အားလျှော့လိုက်ပြီးအာရုံစိုက်မှုလျှော့သွားပြီဆိုတာနဲ့တစ်စက္ကန့်အတွင်းပြိုင်ဘက်ရဲ့ဒဏ်ခတ်မှုခံရပါလိမ့်မယ် – ဆိုးလ်ရှား

အိုလီဂန်းနားဆိုးလ်ရှားကမန်ချက်စတာယူနိုက်တက်စတားများအနေဖြင့်

ပွဲတိုင်းကိုအာရုံစူးစိုက်မှုအပြည့်ဖြင့်ကစားရမည်ဖြစ်ပြီးအာရုံစိုက်မှုလျှော့နည်းသွားပါက

တစ်စက္ကန့်အတွင်း ပြိုင်ဘက်ရဲ့ဒဏ်ခတ်မှုခံရလိမ့်မယ်လို့အပြင်းအထန်သတိပေးခြင်းခံခဲ့ရပါတယ်။

မန်ယူအသင်းဟာနောက်ဆုံးကစားခဲ့တဲ့ပွဲ၂၀တွင်တစ်ပွဲတည်းသာ

ဂိုးမပေးခဲ့ရပါဘူး။၎င်းတို့ဟာကြားရက်တုန်းကအတ္တလန္တာနှင့်ပွဲတွင်

ပထမပိုင်းတွင်၂-ဝဂိုးဖြင့်ဦးဆောင်ခြင်းခံခဲ့ရပြီး ဒုတိယပိုင်းသွင်းဂိုးများဖြင့်

၃-၂ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ၎င်းတို့ဟာယနေ့ညတွင်

အခါးသီးဆုံးပြိုင်ဘက်လီဗာပူးကို အိုးထရက်ဖို့ဒ်မှာဧည့်ခံကစားရပါမယ်။

ဆိုးလ်ရှားက “ဆာအဲလက်စ်ဖာဂူဆန်တုန်းကသူ့အသင်းကိုမိန့်ခွန်းချွေတိုင်းပွဲကို

အာရုံစူးစိုက်မှုအပြည့်နဲ့ကစားဘဲပြောပါတယ်။ပွဲတိုင်းမိနစ်၉၀အပြည့်အာရုံစိုက်ဖို့နဲ့

နေ့တိုင်းအာရုံစိုက်ဖို့ပြောပါတယ်။ကျွန်တော်တို့ဟာချန်ပီယံလိဂ်နဲ့ပရီးမီးယားလိဂ်တို့မှာ

အမြင့်ဆုံးအဆင့်မှာယှဉ်ပြိုင်နေရတာပါ။တကယ်လို့များအားလျှော့လိုက်ပြီး

အာရုံစိုက်မှုလျှော့သွားပြီဆိုတာနဲ့တစ်စက္ကန့်အတွင်းပြိုင်ဘက်ရဲ့ဒဏ်ခတ်မှုခံရပါလိမ့်မယ်။

ဒီလိုမျိုးအဆင့်မှာကစားရတာအရမ်းကိုကွာခြားပါတယ်။နည်းနည်းလေးမှ

အာရုံစူးစိုက်မှုလျှော့လို့မရပါဘူး”လို့ပြောကြားသွားပါတယ်။

မန်ယူဟာလီဗာပူးနှင့်ပွဲစဉ်တွင်ရှုံးနိမ့်ပါကပရီးမီးယားလိဂ်ဖလားအတွက်

စိန်ခေါ်နိုင်မယ့်အခွင့်အရေးကုန်ဆုံးသလောက်ဖြစ်လာမှာဖြစ်ပြီး

အနိုင်ရရှိလျှင်ချန်ပီယံဖြစ်ရေးမျှော်လင့်ချက်လင်းလက်နေဦးမှာဖြစ်ပါတယ်။

zawgyi

အားေလွ်ာ့လိုက္ၿပီးအာ႐ုံစိုက္မႈေလွ်ာ့သြားၿပီဆိုတာနဲ႔တစ္စကၠန႔္အတြင္းၿပိဳင္ဘက္ရဲ႕ဒဏ္ခတ္မႈခံရပါလိမ့္မယ္ – ဆိုးလ္ရွား

အိုလီဂန္းနားဆိုးလ္ရွားကမန္ခ်က္စတာယူႏိုက္တက္စတားမ်ားအေနျဖင့္

ပြဲတိုင္းကိုအာ႐ုံစူးစိုက္မႈအျပည့္ျဖင့္ကစားရမည္ျဖစ္ၿပီးအာ႐ုံစိုက္မႈေလွ်ာ့နည္းသြားပါက

တစ္စကၠန႔္အတြင္း ၿပိဳင္ဘက္ရဲ႕ဒဏ္ခတ္မႈခံရလိမ့္မယ္လို႔အျပင္းအထန္သတိေပးျခင္းခံခဲ့ရပါတယ္။

မန္ယူအသင္းဟာေနာက္ဆုံးကစားခဲ့တဲ့ပြဲ၂၀တြင္တစ္ပြဲတည္းသာ

ဂိုးမေပးခဲ့ရပါဘူး။၎တို႔ဟာၾကားရက္တုန္းကအတၱလႏၲာႏွင့္ပြဲတြင္

ပထမပိုင္းတြင္၂-ဝဂိုးျဖင့္ဦးေဆာင္ျခင္းခံခဲ့ရၿပီး ဒုတိယပိုင္းသြင္းဂိုးမ်ားျဖင့္

၃-၂ ျဖင့္ အႏိုင္ရရွိခဲ့ပါတယ္။ ၎တို႔ဟာယေန႔ညတြင္

အခါးသီးဆုံးၿပိဳင္ဘက္လီဗာပူးကို အိုးထရက္ဖို႔ဒ္မွာဧည့္ခံကစားရပါမယ္။

ဆိုးလ္ရွားက “ဆာအဲလက္စ္ဖာဂူဆန္တုန္းကသူ႔အသင္းကိုမိန႔္ခြန္းေခြၽတိုင္းပြဲကို

အာ႐ုံစူးစိုက္မႈအျပည့္နဲ႔ကစားဘဲေျပာပါတယ္။ပြဲတိုင္းမိနစ္၉၀အျပည့္အာ႐ုံစိုက္ဖို႔နဲ႔

ေန႔တိုင္းအာ႐ုံစိုက္ဖို႔ေျပာပါတယ္။ကြၽန္ေတာ္တို႔ဟာခ်န္ပီယံလိဂ္နဲ႔ပရီးမီးယားလိဂ္တို႔မွာ

အျမင့္ဆုံးအဆင့္မွာယွဥ္ၿပိဳင္ေနရတာပါ။တကယ္လို႔မ်ားအားေလွ်ာ့လိုက္ၿပီး

အာ႐ုံစိုက္မႈေလွ်ာ့သြားၿပီဆိုတာနဲ႔တစ္စကၠန႔္အတြင္းၿပိဳင္ဘက္ရဲ႕ဒဏ္ခတ္မႈခံရပါလိမ့္မယ္။

ဒီလိုမ်ိဳးအဆင့္မွာကစားရတာအရမ္းကိုကြာျခားပါတယ္။နည္းနည္းေလးမွ

အာ႐ုံစူးစိုက္မႈေလွ်ာ့လို႔မရပါဘူး”လို႔ေျပာၾကားသြားပါတယ္။

မန္ယူဟာလီဗာပူးႏွင့္ပြဲစဥ္တြင္ရႈံးနိမ့္ပါကပရီးမီးယားလိဂ္ဖလားအတြက္

စိန္ေခၚႏိုင္မယ့္အခြင့္အေရးကုန္ဆုံးသေလာက္ျဖစ္လာမွာျဖစ္ၿပီး

အႏိုင္ရရွိလွ်င္ခ်န္ပီယံျဖစ္ေရးေမွ်ာ္လင့္ခ်က္လင္းလက္ေနဦးမွာျဖစ္ပါတယ္။