အာတီတာကြီးကြပ်မှာဖြစ်ပေမယ့် ကလော့ပ် ကြီးကြပ်နိုင်မှာ မဟုတ်တဲ့ ခါရာဘောင်ဆီမီးပွဲ

မီခေးလ်အာတီတာဟာကိုဗစ်ကူးစက်ခံရမှုမှပြန်လည်ကောင်းမွန်လာပြီးနောက်

ကြာသပတေးနေ့တွင်လီဗာပူးအားခါရာဘောင်ဖလားဆီမီးဖိုင်နယ်

ပထမအကျော့ပွဲစဉ်အဖြစ်ဧည့်ခံကစားရမယ့်အမ်းမရိတ်ပွဲစဉ်မှာ

အာဆင်နယ်ကိုကြီးကြပ်လာနိုင်ပါမယ်။

ဒါပေမဲ့လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကတော့နက်ဂတစ်ဖြစ်နေဆဲဖြစ်နေမှုနဲ့အတူ

ကွာရန်တင်းဆက်လက်ဝင်နေရကာ အာဆင်နယ်နှင့်ပွဲစဉ်ကိုကြီးကြပ်နိုင်ဦးမှာ

မဟုတ်ပါဘူး။အသက်၃၉နှစ်ရှိစပိန်လူမျိုးနည်းပြဟာပြီးခဲ့တဲ့အပတ်တုန်းက

ဒုတိယအကြိမ်မြောက်အဖြစ်ကိုဗစ်ကူးစက်ခံရကြောင်းတွေ့ရှိရပြီးနောက်

စနေနေ့တုန်းကမန်စီးတီးကို၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲကိုကြီးကြပ်နိုင်ခဲ့ခြင်းမရှိပါဘူး။

သူဟာနေအိမ်မှပင်ပွဲကိုစောင့်ကြည့်နေခဲ့ရပြီးလက်ထောက်နည်းပြ

ကားလို့စ်ကူစတာနှင့်ဆက်သွယ်ကာအလုပ်လုပ်ခဲ့ပါတယ်။

သူဟာယနေ့ညနေပိုင်းတွင်ကွာရန်တင်း၇ရက်ပြည့်မှုနဲ့အတူ ဗုဒ္ဓဟူးနေ့မှစတင်ကာ

အာဆင်နယ်အသင်းကိုပြန်လည်ဦးဆောင်လာနိုင်ပါမယ်။

တဖက်တွင်အာဆင်နယ်တိုက်စစ်မှူးနကီတာမှာကိုဗစ်ကြောင့်

မန်စီးတီးပွဲကိုလွဲခဲ့ပြီးနောက်ကြံ့ခိုင်မှုပိုင်းစိုးရိမ်နေရပါတယ်။

ယခုရာသီတွင်အာဆင်နယ်အတွက်၉ပွဲကစားထားရာမှာ၁၀ဂိုးသွင်းယူထားတဲ့

နကီတာဟာ လီဗာပူးနှင့်ပွဲမှာပွဲထွက်လာဖို့မရေမရာဖြစ်နေပါတယ်။

လီဗာပူးတွင်နည်းပြကလော့ပ်အပြင်အလစ်ဆင်၊ဖာမီနိုတို့ဟာလည်း

ကိုဗစ်ကူးစက်ခံထားရပြီးအာဆင်နယ်နှင့်ပွဲမှာပါဝင်လာဖို့မရှိသေးပါဘူး။

အာဆင်နယ်နှင့်ပွဲစဉ်ကိုလည်းကလော့ပ်ရဲ့လက်ထောက်နည်းပြ

ပက်လင်ဒါကကြီးကြပ်သွားဦးမှာဖြစ်ပါတယ်။

zawgyi

အာတီတာႀကီးၾကပ္မွာျဖစ္ေပမယ့္ ကေလာ့ပ္ ႀကီးၾကပ္ႏိုင္မွာ မဟုတ္တဲ့ ခါရာေဘာင္ဆီမီးပြဲ

မီေခးလ္အာတီတာဟာကိုဗစ္ကူးစက္ခံရမႈမွျပန္လည္ေကာင္းမြန္လာၿပီးေနာက္

ၾကာသပေတးေန႔တြင္လီဗာပူးအားခါရာေဘာင္ဖလားဆီမီးဖိုင္နယ္

ပထမအေက်ာ့ပြဲစဥ္အျဖစ္ဧည့္ခံကစားရမယ့္အမ္းမရိတ္ပြဲစဥ္မွာ

အာဆင္နယ္ကိုႀကီးၾကပ္လာႏိုင္ပါမယ္။

ဒါေပမဲ့လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ကေတာ့နက္ဂတစ္ျဖစ္ေနဆဲျဖစ္ေနမႈနဲ႔အတူ

ကြာရန္တင္းဆက္လက္ဝင္ေနရကာ အာဆင္နယ္ႏွင့္ပြဲစဥ္ကိုႀကီးၾကပ္ႏိုင္ဦးမွာ

မဟုတ္ပါဘူး။အသက္၃၉ႏွစ္ရွိစပိန္လူမ်ိဳးနည္းျပဟာၿပီးခဲ့တဲ့အပတ္တုန္းက

ဒုတိယအႀကိမ္ေျမာက္အျဖစ္ကိုဗစ္ကူးစက္ခံရေၾကာင္းေတြ႕ရွိရၿပီးေနာက္

စေနေန႔တုန္းကမန္စီးတီးကို၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲကိုႀကီးၾကပ္ႏိုင္ခဲ့ျခင္းမရွိပါဘူး။

သူဟာေနအိမ္မွပင္ပြဲကိုေစာင့္ၾကည့္ေနခဲ့ရၿပီးလက္ေထာက္နည္းျပ

ကားလို႔စ္ကူစတာႏွင့္ဆက္သြယ္ကာအလုပ္လုပ္ခဲ့ပါတယ္။

သူဟာယေန႔ညေနပိုင္းတြင္ကြာရန္တင္း၇ရက္ျပည့္မႈနဲ႔အတူ ဗုဒၶဟူးေန႔မွစတင္ကာ

အာဆင္နယ္အသင္းကိုျပန္လည္ဦးေဆာင္လာႏိုင္ပါမယ္။

တဖက္တြင္အာဆင္နယ္တိုက္စစ္မႉးနကီတာမွာကိုဗစ္ေၾကာင့္

မန္စီးတီးပြဲကိုလြဲခဲ့ၿပီးေနာက္ႀကံ့ခိုင္မႈပိုင္းစိုးရိမ္ေနရပါတယ္။

ယခုရာသီတြင္အာဆင္နယ္အတြက္၉ပြဲကစားထားရာမွာ၁၀ဂိုးသြင္းယူထားတဲ့

နကီတာဟာ လီဗာပူးႏွင့္ပြဲမွာပြဲထြက္လာဖို႔မေရမရာျဖစ္ေနပါတယ္။

လီဗာပူးတြင္နည္းျပကေလာ့ပ္အျပင္အလစ္ဆင္၊ဖာမီႏိုတို႔ဟာလည္း

ကိုဗစ္ကူးစက္ခံထားရၿပီးအာဆင္နယ္ႏွင့္ပြဲမွာပါဝင္လာဖို႔မရွိေသးပါဘူး။

အာဆင္နယ္ႏွင့္ပြဲစဥ္ကိုလည္းကေလာ့ပ္ရဲ႕လက္ေထာက္နည္းျပ

ပက္လင္ဒါကႀကီးၾကပ္သြားဦးမွာျဖစ္ပါတယ္။