အိမ်ကွင်းနိုင်ပွဲမရသေးလို့ အိမ်ကွင်းပွဲတွေမတိုင်ခင်ပြင်ဆင်ပုံကို ပြောင်းလဲဖို့ရှိတဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အိုးလ်ထရက်ဖို့ဒ်မှာကစားတဲ့ ပထမဆုံးပရီးမီးယားလိဂ် ၂ ပွဲကိုရှုံးနိမ့်ခဲ့ပြီးနောက် သူ့အနေနဲ့ အိမ်ကွင်းပွဲတွေအတွက် မန်ယူရဲ့ပြင်ဆင်ပုံကို ပြောင်းလဲဖွယ်ရှိတယ်လို့ နည်းပြဆိုးလ်ရှားက ပြောကြားလိုက်ပါတယ်။ မန်ယူဟာ ဒီနေ့မှာ ချဲလ်ဆီးကိုဧည့်ခံကစားရမှာဖြစ်ပြီး အဲဒီပွဲမှာ ရာသီသစ်က သူတို့ရဲ့ပထမဆုံးအိမ်ကွင်းနိုင်ပွဲဖြစ်လာဖို့ မျှော်လင့်နေပါတယ်။

ဆိုးလ်ရှားရဲ့အသင်းဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ် အဝေးကွင်း ၅ ပွဲစလုံးနိုင်ထားပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာတော့ နိုင်ပွဲမရသေးပါဘူး။ ကိုဗစ်မတိုင်ခင်တုန်းကဆို အိမ်ကွင်းပွဲမတိုင်ခင်ညမှာ မြို့လယ်ဟိုတယ်မှာ အသင်းဟာ တွေ့ဆုံလေ့ရှိပြီး မကြာသေးခင်ကတော့ ကိုဗစ်စည်းကမ်းတွေေကြောင့် အိမ်မှာပဲနေပြီး လေ့ကျင့်ရေးကွင်းမှာပဲ ဆုံကြပါတော့တယ်။

အဝေးကွင်းပွဲတွေဆိုရင်တော့ အသင်းဟာ ဟိုတယ်မှာနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ဆိုးလ်ရှားက အိမ်ကွင်းပွဲတွေအတွက် သူ့အသင်းရဲ့ပြင်ဆင်ပုံကို ကြည့်ရတော့မယ်လို့ ဆိုခဲ့တာပါ။

”ပြင်ဆင်မှုအရဆိုရင် ကိုဗစ်ကြောင့် အိမ်ကွင်းပွဲတွေအတွက် ပုံံစံပြောင်းသွားခဲ့ရတယ်။ အခုတော့ ကစားသမားတွေရဲ့ပြင်ဆင်ပုံအတွက် အရာအားလုံးကို ကျွန်တော်ကြည့်ရတော့မယ်။ ဘာကြောင့်လဲဆိုတော့ ဒီရာသီအိမ်ကွင်းနဲ့အဝေးကွင်းမှာ ကျွန်တော်တို့ရဲ့စွမ်းဆောင်နိုင်မှု ကွာခြားနေလို့ပါ”လို့ ဆိုးလ်ရှားက ချဲလ်ဆီးနဲ့ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမတိုင်ခင်မှာ ပြောကြားခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အိမ္ကြင္းႏိုင္ပြဲမရေသးလုိ႔ အိမ္ကြင္းပြဲေတြမတိုင္ခင္ျပင္ဆင္ပုံကုိ ေျပာင္းလဲဖုိ႔ရွိတဲ့ ဆုိးလ္ရွား

အုိးလ္ထရက္ဖို႔ဒ္မွာကစားတဲ့ ပထမဆုံးပရီးမီးယားလိဂ္ ၂ ပြဲကိုရႈံးနိမ့္ခဲ့ၿပီးေနာက္ သူ႔အေနနဲ႔ အိမ္ကြင္းပြဲေတြအတြက္ မန္ယူရဲ႕ျပင္ဆင္ပုံကို ေျပာင္းလဲဖြယ္ရွိတယ္လုိ႔ နည္းျပဆုိးလ္ရွားက ေျပာၾကားလုိက္ပါတယ္။ မန္ယူဟာ ဒီေန႔မွာ ခ်ဲလ္ဆီးကိုဧည့္ခံကစားရမွာျဖစ္ၿပီး အဲဒီပြဲမွာ ရာသီသစ္က သူတုိ႔ရဲ႕ပထမဆုံးအိမ္ကြင္းႏိုင္ပြဲျဖစ္လာဖုိ႔ ေမွ်ာ္လင့္ေနပါတယ္။

ဆုုိးလ္ရွားရဲ႕အသင္းဟာ ဒီရာသီၿပိဳင္ပြဲအရပ္ရပ္ အေ၀းကြင္း ၅ ပြဲစလုံးႏိုင္ထားေပမယ့္ အုိးလ္ထရက္ဖို႔ဒ္မွာေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာေတာ့ ႏိုင္ပြဲမရေသးပါဘူး။ ကိုဗစ္မတိုင္ခင္တုန္းကဆုိ အိမ္ကြင္းပြဲမတိုင္ခင္ညမွာ ၿမိဳ႕လယ္ဟုိတယ္မွာ အသင္းဟာ ေတြ႕ဆုံေလ့ရွိၿပီး မၾကာေသးခင္ကေတာ့ ကိုဗစ္စည္းကမ္းေတြေေၾကာင့္ အိမ္မွာပဲေနၿပီး ေလ့က်င့္ေရးကြင္းမွာပဲ ဆုံၾကပါေတာ့တယ္။

အေ၀းကြင္းပြဲေတြဆိုရင္ေတာ့ အသင္းဟာ ဟုိတယ္မွာေနဖုိ႔ လိုအပ္ပါတယ္။ ဒါေၾကာင့္လည္း ဆုိးလ္ရွားက အိမ္ကြင္းပြဲေတြအတြက္ သူ႔အသင္းရဲ႕ျပင္ဆင္ပုံကုိ ၾကည့္ရေတာ့မယ္လုိ႔ ဆိုခဲ့တာပါ။

”ျပင္ဆင္မႈအရဆုိရင္ ကိုဗစ္ေၾကာင့္ အိမ္ကြင္းပြဲေတြအတြက္ ပံုံစံေျပာင္းသြားခဲ့ရတယ္။ အခုေတာ့ ကစားသမားေတြရဲ႕ျပင္ဆင္ပုံအတြက္ အရာအားလုံးကို ကၽြန္ေတာ္ၾကည့္ရေတာ့မယ္။ ဘာေၾကာင့္လဲဆုိေတာ့ ဒီရာသီအိမ္ကြင္းနဲ႔အေ၀းကြင္းမွာ ကၽြန္ေတာ္တုိ႔ရဲ႕စြမ္းေဆာင္ႏိုင္မႈ ကြာျခားေနလို႔ပါ”လုိ႔ ဆိုးလ္ရွားက ခ်ဲလ္ဆီးနဲ႔ပရီးမီးယားလိဂ္အိမ္ကြင္းပြဲမတိုင္ခင္မွာ ေျပာၾကားခဲ့တာပါ။