အိမ်ဝယ်ပေးမယ်ဆိုတဲ့ အချက်နဲ့ ရက်ရှ်ဖို့ကို အသင်းပြောင်းဖို့ ကမ်းလှမ်းခဲ့တဲ့ မန်စီးတီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ဆိုတာ ဘောလုံးအသင်းတစ်သင်းတစ်ခုထက်ပိုတယ်….သူ့မှာ လှပတဲ့ ပုံပြင်တွေနဲ့ သစ္စာတရားရှိတဲ့ကစားသမားတွေရှိကြတယ်…အဲ့သည့်ထဲမှာ ရက်ရှ်ဖို့ဆိုတဲ့ချာတိတ်ကလေးတစ်ယောက်ကလည်း ယူနိုက်တက်နဲ့ ပတ်သက်လို့ ပြောစရာအကြောင်းအရာလေးတွေနဲ့….သူ့ရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေနဲ့ပေါ့….

ယူနိုက်တက် ရဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ကို မန်စီးတီးအသင်းဟာ မက်လုံးပေး စည်းရုံးသိမ်းသွင်းဖို့ကြိုးစားခဲ့ဖူးပါတယ်။ ရှက်ရှ်ဖို့ ဆယ်ကျော်သက်ဘဝတုန်းက အသင်းပြောင်းဖို့ စည်းရုံးခဲ့တာပါ။ ၁၃ နှစ်အရွယ် အကယ်ဒမီ ကစားသမားလေးရှက်ရှ်ဖို့ကို အိမ်နဲ့ တခြားလိုအပ်တာတွေ ဝယ်ပေးမယ်ဆိုပြီး မန်စီးတီးက အတိတ်တုန်းက ဖြားယောင်းခဲ့တာပါ။ ဒါပေမယ့် ရှက်ရှ်ဖို့တစ်ယောက် မန်စီးတီးကပေးမယ့် စည်းစိမ်တွေကို မမက်ခဲ့ဘဲ သရဲနီဘဝကိုပဲဆက်လက်ခံယူခဲ့ပါတယ်။

ရှက်ရှ်ဖို့ ရဲ့ ဆယ်ကျော်သက်ဘဝတုန်းက အဖြစ်အပျက်တွေကို ဖော်ကောင်လုပ်တဲ့သူကတော့ ငယ်ဘဝအသင်းဖော်ဟောင်းတစ်ယောက်ဖြစ်တဲ့ ရော့ဆင်ဘက်ခ်လေ ဖြစ်ပါတယ်။ ” ရှက်ရှ်ဖို့ ၁၃ နှစ်အရွယ်လောက် တုန်းက မန်စီးတီး အသင်း က သူ့ကို ခေါ်ဖို့ ကြိုးစားခဲ့ပါတယ်။နေအိမ်တစ်လုံးနဲ့ လိုအပ်တာ မှန်သမျှ ဝယ်ပေးမယ် ဆိုပြီး ကမ်းလှမ်းခဲ့ပါတယ်”

“ဒါပေမယ့် ရှက်ရှ်ဖို့က ယူနိုက်တက် နဲ့ပဲ ဆက်ပြီး သူ့ကစားသမားဘဝကိုဖြတ်သန်းခဲ့ပါတယ်။ သူက မန်ချက်စတာယူနိုက်တက်အသင်း အတွက် အမြဲတမ်း ကစားပေးချင်နေခဲ့တာပါ “ဆိုပြီး ယူနိုက်တက်အကယ်ဒမီမှာ ကစားဖော်ဖြစ်ခဲ့တဲ့ ရော့ဆင်ဘက်ခ်လေကပြောဆိုပါတယ်။ ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးဟာ ရှက်ရှ်ဖို့ ငယ်စဉ်က ဆင်းရဲတာကို ပိုက်ဆံနဲ့ မက်လုံးပေးသိမ်းသွင်းဖို့ ကြိုးစားခဲ့ဟန်တူပါတယ်။

ငယ်စဉ်က အခက်အခဲတွေနဲ့ ပတ်သက်ပြီးရှက်ရှ်ဖို့က ခုလိုပြောဆိုခဲ့ဖူးပါတယ်။ “ကလေးဘဝ တုန်းက အခက်အခဲတွေအများကြီးကြုံခဲ့ရပါတယ်။ ကျွန်တော် ထရိန်နင် ကို လွဲချော်တာမျိုး အကြိမ် အနည်းငယ် ရှိခဲ့ပါတယ်။ ကျွန်တော့်ကို အမေက လွဲရင် ထရိန်နင် ကို လိုက်ပို့ပေးမယ့်သူ က မရှိခဲ့ဘူး။

အစ်ကိုတွေက လည်း သူတို့အလုပ်နဲ့ သူတို့ အစ်မနှစ်ယောက်စလုံးက လည်း ကလေး ကိုယ်စီ ရှိနေကျတော့ အဆင်မပြေကြဘူး။ အမေက အလုပ်က ပြန်တာ နောက်ကျတဲ့ အခါတွေမှာ ကျွန်တော် ထရိန်နင်နောက်ကျတတ်ပါတယ်။”

“ထရိန်နင် လွဲတဲ့အခါ ကျွန်တော် အိမ်မှာ ထိုင်ပြီး ငိုနေတတ်ပါတယ်။ ဒါပေမယ့် အမေ အလုပ်က ပြန်မလာခင် အထိပဲ ကျွန်တော် ငိုတာပါ။ နောက်ဆုံးတော့ ကျွန်တော်ငိုနေတာကို အမေမိသွားခဲ့ပါတယ်။

ငိုရတဲ့ အကြောင်းအရင်း ကို အမေသိသွားတော့ကျွန်တော့်ကို ယူနိုက်တက်ဆီ ထရိန်နင် ပို့ပေးဖို့ တခြားလူတွေဆီအမေအကူအညီတွေ တောင်းခဲ့ပါတယ်။”

“အဲဒီနောက် ကျွန်တော့်ကို ကားမောင်းပို့ပေးတဲ့ သူတွေ ရှိခဲ့ပါတယ်။ ထရိန်နင် ကို ကျွန်တော် ရောက်နိုင်အောင် သူတို့လုပ်ပေးခဲ့ကြပါတယ်။ သူတို့ရဲ့ ကူညီလုပ်ဆောင်ပေးမှု တွေ သာ မရှိခဲ့ရင် အကယ်ဒမီ ကစားသမား တစ်ယောက် အခြေအနေ ကျွန်တော် ရောက်လာနိုင်မှာ တောင် မဟုတ်ပါဘူး။

သူတို့တွေကို ကျေးဇူးတင်ပါတယ်” ဆိုပြီးရှက်ရှ်ဖို့က အကယ်ဒမီကစားသမားဘ၀ ခက်ခဲမှုတွေအကြောင်းပြောဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အိမ္၀ယ္​ေပးမယ္ဆိုတဲ့ အခ်က္နဲ႔ ရက္ရွ္ဖို႔ကို အသင္း​ေျပာင္းဖို႔ ကမ္းလွမ္းခဲ့တဲ့ မန္စီးတီး

ယူႏိုက္တက္ဆိုတာ ေဘာလံုးအသင္းတစ္သင္းတစ္ခုထက္ပိုတယ္….သူ႕မွာ လွပတဲ့ ပံုျပင္ေတြနဲ႕ သစၥာတရားရွိတဲ့ကစားသမားေတြရွိၾကတယ္…အဲ့သည့္ထဲမွာ ရက္ရွ္ဖို႔ဆိုတဲ့ခ်ာတိတ္ကေလးတစ္ေယာက္ကလည္း ယူႏိုက္တက္နဲ႔ ပတ္သက္လို႕ ေျပာစရာအေၾကာင္းအရာေလးေတြနဲ႕….သူ႕ရဲ႕ခိုင္မာတဲ့ဆံုးျဖတ္ခ်က္ေတြနဲ႔ေပါ့….

ယူႏိုက္တက္ ရဲ႕ တိုက္စစ္မႉး ရက္ရွ္ဖို႔ကို မန္စီးတီးအသင္းဟာ မက္လုံး​ေပး စည္း႐ုံးသိမ္းသြင္းဖို႔ႀကိဳးစားခဲ့ဖူးပါတယ္။ ရွက္ရွ္ဖို႔ ဆယ္​ေက်ာ္သက္ဘ၀တုန္းက အသင္း​ေျပာင္းဖို႔ စည္း႐ုံးခဲ့တာပါ။ ၁၃ ႏွစ္အ႐ြယ္ အကယ္ဒမီ ကစားသမား​ေလးရွက္ရွ္ဖို႔ကို အိမ္နဲ႔ တျခားလိုအပ္တာ​ေတြ ၀ယ္​ေပးမယ္ဆိုၿပီး မန္စီးတီးက အတိတ္တုန္းက ျဖား​ေယာင္းခဲ့တာပါ။ ဒါ​ေပမယ့္ ရွက္ရွ္ဖို႔တစ္​ေယာက္ မန္စီးတီးက​ေပးမယ့္ စည္းစိမ္​ေတြကို မမက္ခဲ့ဘဲ သရဲနီဘ၀ကိုပဲဆက္လက္ခံယူခဲ့ပါတယ္။

ရွက္ရွ္ဖို႔ ရဲ႕ ဆယ္​ေက်ာ္သက္ဘ၀တုန္းက အျဖစ္အပ်က္​ေတြကို ​ေဖာ္​ေကာင္လုပ္တဲ့သူက​ေတာ့ ငယ္ဘ၀အသင္း​ေဖာ္​ေဟာင္းတစ္​ေယာက္ျဖစ္တဲ့ ေရာ့ဆင္ဘက္ခ္ေလ ျဖစ္ပါတယ္။ ” ရွက္ရွ္ဖို႔ ၁၃ ႏွစ္အ႐ြယ္ေလာက္ တုန္းက မန္စီးတီး အသင္း က သူ႔ကို ေခၚဖို႔ ႀကိဳးစားခဲ့ပါတယ္။ေနအိမ္တစ္လုံးနဲ႔ လိုအပ္တာ မွန္သမွ် ၀ယ္ေပးမယ္ ဆိုၿပီး ကမ္းလွမ္းခဲ့ပါတယ္”

“ဒါေပမယ့္ ရွက္ရွ္ဖို႔က ယူႏိုက္တက္ နဲ႔ပဲ ဆက္ၿပီး သူ႔ကစားသမားဘ၀ကိုျဖတ္သန္းခဲ့ပါတယ္။ သူက မန္ခ်က္စတာယူႏိုက္တက္အသင္း အတြက္ အၿမဲတမ္း ကစား​ေပးခ်င္​ေနခဲ့တာပါ “ဆိုၿပီး ယူႏိုက္တက္အကယ္ဒမီမွာ ကစား​ေဖာ္ျဖစ္ခဲ့တဲ့ ေရာ့ဆင္ဘက္ခ္ေလက​ေျပာဆိုပါတယ္။ ယူႏိုက္တက္ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးဟာ ရွက္ရွ္ဖို႔ ငယ္စဥ္က ဆင္းရဲတာကို ပိုက္ဆံနဲ႔ မက္လုံး​ေပးသိမ္းသြင္းဖို႔ ႀကိဳးစားခဲ့ဟန္တူပါတယ္။

ငယ္စဥ္က အခက္အခဲ​ေတြနဲ႔ ပတ္သက္ၿပီးရွက္ရွ္ဖို႔က ခုလို​ေျပာဆိုခဲ့ဖူးပါတယ္။ “ကေလးဘဝ တုန္းက အခက္အခဲ​ေတြအမ်ားႀကီးႀကဳံခဲ့ရပါတယ္။ ကြၽန္ေတာ္ ထရိန္နင္ ကို လြဲေခ်ာ္တာမ်ိဳး အႀကိမ္ အနည္းငယ္ ရွိခဲ့ပါတယ္။ ကြၽန္ေတာ့္ကို အေမက လြဲရင္ ထရိန္နင္ ကို လိုက္ပို႔ေပးမယ့္သူ က မရွိခဲ့ဘူး။ အစ္ကိုေတြက လည္း သူတို႔အလုပ္နဲ႔ သူတို႔ အစ္မႏွစ္ေယာက္စလုံးက လည္း ကေလး ကိုယ္စီ ရွိေနက်ေတာ့ အဆင္မ​ေျပၾကဘူး။ အေမက အလုပ္က ျပန္တာ ေနာက္က်တဲ့ အခါေတြမွာ ကြၽန္​ေတာ္ ထရိန္နင္​ေနာက္က်တတ္ပါတယ္။”

“ထရိန္နင္ လြဲတဲ့အခါ ကြၽန္ေတာ္ အိမ္မွာ ထိုင္ၿပီး ငိုေနတတ္ပါတယ္။ ဒါေပမယ့္ အေမ အလုပ္က ျပန္မလာခင္ အထိပဲ ကြၽန္ေတာ္ ငိုတာပါ။ ​ေနာက္ဆုံး​ေတာ့ ကြၽန္ေတာ္ငိုေနတာကို အ​​ေမမိသြားခဲ့ပါတယ္။ ငိုရတဲ့ အေၾကာင္းအရင္း ကို အေမသိသြားေတာ့ကြၽန္​ေတာ့္ကို ယူႏိုက္တက္ဆီ ထရိန္နင္ ပို႔ေပးဖို႔ တျခားလူ​ေတြဆီအ​ေမအကူအညီ​ေတြ ​ေတာင္းခဲ့ပါတယ္။”

“အဲဒီ​ေနာက္ ကြၽန္ေတာ့္ကို ကားေမာင္းပို႔ေပးတဲ့ သူေတြ ရွိခဲ့ပါတယ္။ ထရိန္နင္ ကို ကြၽန္ေတာ္ ေရာက္ႏိုင္ေအာင္ သူတို႔လုပ္ေပးခဲ့ၾကပါတယ္။ သူတို႔ရဲ႕ ကူညီလုပ္ေဆာင္ေပးမႈ ေတြ သာ မရွိခဲ့ရင္ အကယ္ဒမီ ကစားသမား တစ္ေယာက္ အေျခအေန ကြၽန္ေတာ္ ေရာက္လာႏိုင္မွာ ေတာင္ မဟုတ္ပါဘူး။ သူတို႔​ေတြကို ​ေက်းဇူးတင္ပါတယ္” ဆိုၿပီးရွက္ရွ္ဖို႔က အကယ္ဒမီကစားသမားဘ၀ ခက္ခဲမႈ​ေတြအ​ေၾကာင္း​ေျပာဆိုခဲ့ပါတယ္။