အာမက်ကို သူ့အသင်းထံ လာစေချင်တဲ့ ဗန်ပါစီ

မန်ယူအသင်းရဲ့ တိုက်စစ်မှုးဟောင်းတစ်ဦးဖြစ်တဲ့ ဗန်ပါစီကတော့ လက်ရှိမှာ

နယ်သာလန် ကလပ် ဖီယင်နု အသင်းရဲ့ လက်ထောက်နည်းပြအဖြစ်
တာဝန်ထမ်းဆောင်နေတာပါ။

ဗန်ပါစီဟာ ၎င်း နည်းပြနေတဲ့ အသင်းထံမန်ယူအသင်းရဲ့ လူငယ်ကစားသမား

အာမက် ဒီယာလို ကို အငှားလာရောက်ကစားဖို့ဆန္ဒရှိနေပါတယ်။ အာမက်ဟာ

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာကတည်းကဖီယင်နုအသင်းထံ အငှာ

းထွက်ကစားဖို့ နီးစပ်ခဲ့ပေမယ့် ဒဏ်ရာရသွားခဲ့တာကြောင့်
အစီအစဥ်ပျက်ပြယ်ခဲ့တာပါ။

လက်ရှိမှာတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တဲ့ အာမက်ကို

ဖီယင်နုအသင်းက နောက်တစ်ကြိမ် အငှားခေါ်ယူဖို့ကမ်းလှမ်းလာဖွယ်ရှိ

နေပါတယ်။ အာမက်ဟာ လာမယ့် ဇန်နဝါရီမှာအငှားထွက်ကစားဖို့

သေချာသလောက်ရှိနေပြီး လက်ရှိအချိန်အထိတော့မန်ယူအသင်းဘက်က

ကစားသမား နဲ့သင့်တော်မယ့် အသင်းကို ရှာဖွေပေးနေပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားကလည်း အာမက်ကို အတွေ့အကြုံကောင်းတွေ ပိုမိုရရှိစေဖို့
အငှားစေလွှတ်တာဖြစ်တဲ့အတွက် ကစားသမားအတွက် ပွဲကစားချိန် များများရဖို့
အာမခံချက်ပေးနိုင်မယ့် အသင်းမျိုးထံသာ အာမက်ကို စေလွှတ်ဖို့ ဆန္ဒရှိတယ်လို့ သိရပါတယ်။

Zawgyi

အာမက္ကို သူ႔အသင္းထံ လာေစခ်င္တဲ့ ဗန္ပါစီ
မန္ယူအသင္းရဲ႕ တိုက္စစ္မႈးေဟာင္းတစ္ဦးျဖစ္တဲ့ ဗန္ပါစီကေတာ့ လက္ရွိမွာ

နယ္သာလန္ ကလပ္ ဖီယင္ႏု အသင္းရဲ႕ လက္ေထာက္နည္းျပအျဖစ္
တာဝန္ထမ္းေဆာင္ေနတာပါ။ ဗန္ပါစီဟာ ၎ နည္းျပေနတဲ့ အသင္းထံ
မန္ယူအသင္းရဲ႕ လူငယ္ကစားသမား အာမက္ ဒီယာလို ကို အငွားလာေရာက္ကစားဖို႔
ဆႏၵရွိေနပါတယ္။ အာမက္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာကတည္းက
ဖီယင္ႏုအသင္းထံ အငွားထြက္ကစားဖို႔ နီးစပ္ခဲ့ေပမယ့္ ဒဏ္ရာရသြားခဲ့တာေၾကာင့္

အစီအစဥ္ပ်က္ျပယ္ခဲ့တာပါ။ လက္ရွိမွာေတာ့ ဒဏ္ရာကေန ျပန္လည္သက္သာ
လာၿပီျဖစ္တဲ့ အာမက္ကို ဖီယင္ႏုအသင္းက ေနာက္တစ္ႀကိမ္ အငွားေခၚယူဖို႔
ကမ္းလွမ္းလာဖြယ္ရွိေနပါတယ္။ အာမက္ဟာ လာမယ့္ ဇန္နဝါရီမွာ
အငွားထြက္ကစားဖို႔ ေသခ်ာသေလာက္ရွိေနၿပီး လက္ရွိအခ်ိန္အထိေတာ့
မန္ယူအသင္းဘက္က ကစားသမား နဲ႔သင့္ေတာ္မယ့္ အသင္းကို ရွာေဖြေပးေနပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားကလည္း အာမက္ကို အေတြ႕အႀကဳံေကာင္းေတြ ပိုမိုရရွိေစဖို႔
အငွားေစလႊတ္တာျဖစ္တဲ့အတြက္ ကစားသမားအတြက္ ပြဲကစားခ်ိန္ မ်ားမ်ားရဖို႔
အာမခံခ်က္ေပးႏိုင္မယ့္ အသင္းမ်ိဳးထံသာ အာမက္ကို ေစလႊတ္ဖို႔ ဆႏၵရွိတယ္လို႔ သိရပါတယ္။