တာပါ။

ဆက်လက်ပြီး ဂွါဒီယိုလာက”ဒါပေမဲ့ သူနဲ့ကျွန်တော် နှစ်ပေါင်းများစွာ အတူတူလုပ်ခဲ့တာဖြစ်လို့ လူသားတစ်ယောက်အနေနဲ့ အထူးသဖြင့် နည်းပြတစ်ယောက်တစ်ယောက်အနေနဲ့ သူ့အရည်အသွေးကို ကျွန်တော်ကောင်းကောင်းသိပါတယ်။ အချိန်တစ်ခုသာလိုအပ်ပြီး သူကောင်းကောင်းလုပ်နိုင်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာလည်း ပွဲစဉ်အနေအထားဟာ အာဆင်နယ်အတွက် ပိုမိုခက်ခဲလာပြီး သူတို့ဟာ ဘောက်ဆင်ဒေးနေ့မှာ ချဲလ်ဆီးကို ဧည့်ခံရဖို့ရှိကာ အဲဒီနောက် ပရီးမီးယားလိဂ်မှာပဲ အဝေးကွင်းနှစ်ပွဲဆက်တိုက်ကစားရဖို့ ရှိနေပါတယ်။

Zawgyi

အာတီတာကိုထုတ္ရင္ အႀကီးႀကီးမွားသြားမွာေပါ့လို႔ ဆိုလုိက္တဲ့ ဂြါဒီယိုလာ

တကယ္လုိ႔ သူ႔ရဲ႕လက္ေထာက္ေဟာင္းအာတီတာကိုထုတ္မယ္ဆိုရင္ အာဆင္နယ္ဟာ အႀကီးႀကီးမွားသြားလိမ့္မယ္လို႔ မန္စီးတီးနည္းျပဂြါဒီိယုိလာက အခုိင္အမာေျပာၾကားလိုက္ပါတယ္။

အဂၤါညက ကစားခဲ့တဲ့ ကာရာေဘာင္းဖလားကြာတားဖိုင္နယ္မွာ ဂြါဒီယိုလာရဲ႕အသင္းဟာ အမ္းမရိတ္စ္ကြင္းမွာပဲ အာဆင္နယ္ကို ၄-၁ နဲ့ အႏိုင္ရသြားခဲ့ၿပီး အဲဒီအတြက္ အာတီတာအေပၚမွာ ဖိအားေတြပိုမိုက်ေရာက္လာပါတယ္။

အာဆင္နယ္ဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာလည္း ၁၄ ပြဲကစားၿပီးခ်ိန္ အဆင့္ ၁၅ ေနရာကိုေရာက္ရွိေနတာျဖစ္ၿပီး ေနာက္ဆုံးလိဂ္ ၁၀ ပြဲမွာ ၇ ပြဲရႈံးထားတာပါ။

အာဆင္နယ္အသင္း ဒီလိုအေျခအေနဆုိးနဲ႔ ႀကဳံေတြ႕ေနရေပမယ့္ ဂြါဒီယုိလာကေတာ့ အာတီတာနဲ႔သာ ဆက္သြားသြင့္ၿပီး တကယ္လုိိ႔ ထုတ္ပယ္မႈလုပ္ရင္ အမွားလုပ္တာ ျဖစ္လိမ့္မယ္လုို႔ ဆုိလုိက္တာပါ။

”သူတုိ႔သာ အာတီတာကို ထုတ္ပယ္မယ္ဆုိရင္ အရမ္းႀကီးမားတဲ့အမွားတစ္ခုကုိ က်ဴးလြန္သလိုျဖစ္သြားမွာပါ အာတီတာကို သူတုိ႔ဆက္ယုံၾကည္မယ္လုိ႔ ကၽြန္ေတာ္ေသခ်ာေျပာရဲပါတယ္။ လက္ရွိရလဒ္ပိုင္းအေျခအေနကို ကၽြန္ေတာ္နားလည္ပါတယ္”လုိ႔ ဂြါဒီယိုလာက ဆုိခဲ့တာပါ။

ဆက္လက္ၿပီး ဂြါဒီယိုလာက”ဒါေပမ့ဲ သူနဲ႔ကၽြန္ေတာ္ ႏွစ္ေပါင္းမ်ားစြာ အတူတူလုပ္ခဲ့တာျဖစ္လုိ႔ လူသားတစ္ေယာက္အေနနဲ႔ အထူးသျဖင့္ နည္းျပတစ္ေယာက္တစ္ေယာက္အေနနဲ႔ သူ႔အရည္အေသြးကို ကၽြန္ေတာ္ေကာင္းေကာင္းသိပါတယ္။ အခ်ိန္တစ္ခုသာလုိအပ္ၿပီး သူေကာင္းေကာင္းလုပ္ႏိုင္မွာပါ”လုိ႔ ေျပာၾကားခဲ့ပါတယ္။

လက္ရွိမွာလည္း ပြဲစဥ္အေနအထားဟာ အာဆင္နယ္အတြက္ ပိုမိုခက္ခဲလာၿပီး သူတုိ႔ဟာ ေဘာက္ဆင္ေဒးေန႔မွာ ခ်ဲလ္ဆီးကို ဧည့္ခံရဖို႔ရွိကာ အဲဒီေနာက္ ပရီးမီးယားလိဂ္မွာပဲ အေ၀းကြင္းႏွစ္ပြဲဆက္တိုက္ကစားရဖုိ႔ ရွိေနပါတယ္။