
အာဆင်နယ်နည်းပြမီခေးလ်အာတီတာဟာဒုတိယအကြိမ်မြောက်
ကိုဗစ်ပေါ့စတစ်တွေ့ရှိပြီးနောက်ဇန်နဝါရီလ၁ရက်နေ့မန်စီးတီးနှင့်
ရင်ဆိုင်ကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်ကိုကြီးကြပ်နိုင်မှာမဟုတ်ကြောင်းသိရပါတယ်။
အမ်းမရိတ်တွင်ကစားမယ့်မန်စီးတီးနှင့်ပွဲစဉ်ကို
အာဆင်နယ်လက်ထောက်နည်းပြများဖြစ်ကြတဲ့အယ်ဘတ်စတူဗင်ဘတ်နှင့်
စတိဗ်ရောင်းတို့ကကြီးကြပ်သွားပါမယ်။ကာလမ်ချမ်ဘား၊စီဒရစ်ဆွာရက်စ်၊
တိုမီယာဆုနှင့်အိန်စလေမိုင်လန်းနေးလ်တို့မှာလည်းကိုဗစ်ကူးစက်ခံထားရမှုကြောင့်
ဒီဇင်ဘာလ၂၆ရက်နေ့တုန်းကနော့ဝှစ်ချ်အား၅-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲကိုလွဲချော်ခဲ့ကြပါတယ်။
စပိန်လူမျိုးနည်းပြဟာ၂၀၂၀ခုနှစ်၊မတ်လတုန်းကလည်း
ကိုဗစ်ကူးစက်မှုခံခဲ့ရဖူးသူဖြစ်ပါတယ်။အက်စတွန်ဗီလာနည်းပြစတီဗင်ဂျရတ်၊
ခရစ္စတယ်ပဲလေ့စ်နည်းပြပက်ထရစ်ဗီအဲရာတို့ဟာလည်း
ကိုဗစ်ပေါ့စတစ်တွေ့ရှိမှုကြောင့်ခရစ္စမတ်ကာလပွဲများကိုကြီးကြပ်နိုင်ခဲ့ကြခြင်းမရှိပါဘူး။
အာဆင်နယ်ဟာနောက်ဆုံးလေးပွဲဆက်နိုင်ပွဲရရှိထားပြီး
ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၄နေရာမှာရပ်တည်နေပါတယ်။
zawgyi
အာတီတာ ဒုတိယအႀကိမ္ေျမာက္ ကိုဗစ္ေပါ့စတစ္ေတြ႕ရွိ
အာဆင္နယ္နည္းျပမီေခးလ္အာတီတာဟာဒုတိယအႀကိမ္ေျမာက္
ကိုဗစ္ေပါ့စတစ္ေတြ႕ရွိၿပီးေနာက္ဇန္နဝါရီလ၁ရက္ေန႔မန္စီးတီးႏွင့္
ရင္ဆိုင္ကစားရမယ့္ပရီးမီးယားလိဂ္ပြဲစဥ္ကိုႀကီးၾကပ္ႏိုင္မွာမဟုတ္ေၾကာင္းသိရပါတယ္။
အမ္းမရိတ္တြင္ကစားမယ့္မန္စီးတီးႏွင့္ပြဲစဥ္ကို
အာဆင္နယ္လက္ေထာက္နည္းျပမ်ားျဖစ္ၾကတဲ့အယ္ဘတ္စတူဗင္ဘတ္ႏွင့္
စတိဗ္ေရာင္းတို႔ကႀကီးၾကပ္သြားပါမယ္။ကာလမ္ခ်မ္ဘား၊စီဒရစ္ဆြာရက္စ္၊
တိုမီယာဆုႏွင့္အိန္စေလမိုင္လန္းေနးလ္တို႔မွာလည္းကိုဗစ္ကူးစက္ခံထားရမႈေၾကာင့္
ဒီဇင္ဘာလ၂၆ရက္ေန႔တုန္းကေနာ့ဝွစ္ခ်္အား၅-ဝဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲကိုလြဲေခ်ာ္ခဲ့ၾကပါတယ္။
စပိန္လူမ်ိဳးနည္းျပဟာ၂၀၂၀ခုႏွစ္၊မတ္လတုန္းကလည္း
ကိုဗစ္ကူးစက္မႈခံခဲ့ရဖူးသူျဖစ္ပါတယ္။အက္စတြန္ဗီလာနည္းျပစတီဗင္ဂ်ရတ္၊
ခရစၥတယ္ပဲေလ့စ္နည္းျပပက္ထရစ္ဗီအဲရာတို႔ဟာလည္း
ကိုဗစ္ေပါ့စတစ္ေတြ႕ရွိမႈေၾကာင့္ခရစၥမတ္ကာလပြဲမ်ားကိုႀကီးၾကပ္ႏိုင္ခဲ့ၾကျခင္းမရွိပါဘူး။
အာဆင္နယ္ဟာေနာက္ဆုံးေလးပြဲဆက္ႏိုင္ပြဲရရွိထားၿပီး
ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၄ေနရာမွာရပ္တည္ေနပါတယ္။