အိပ်မက်ပြဇာတ်ရုံထဲမှာ လမ်းပျောက်နေတဲ့ အဝါရောင်ကြယ်တစ်ပွင့်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီ ပရီးမီးယားလိဂ်မှာ နှစ်အတော်ကြာအောင် ဝေးကွာနေတဲ့ အဆင့်(၁)နေရာကို မန်ချက်စတာယူနိုက်တက်အသင်း ပြန်သိမ်းပိုက်နိုင်ခဲ့ပြီး အားလုံးအပြုံးပန်းတွေဝေနေတဲ့အချိန်မှာ အပြည့်အ၀ မပျော်နိုင်တဲ့ ချာတိတ်လေးတစ်ဦးရှိနေပါတယ်။ သူက အသင်းအတွက်ပေးဆပ်လိုစိတ်အပြည့်ရှိပြီး ယူနိုက်တက်အသင်းရဲ့ အောင်ပွဲမှာ တစ်ထောင့်တစ်နေရာက ပါဝင်ပေးဆပ်လိုပေမယ့် အခုလောလောဆယ်မှာတော့ သူ့ဆန္ဒက မပြည့်ဝသေးပါဘူး။

ဒီချာတိတ်လေးကတော့ ယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်ပျောက်နေတဲ့ နယ်သာလန်ကြယ်ပွင့် ဗန်ဒီဘိခ် ဒါမှမဟုတ် အိပ်မက်ပြဇာတ်ရုံထဲမှာ လမ်းပျောက်နေတဲ့ အဝါရောင်ကြယ်တစ်ပွင့်လို့လည်း တင်စားချင်ပါတယ်။ ဒီရာသီမှာ အေဂျက်စ်အသင်းကနေ ပေါင်(၃၅)သန်းနဲ့ ယူနိုက်တက်အသင်းကို ရောက်ရှိခဲ့တဲ့ ဗန်ဒီဘိခ်အနေနဲ့ ကွင်းလယ်ကစားသမားကောင်းတွေ ရှိနေတဲ့ ဒီအသင်းမှာ ချက်ချင်း နေရာရဖို့ မျှော်လင့်ထားမှာ မဟုတ်တာတာ့ အသေအချာပါပဲ။ သူ အားသန်တဲ့ No 10 Role နေရာကို ယူနိုက်တက် ကွင်းလယ်မှာ Untouchable ဖြစ်နေတဲ့ ဘရူနိုဖာနန်ဒက်စ်က သိမ်းပိုက်ထားတယ်။

အေဂျက်စ်အသင်းမှာတုန်းက ဗန်ဒီဘိခ်ဟာ Deeper Midfield Role ဒါမှမဟုတ် ကွင်းလယ်နေရာစုံမှာ ကစားခဲ့ဖူးပေမယ့် အခုလောလောဆယ် ယူနိုက်တက်အသင်းမှာကလည်း ဗန်ဒီဘိခ်လို ကစားနိုင်တဲ့ စီနီယာ ကွင်းလယ်လူတွေရှိနေပြန်တယ်။ တချို့ကလည်း ဗန်ဒီဘိခ်ဟာ အင်္ဂလိပ်ဘောလုံးကစားဟန်နဲ့ အံဝင်ဖို့ ကြိုးစားရဦးမယ်ဆိုပြီး သုံးသပ်နေကြပြန်တယ်။ ဒီရာသီအစပိုင်းမှာ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်လူတွေ ပုံမှန်ခြေစွမ်းပျောက်နေချိန်တုန်းက ဗန်ဒီဘိခ်ဟာ ပွဲထွက်ကစားသမားဖြစ်ခွင့် ရခဲ့ပေမယ့် နိုဝင်ဘာလအစပိုင်းကတည်းက ဘရူနိုဖာနန်ဒက်စ်ရော ပေါ့ဘာ၊ ဖရက်ဒ်စတဲ့ ကစားသမားတွေ ခြေပြန်တွေ့လာချိန်မှာ ဗန်ဒီဘိခ်အတွက် ပွဲထွက်ကစားခွင့်ရော၊ ကစားရတဲ့ မိနစ်တွေပါ တဖြည်းဖြည်းလျော့နည်းလာတော့တာပါပဲ။

ဆိုးလ်ရှားအတွက်လည်း ဘရူနိုဖာနန်ဒက်စ်ကို ခေါက်ပြီး ဗန်ဒီဘိခ်ကို ထည့်သုံးဖို့က အရမ်းစွန့်စားရာကျလွန်းတယ်။ ဝက်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ FA ဖလားပွဲတုန်းက ဗန်ဒီဘိခ်ဟာ ဒီရာသီ တတိယအကြိမ်မြောက်အဖြစ် Double Pivot နေရာမှာ ကစားခွင့်ရခဲ့ပြီး သူ့အရည်အသွေးကို ပြသနိုင်ခဲ့ပေမယ့် ဆိုးလ်ရှားဟာ အဲဒီနေရာမှာ ဗန်ဒီဘိခ်ကို အသုံးပြုဖို့ ဘာလို့တွေဝေနေလဲဆိုတာတော့ မပြောတတ်ပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ အချက်(၂)ချက်က ဗန်ဒီဘိခ်ရဲ့ Passing နဲ့ Positioning ပြဿနာကြောင့်လို့ အကြမ်းဖျင်းသုံးသပ်ရမှာပါပဲ။

ဗန်ဒီဘိခ်ဟာ ဘောလုံးပေးတဲ့နေရာမှာ ဘရူနိုလိုမျိုး Killer Pass တွေ စွန့်စားပြီး ပေးပို့တာမျိုးထက် Safe ဖြစ်အောင် ပေးတတ်တဲ့ Tidy Passer ကစားသမားမျိုးလို့ပြောရမယ်။ သူက ဘောလုံးပိုင်ဆိုင်မှု မဆုံးရှုံးအောင်ထိန်းကစားတတ်တာကြောင့် သူ့ရဲ့ တိကျတဲ့ ဘောလုံးပေးပို့မှုရာခိုင်နှုန်းက အားရစရာအနေအထားဖြစ်ပါတယ်။ ခက်တာက အဲဒီတိကျတဲ့ဘောလုံးပေးပို့မှုဟာ ကိုယ့်အသင်းရဲ့ တိုက်စစ်လမ်းကြောင်း စတင်ဖို့ ဖန်တီးပေးတာမျိုး မဟုတ်ဘဲ အများစုက Normal Passing တွေဖြစ်နေပြီး ဆိုးလ်ရှားလိုချင်တာက ဗန်ဒီဘိခ်ဆီကနေ Effective Passing တွေ ထွက်လာဖို့ပါ။

(၄-၂-၃-၁)ကစားကွက်ရဲ့ Double Pivot အဖြစ် ဗန်ဒီဘိခ်ကစားခဲ့ရတဲ့ (၃)ပွဲမှာ သူ ဘောလုံးပေးပို့မှု ပြုလုပ်ခဲ့တဲ့ (၂၀၉)ကြိမ်ထဲက (၁၁၈)ကြိမ်သာ အရှေ့ကို ပေးခဲ့တာဖြစ်ပြီး ရာခိုင်နှုန်းအနေနဲ့ (၅၆.၄၆%)သာ ရှိပါတယ်။ ဒါက တခြားအသင်းဖော်တွေဖြစ်တဲ့ ဖရက်ဒ် (၆၇.၂၈%)၊ တွမ်မီနေး (၆၃.၂၃%)၊ မာတစ် (၆၉.၇၁%)တို့နဲ့ နှိုင်းယှဉ်ရင် အရမ်းကို ကွာခြားတဲ့အနေအထားဖြစ်ပါတယ်။ အခုအချိန်မှာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်လမ်းကြောင်း စဖို့က ဘရူနိုဖာနန်ဒက်စ်အပေါ်ကို ရာနှုန်းပြည့် မှီခိုနေရပြီး Double Pivot နှစ်ဦးဆီကနေ တိုက်စစ်ကိုအထောက်အကူဖြစ်စေတဲ့ ဘောလုံးတွေထွက်လာဖို့နဲ့ Creativity Passing တွေ ရဖို့ လိုအပ်နေပါတယ်။ အဲဒီလိုမှမဟုတ်လည်း ဒီကစားသမားနှစ်ဦးက ခံစစ်ကို အကောင်းဆုံး Cover လုပ်ပေးနိုင်ဖို့၊ အထူးသဖြင့် Full Backs တွေအတွက် အကူအညီပေးနိုင်ဖို့ လိုပါတယ်။ ဗန်ဒီဘိခ်က အဲဒီနေရာမှာ အားအနည်းဆုံးပါပဲ။

ပြောရရင် ဗန်ဒီဘိခ်ဟာ Double Pivot နေရာမှာ ကစားနိုင်တယ်ဆိုပေမယ့် သူ အရမ်းအားသန်တဲ့နေရာ မဟုတ်တာရယ်၊ ကစားခွင့်ရတဲ့အချိန်ကလည်း နည်းနေလို့ သူ့ရဲ့အရည်အသွေးကို အပြည့်အ၀ မပြသနိုင်သေးတာကြောင့် အခုလိုရုန်းကန်နေရတာလို့ပဲ ပြောရမယ်။ ပရီးမီးယားလိဂ်ကို စစရောက်ချင်း ကစားသမားတွေထဲမှာ ပထမဆုံးရာသီဆိုရင် ရုန်းကန်ရလေ့ရှိပေမယ့် နောက်ပိုင်းအထိုင်ကျသွားတဲ့အခါ ခြေစွမ်းပြကစားနိုင်တဲ့သူတွေလည်း ရှိတာကြောင့် ဗန်ဒီဘိခ်အနေနဲ့ သူ့အတွက် အခွင့်အရေးကို စိတ်ရှည်ရှည်ထား စောင့်ဖို့တော့လိုအပ်ပါတယ်။ အခုလောလောဆယ်မှာ အိပ်မက်ပြဇာတ်ရုံထဲ လမ်းပျောက်နေတဲ့ ကြယ်တစ်ပွင့်အတွက် သရဲနီတို့ရဲ့မိုးကောင်းကင်တစ်နေရာမှာ ထွန်းလင်းတောက်ပခွင့်ရဖို့ ဆက်ပြီးတိုက်ပွဲဝင်ရဦးမှာပဲဖြစ်ပါတော့တယ် . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒီရာသီ ပရီးမီးယားလိဂ္မွာ ႏွစ္အေတာ္ၾကာေအာင္ ေဝးကြာေနတဲ့ အဆင့္(၁)ေနရာကို မန္ခ်က္စတာယူႏိုက္တက္အသင္း ျပန္သိမ္းပိုက္ႏိုင္ခဲ့ၿပီး အားလုံးအၿပဳံးပန္းေတြေဝေနတဲ့အခ်ိန္မွာ အျပည့္အ၀ မေပ်ာ္ႏိုင္တဲ့ ခ်ာတိတ္ေလးတစ္ဦးရွိေနပါတယ္။ သူက အသင္းအတြက္ေပးဆပ္လိုစိတ္အျပည့္ရွိၿပီး ယူႏိုက္တက္အသင္းရဲ႕ ေအာင္ပြဲမွာ တစ္ေထာင့္တစ္ေနရာက ပါဝင္ေပးဆပ္လိုေပမယ့္ အခုေလာေလာဆယ္မွာေတာ့ သူ႔ဆႏၵက မျပည့္ဝေသးပါဘူး။ ဒီခ်ာတိတ္ေလးကေတာ့ ယူႏိုက္တက္အသင္းမွာ ပုံမွန္ကစားခြင့္ေပ်ာက္ေနတဲ့ နယ္သာလန္ၾကယ္ပြင့္ ဗန္ဒီဘိခ္ ဒါမွမဟုတ္ အိပ္မက္ျပဇာတ္႐ုံထဲမွာ လမ္းေပ်ာက္ေနတဲ့ အဝါေရာင္ၾကယ္တစ္ပြင့္လို႔လည္း တင္စားခ်င္ပါတယ္။

ဒီရာသီမွာ ေအဂ်က္စ္အသင္းကေန ေပါင္(၃၅)သန္းနဲ႔ ယူႏိုက္တက္အသင္းကို ေရာက္ရွိခဲ့တဲ့ ဗန္ဒီဘိခ္အေနနဲ႔ ကြင္းလယ္ကစားသမားေကာင္းေတြ ရွိေနတဲ့ ဒီအသင္းမွာ ခ်က္ခ်င္း ေနရာရဖို႔ ေမွ်ာ္လင့္ထားမွာ မဟုတ္တာတာ့ အေသအခ်ာပါပဲ။ သူ အားသန္တဲ့ No 10 Role ေနရာကို ယူႏိုက္တက္ ကြင္းလယ္မွာ Untouchable ျဖစ္ေနတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္က သိမ္းပိုက္ထားတယ္။ ေအဂ်က္စ္အသင္းမွာတုန္းက ဗန္ဒီဘိခ္ဟာ Deeper Midfield Role ဒါမွမဟုတ္ ကြင္းလယ္ေနရာစုံမွာ ကစားခဲ့ဖူးေပမယ့္ အခုေလာေလာဆယ္ ယူႏိုက္တက္အသင္းမွာကလည္း ဗန္ဒီဘိခ္လို ကစားႏိုင္တဲ့ စီနီယာ ကြင္းလယ္လူေတြရွိေနျပန္တယ္။ တခ်ိဳ႕ကလည္း ဗန္ဒီဘိခ္ဟာ အဂၤလိပ္ေဘာလုံးကစားဟန္နဲ႔ အံဝင္ဖို႔ ႀကိဳးစားရဦးမယ္ဆိုၿပီး သုံးသပ္ေနၾကျပန္တယ္။

ဒီရာသီအစပိုင္းမွာ ယူႏိုက္တက္အသင္းရဲ႕ အဓိက ကြင္းလယ္လူေတြ ပုံမွန္ေျခစြမ္းေပ်ာက္ေနခ်ိန္တုန္းက ဗန္ဒီဘိခ္ဟာ ပြဲထြက္ကစားသမားျဖစ္ခြင့္ ရခဲ့ေပမယ့္ ႏိုဝင္ဘာလအစပိုင္းကတည္းက ဘ႐ူႏိုဖာနန္ဒက္စ္ေရာ ေပါ့ဘာ၊ ဖရက္ဒ္စတဲ့ ကစားသမားေတြ ေျချပန္ေတြ႕လာခ်ိန္မွာ ဗန္ဒီဘိခ္အတြက္ ပြဲထြက္ကစားခြင့္ေရာ၊ ကစားရတဲ့ မိနစ္ေတြပါ တျဖည္းျဖည္းေလ်ာ့နည္းလာေတာ့တာပါပဲ။ ဆိုးလ္ရွားအတြက္လည္း ဘ႐ူႏိုဖာနန္ဒက္စ္ကို ေခါက္ၿပီး ဗန္ဒီဘိခ္ကို ထည့္သုံးဖို႔က အရမ္းစြန႔္စားရာက်လြန္းတယ္။ ဝက္ဖို႔ဒ္ကို အႏိုင္ရခဲ့တဲ့ FA ဖလားပြဲတုန္းက ဗန္ဒီဘိခ္ဟာ ဒီရာသီ တတိယအႀကိမ္ေျမာက္အျဖစ္ Double Pivot ေနရာမွာ ကစားခြင့္ရခဲ့ၿပီး သူ႔အရည္အေသြးကို ျပသႏိုင္ခဲ့ေပမယ့္ ဆိုးလ္ရွားဟာ အဲဒီေနရာမွာ ဗန္ဒီဘိခ္ကို အသုံးျပဳဖို႔ ဘာလို႔ေတြေဝေနလဲဆိုတာေတာ့ မေျပာတတ္ပါဘူး။

ျဖစ္ႏိုင္ေျခရွိတဲ့ အခ်က္(၂)ခ်က္က ဗန္ဒီဘိခ္ရဲ႕ Passing နဲ႔ Positioning ျပႆနာေၾကာင့္လို႔ အၾကမ္းဖ်င္းသုံးသပ္ရမွာပါပဲ။ ဗန္ဒီဘိခ္ဟာ ေဘာလုံးေပးတဲ့ေနရာမွာ ဘ႐ူႏိုလိုမ်ိဳး Killer Pass ေတြ စြန႔္စားၿပီး ေပးပို႔တာမ်ိဳးထက္ Safe ျဖစ္ေအာင္ ေပးတတ္တဲ့ Tidy Passer ကစားသမားမ်ိဳးလို႔ေျပာရမယ္။ သူက ေဘာလုံးပိုင္ဆိုင္မႈ မဆုံးရႈံးေအာင္ထိန္းကစားတတ္တာေၾကာင့္ သူ႔ရဲ႕ တိက်တဲ့ ေဘာလုံးေပးပို႔မႈရာခိုင္ႏႈန္းက အားရစရာအေနအထားျဖစ္ပါတယ္။ ခက္တာက အဲဒီတိက်တဲ့ေဘာလုံးေပးပို႔မႈဟာ ကိုယ့္အသင္းရဲ႕ တိုက္စစ္လမ္းေၾကာင္း စတင္ဖို႔ ဖန္တီးေပးတာမ်ိဳး မဟုတ္ဘဲ အမ်ားစုက Normal Passing ေတြျဖစ္ေနၿပီး ဆိုးလ္ရွားလိုခ်င္တာက ဗန္ဒီဘိခ္ဆီကေန Effective Passing ေတြ ထြက္လာဖို႔ပါ။

(၄-၂-၃-၁)ကစားကြက္ရဲ႕ Double Pivot အျဖစ္ ဗန္ဒီဘိခ္ကစားခဲ့ရတဲ့ (၃)ပြဲမွာ သူ ေဘာလုံးေပးပို႔မႈ ျပဳလုပ္ခဲ့တဲ့ (၂၀၉)ႀကိမ္ထဲက (၁၁၈)ႀကိမ္သာ အေရွ႕ကို ေပးခဲ့တာျဖစ္ၿပီး ရာခိုင္ႏႈန္းအေနနဲ႔ (၅၆.၄၆%)သာ ရွိပါတယ္။ ဒါက တျခားအသင္းေဖာ္ေတြျဖစ္တဲ့ ဖရက္ဒ္ (၆၇.၂၈%)၊ တြမ္မီေနး (၆၃.၂၃%)၊ မာတစ္ (၆၉.၇၁%)တို႔နဲ႔ ႏႈိင္းယွဥ္ရင္ အရမ္းကို ကြာျခားတဲ့အေနအထားျဖစ္ပါတယ္။ အခုအခ်ိန္မွာ ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္လမ္းေၾကာင္း စဖို႔က ဘ႐ူႏိုဖာနန္ဒက္စ္အေပၚကို ရာႏႈန္းျပည့္ မွီခိုေနရၿပီး Double Pivot ႏွစ္ဦးဆီကေန တိုက္စစ္ကိုအေထာက္အကူျဖစ္ေစတဲ့ ေဘာလုံးေတြထြက္လာဖို႔နဲ႔ Creativity Passing ေတြ ရဖို႔ လိုအပ္ေနပါတယ္။ အဲဒီလိုမွမဟုတ္လည္း ဒီကစားသမားႏွစ္ဦးက ခံစစ္ကို အေကာင္းဆုံး Cover လုပ္ေပးႏိုင္ဖို႔၊ အထူးသျဖင့္ Full Backs ေတြအတြက္ အကူအညီေပးႏိုင္ဖို႔ လိုပါတယ္။ ဗန္ဒီဘိခ္က အဲဒီေနရာမွာ အားအနည္းဆုံးပါပဲ။

ေျပာရရင္ ဗန္ဒီဘိခ္ဟာ Double Pivot ေနရာမွာ ကစားႏိုင္တယ္ဆိုေပမယ့္ သူ အရမ္းအားသန္တဲ့ေနရာ မဟုတ္တာရယ္၊ ကစားခြင့္ရတဲ့အခ်ိန္ကလည္း နည္းေနလို႔ သူ႔ရဲ႕အရည္အေသြးကို အျပည့္အ၀ မျပသႏိုင္ေသးတာေၾကာင့္ အခုလို႐ုန္းကန္ေနရတာလို႔ပဲ ေျပာရမယ္။ ပရီးမီးယားလိဂ္ကို စစေရာက္ခ်င္း ကစားသမားေတြထဲမွာ ပထမဆုံးရာသီဆိုရင္ ႐ုန္းကန္ရေလ့ရွိေပမယ့္ ေနာက္ပိုင္းအထိုင္က်သြားတဲ့အခါ ေျခစြမ္းျပကစားႏိုင္တဲ့သူေတြလည္း ရွိတာေၾကာင့္ ဗန္ဒီဘိခ္အေနနဲ႔ သူ႔အတြက္ အခြင့္အေရးကို စိတ္ရွည္ရွည္ထား ေစာင့္ဖို႔ေတာ့လိုအပ္ပါတယ္။ အခုေလာေလာဆယ္မွာ အိပ္မက္ျပဇာတ္႐ုံထဲ လမ္းေပ်ာက္ေနတဲ့ ၾကယ္တစ္ပြင့္အတြက္ သူရဲနီတို႔ရဲ႕မိုးေကာင္းကင္တစ္ေနရာမွာ ထြန္းလင္းေတာက္ပခြင့္ရဖို႔ ဆက္ၿပီးတိုက္ပြဲဝင္ရဦးမွာပဲျဖစ္ပါေတာ့တယ္ . .