စပီဇီယာ 🆚 ဂျီနိုအာ
ဆမ်ဒိုးရီးယားကိုရှုံးခဲ့ပေမယ့် စပီဇီယာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးသွင်းခွင့်ပါ
အသာရခဲ့တယ်။ စပီဇီယာဟာ ဒီရာသီစီးရီးအေ ၉ပွဲမှာ ၇ပွဲဂိုးသွင်းနိုင်ခဲ့ပြီး
အိမ်ကွင်းဆိုရင် ဂျူဗင်တပ်နဲ့ အေစီမီလန်ကိုတောင် ဂိုးရအောင်သွင်းနိုင်ခဲ့တာပါ။
ဂျီနိုအာကလည်း ဒီရာသီပွဲတိုင်းကိုဖွင့်ကစားနေတာဖြစ်ပြီး နောက်ဆုံး ၅ပွဲမှာ
ဆိုရင် တစ်ဂိုးထက်ပိုသွင်းနိုင်တာ ၄ပွဲရှိခဲ့တယ်။ တိုရီနိုတိုက်စစ်မှာ ဒက်စ်ထရို
ဂိုးမြူးနေပြီး ကစားခွင့်ရတဲ့ ၆ပွဲမှာ ၆ဂိုးသွင်းထားတယ်။ ဒီရာသီ စီးရီးအေရဲ့
ခံစစ်အညံ့ဆုံး ၂သင်းအားပြိုင်ရမယ့်ပွဲလည်းဖြစ်တာမို့ ဂိုးအပေါ်ရွေးတာ
အကောင်းဆုံးပါပဲ။
ရွေးချယ်မှု – ဂိုးအပေါ်
ဗီနီဇီယာ 🆚 ဆလာနီတာနာ
ဆက်ဆူအိုလိုကိုရှုံးခဲ့ပေမယ့် ဗီနီဇီယာ ဦးဆောင်ဂိုးသွင်းနိုင်ခဲ့တယ်။ ဗီနီဇီယာဟာ
ရာသီအဖွင့် ၅ပွဲမှာ ၄ပွဲရှုံးခဲ့ပေမယ့် နောက်ဆုံး ၄ပွဲမှာတော့ ၁ပွဲသာရှုံးခဲ့တာမို့
ခြေတက်လာတယ်လို့ဆိုနိုင်တယ်။ နောက်ဆုံးအိမ်ကွင်း ၂ပွဲမှာလည်း ဖီအိုကိုနိုင်၊
တိုရီနိုကို သရေကစားခဲ့တယ်။ ဆလာနီတာနာက နည်းပြအပြောင်းအလဲလုပ်ခဲ့
ပေမယ့် သိပ်မထူးဘဲ အမ်ပိုလီကိုတောင်အိမ်ကွင်းမှာဂိုးပြတ်ရှုံးခဲ့ရတယ်။
ဆလာနီတာနာဟာဒီရာသီအဝေးကွင်းအညံ့ဆုံးအသင်းလည်းဖြစ်ပြီး ၄ပွဲလုံး
ရှုံးထားတာပါ။ ဗီနီဇီယာရဲ့အကျောပေးမှု =၈၀ ကလည်းပြင်းရှနေတာမို့ အိမ်ကွင်းမှာ
အောင်ပွဲခံနိုင်မှာပါ။
ရွေးချယ်မှု – ဗီနီဇီယာ
အေစီမီလန် 🆚 တိုရီနို
ဒဏ်ရာနဲ့ ကိုဗစ်ပြဿနာတွေရှိနေတဲ့ကြားက အေစီမီလန် ပန်းပန်နေဆဲပါပဲ။
၂ယောက်လျော့ ဘိုလော့ဂ်နာကို နောက်ကျဂိုးတွေနဲ့နိုင်ခဲ့တာမို့ ထိပ်ဆုံးကနာပိုလီနဲ့
၂၅မှတ်စီတူသွားပါပြီ။ အေစီမီလန်ဟာ ဒီရာသီအိမ်ကွင်း ၄ပွဲလုံးနိုင်ခဲ့ရာမှာလည်း
ပွဲတိုင်း ၂ဂိုးနဲ့အထက်သွင်းနိုင်ခဲ့တာပါ။ ဒဏ်ရာကပြန်ကောင်းလာတဲ့ မိုဗစ်ဂိုးပြန်
သွင်းနိုင်ပြီဖြစ်သလို ဂျီရူး၊ ရာဖေးလီယာအို၊ ကက်ဆီ၊ ဆယ်မာကာတို့နဲ့ တိုက်စစ်ရော
ကွင်းလယ်ပါတောင့်တင်းဆဲပါ။ တိုရီနို နိုင်ပွဲပြန်ရခဲ့ပေမယ့် အေစီမီလန်ရဲ့ရစ်သမ်နဲ့
ယုံကြည်မှုကို ရပ်တန့်ဖို့မလွယ်ပါဘူး။ တိုရီနိုဟာ ပြီးခဲ့တဲ့ရာသီကလည်း အိမ်ကွင်းမှာ
တောင် အေစီမီလန်ကို၇ဂိုးပြတ်ရှုံးခဲ့တာပါ။ အေစီမီလန်ရဲ့အကျောပေးမှု(၁-၁၅
မှ ၁+၂၅) လျော့ကျလာပေမယ့် ဒီပွဲမှာ ကြေးကိုမကြည့်ဘဲ ခြေစွမ်းကိုပဲအဓိက
စဉ်းစားသင့်တယ်။ လမ်းမှန်ကမ်းမှန်ဆို အေစီမီလန်ပဲရွေးရမှာပါ။
ရွေးချယ်မှု – အေစီမီလန်
Zawgyi
အိမ်ရှင် ၂သင်းနဲ့ ဂိုးအပေါ်တစ်ကွက်ရွေးရမယ့် အင်္ဂါည (ကောင်းပိုင်)
စပီဇီယာ 🆚 ဂျီနိုအာ
အကောင်းဆုံးပါပဲ။
ဗီနီဇီယာ 🆚 ဆလာနီတာနာ
ရွေးချယ်မှု – ဗီနီဇီယာ
အေစီမီလန် 🆚 တိုရီနို