အိပ်မက်အိမ်ကို ဝယ်ယူပြီးနောက် အိမ်ဟောင်းကို ရောင်းထုတ်မရဖြစ်နေတဲ့ မက်ဂွိုင်းယား

ဟယ်ရီမက်ဂွိုင်းယားဟာသူ့ရဲ့ချီရှိုင်းယားရှိနေအိမ်ကို ပေါင် ၁.၈၂ သန်းဖြင့်

ရောင်းချနေပါတယ်။ ဒါပေမဲ့ဟယ်ရီမက်ဂွိုင်းယားဟာယင်းနေအိမ်ကို

ရောင်းချရန်ခက်ခဲနေပြီးဝယ်လက်ရှာမရဖြစ်နေပါတယ်။

ဟယ်ရီမက်ဂွိုင်းယားဟာ ၂၀၁၉ ခုနှစ်တုန်းကယူနိုက်တက်သို့ပေါင်သန်း ၈၀ ဖြင့်

ပြောင်းရွှေ့စဉ်တုန်းက အိပ်ခန်းလေးခန်း၊ရေချိုးခန်းနှစ်ခန်းပါနေအိမ်ကို

ဝယ်ယူခဲ့တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်ရှိ ယူနိုက်တက်အသင်းခေါင်းဆောင်ဟာ

ယင်းနေအိမ်ကို ရောင်းချရန်ခက်ခဲနေမှုကြောင့်ဈေးနှုန်းလျှော့ချမှုပြုလုပ်ခဲ့ရပါတယ်။

ဟယ်ရီမက်ဂွိုင်းယားနှင့် ဇနီးလောင်းဖန်ဟောကင်းတို့ဟာ ချီရှိုင်းယားရှိ

ပေါင်၄သန်းတန်အိမ်သစ်တစ်လုံးဝယ်ယူကာပြောင်းရွှေ့နေထိုင်ပြီးနောက်

ယင်းနေအိမ်ဟောင်းကိုရောင်းချရန်ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

ဟယ်ရီမက်ဂွိုင်းယားတို့နှစ်ဦးဟာခရစ္စမတ်မတိုင်မီ နေအိမ်သစ်သို့ပြောင်းပြီးနောက်

အလျှင်အမြန်ဘဲအထိုင်ကျနေခဲ့ပါတယ်။

မက်ဂွိုင်းယားဟာနေအိမ်ဟောင်းကိုမတ်လကတည်းကအရောင်းတင်ကာ

ရောင်းချရန်ကြိုးပမ်းခဲ့ပေမယ့်လည်းရောင်းထုတ်ရန်ခက်ခဲနေပါတယ်။

ယင်းနေအိမ်မှာယူနိုက်တက်ကစားသမားများဖြစ်ကြတဲ့ဂျက်စီလင်ဂတ်၊

ဒေးဗစ်ဒီဂီယာတို့နဲ့တနယ်မြေတည်းတွင်ရှိပြီး ဂိုထောင်နှစ်လုံးလုံခြုံရေးဂိတ်တို့လည်း

ပါဝင်ပါတယ်။ဟယ်ရီမက်ဂွိုင်းယားဟာကာလရှည်ကြာချစ်ကြိုက်လာခဲ့တဲ့ဖန်နှင့်

ယခုနှစ်မှာလက်ထပ်မယ်လို့ယူဆရပြီးမက်ဂွိုင်းယားရဲ့ညီမကအပျိုရံမှူးအဖြစ်လည်းကောင်း၊

ပစ်ဖို့ဒ်ရဲ့ဇနီးသည်‌မီဂန်ကအပျိုရံအဖြစ်လည်းကောင်းလုပ်ဆောင်သွားမယ်လို့သိရပါတယ်။

zawgyi

အိပ္မက္အိမ္ကို ဝယ္ယူၿပီးေနာက္ အိမ္ေဟာင္းကို ေရာင္းထုတ္မရျဖစ္ေနတဲ့ မက္ဂြိဳင္းယား

ဟယ္ရီမက္ဂြိဳင္းယားဟာသူ႔ရဲ႕ခ်ီရႈိင္းယားရွိေနအိမ္ကို ေပါင္ ၁.၈၂ သန္းျဖင့္

ေရာင္းခ်ေနပါတယ္။ ဒါေပမဲ့ဟယ္ရီမက္ဂြိဳင္းယားဟာယင္းေနအိမ္ကို

ေရာင္းခ်ရန္ခက္ခဲေနၿပီးဝယ္လက္ရွာမရျဖစ္ေနပါတယ္။

ဟယ္ရီမက္ဂြိဳင္းယားဟာ ၂၀၁၉ ခုႏွစ္တုန္းကယူႏိုက္တက္သို႔ေပါင္သန္း ၈၀ ျဖင့္

ေျပာင္းေ႐ႊ႕စဥ္တုန္းက အိပ္ခန္းေလးခန္း၊ေရခ်ိဳးခန္းႏွစ္ခန္းပါေနအိမ္ကို

ဝယ္ယူခဲ့တာျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္ရွိ ယူႏိုက္တက္အသင္းေခါင္းေဆာင္ဟာ

ယင္းေနအိမ္ကို ေရာင္းခ်ရန္ခက္ခဲေနမႈေၾကာင့္ေဈးႏႈန္းေလွ်ာ့ခ်မႈျပဳလုပ္ခဲ့ရပါတယ္။

ဟယ္ရီမက္ဂြိဳင္းယားႏွင့္ ဇနီးေလာင္းဖန္ေဟာကင္းတို႔ဟာ ခ်ီရႈိင္းယားရွိ

ေပါင္၄သန္းတန္အိမ္သစ္တစ္လုံးဝယ္ယူကာေျပာင္းေ႐ႊ႕ေနထိုင္ၿပီးေနာက္

ယင္းေနအိမ္ေဟာင္းကိုေရာင္းခ်ရန္ႀကိဳးပမ္းေနတာလည္းျဖစ္ပါတယ္။

ဟယ္ရီမက္ဂြိဳင္းယားတို႔ႏွစ္ဦးဟာခရစၥမတ္မတိုင္မီ ေနအိမ္သစ္သို႔ေျပာင္းၿပီးေနာက္

အလွ်င္အျမန္ဘဲအထိုင္က်ေနခဲ့ပါတယ္။

မက္ဂြိဳင္းယားဟာေနအိမ္ေဟာင္းကိုမတ္လကတည္းကအေရာင္းတင္ကာ

ေရာင္းခ်ရန္ႀကိဳးပမ္းခဲ့ေပမယ့္လည္းေရာင္းထုတ္ရန္ခက္ခဲေနပါတယ္။

ယင္းေနအိမ္မွာယူႏိုက္တက္ကစားသမားမ်ားျဖစ္ၾကတဲ့ဂ်က္စီလင္ဂတ္၊

ေဒးဗစ္ဒီဂီယာတို႔နဲ႔တနယ္ေျမတည္းတြင္ရွိၿပီး ဂိုေထာင္ႏွစ္လုံးလုံၿခဳံေရးဂိတ္တို႔လည္း

ပါဝင္ပါတယ္။ဟယ္ရီမက္ဂြိဳင္းယားဟာကာလရွည္ၾကာခ်စ္ႀကိဳက္လာခဲ့တဲ့ဖန္ႏွင့္

ယခုႏွစ္မွာလက္ထပ္မယ္လို႔ယူဆရၿပီးမက္ဂြိဳင္းယားရဲ႕ညီမကအပ်ိဳရံမႉးအျဖစ္လည္းေကာင္း၊

ပစ္ဖို႔ဒ္ရဲ႕ဇနီးသည္‌မီဂန္ကအပ်ိဳရံအျဖစ္လည္းေကာင္းလုပ္ေဆာင္သြားမယ္လို႔သိရပါတယ္။