
ပြီးခဲ့တဲ့အပတ်နှောင်းပိုင်းတုန်းကဝန်ဒါနာရာကခင်ပွန်းသည်ပီအက်စ်ဂျီ
တိုက်စစ်မှူးမော်ရိုအိုင်ကာဒီကိုသူမရဲ့နောက်ကွယ်မှာဖောက်ပြန်နေတယ်
ဆိုပြီးစွပ်စွဲမှုပြုလုပ်ခဲ့ပါတယ်။
အသက်၃၄နှစ်ရှိအာဂျင်တီးနားမော်ဒယ်ဟာခင်ပွန်းသည်ကို Instagram မှာ
Unfollowed လုပ်ခဲ့သလို နောက်ထပ်မိသားစုတစ်ခုပျက်အောင်လုပ်ပြန်ပြီ
ဆိုပြီး အွန်လိုင်းမှာရေးသားခဲ့ပါတယ်။
မော်ရိုအိုင်ကာဒီဟာအာဂျင်တီးနားမော်ဒယ်နှင့်သရုပ်ဆောင်ချိုင်းနား
ဆွာရက်ဇ်နှင့်ဖောက်ပြန်နေတယ်လို့သတင်းများကျယ်ပြန့်စွာထွက်ပေါ်
လျက်ရှိနေပါတယ်။
ပီအက်စ်ဂျီစတားဟာဝန်ဒါနှင့်အတူတွဲရိုက်ထားတဲ့ဓာတ်ပုံကိုအင်စတာ
ဂရမ်မှာတင်ပြီး၎င်းတို့အကြားဘာပြဿနာမှမရှိကြောင်းရှင်းလင်းခဲ့ပါတယ်။
ဒါပေမယ့်ယခုအခါဝန်ဒါနာရာက၎င်းတို့အိမ်ထောင်ရေးမှာပျက်သုဉ်းရ
တော့မယ့်အနေအထားမျိုးအထိရှိနေကြောင်းတုံ့ပြန်လာပါတယ်။
ဝန်ဒါနာရာဟာ Instagram Story မှာလက်ထပ်လက်စွပ်မပါတဲ့ဓာတ်ပုံကို
တင်ပြီး “Good day. I like my hand bettter without a ring”ဆိုပြီး
ရေးသားတင်လာပါတယ်။
ဝန်ဒါနာရာဟာကလေးများကိုခေါ်ဆောင်ကာမီလန်သို့ထွက်ခွာသွားခဲ့ပြီး
အိုင်ကာဒီဟာပီအက်စ်ဂျီလေ့ကျင့်ခန်းအစီအစဉ်ကိုဖျက်ကာမီလန်သို့
လိုက်ကာ ၎င်းတို့အကြားပြေလည်မှုရရှိအောင်လုပ်ဖို့ကြိုးစားနေတယ်
လို့ယူဆရပါတယ်။
အိုင်ကာဒီနှင့်ဝန်ဒါနာရာတို့မှာဖရန်ဆစ္စကာနှင့်အစ္စဘယ်လာအမည်ရှိ
လေးနှစ်ဦးထွန်းကားထားပါတယ်။ဝန်ဒါနာရာဟာယခင် ခင်ပွန်း
လိုပက်ဇ်နှင့်ကလေးသုံးဦးထွန်းကားခဲ့ပါတယ်။
Zawgyi
အိုင္ကာဒီကို တုံ႔ျပန္လိုက္တဲ့ ဝန္ဒါနာရာ
ၿပီးခဲ့တဲ့အပတ္ေႏွာင္းပိုင္းတုန္းကဝန္ဒါနာရာကခင္ပြန္းသည္ပီအက္စ္ဂ်ီ
တိုက္စစ္မႉးေမာ္႐ိုအိုင္ကာဒီကိုသူမရဲ႕ေနာက္ကြယ္မွာေဖာက္ျပန္ေနတယ္
ဆိုၿပီးစြပ္စြဲမႈျပဳလုပ္ခဲ့ပါတယ္။
အသက္၃၄ႏွစ္ရွိအာဂ်င္တီးနားေမာ္ဒယ္ဟာခင္ပြန္းသည္ကို Instagram မွာ
Unfollowed လုပ္ခဲ့သလို ေနာက္ထပ္မိသားစုတစ္ခုပ်က္ေအာင္လုပ္ျပန္ၿပီ
ဆိုၿပီး အြန္လိုင္းမွာေရးသားခဲ့ပါတယ္။
ေမာ္႐ိုအိုင္ကာဒီဟာအာဂ်င္တီးနားေမာ္ဒယ္ႏွင့္သ႐ုပ္ေဆာင္ခ်ိဳင္းနား
ဆြာရက္ဇ္ႏွင့္ေဖာက္ျပန္ေနတယ္လို႔သတင္းမ်ားက်ယ္ျပန႔္စြာထြက္ေပၚ
လ်က္ရွိေနပါတယ္။
ပီအက္စ္ဂ်ီစတားဟာဝန္ဒါႏွင့္အတူတြဲ႐ိုက္ထားတဲ့ဓာတ္ပုံကိုအင္စတာ
ဂရမ္မွာတင္ၿပီး၎တို႔အၾကားဘာျပႆနာမွမရွိေၾကာင္းရွင္းလင္းခဲ့ပါတယ္။
ဒါေပမယ့္ယခုအခါဝန္ဒါနာရာက၎တို႔အိမ္ေထာင္ေရးမွာပ်က္သုဥ္းရ
ေတာ့မယ့္အေနအထားမ်ိဳးအထိရွိေနေၾကာင္းတုံ႔ျပန္လာပါတယ္။
ဝန္ဒါနာရာဟာ Instagram Story မွာလက္ထပ္လက္စြပ္မပါတဲ့ဓာတ္ပုံကို
တင္ၿပီး “Good day. I like my hand bettter without a ring”ဆိုၿပီး
ေရးသားတင္လာပါတယ္။
ဝန္ဒါနာရာဟာကေလးမ်ားကိုေခၚေဆာင္ကာမီလန္သို႔ထြက္ခြာသြားခဲ့ၿပီး
အိုင္ကာဒီဟာပီအက္စ္ဂ်ီေလ့က်င့္ခန္းအစီအစဥ္ကိုဖ်က္ကာမီလန္သို႔
လိုက္ကာ ၎တို႔အၾကားေျပလည္မႈရရွိေအာင္လုပ္ဖို႔ႀကိဳးစားေနတယ္
လို႔ယူဆရပါတယ္။
အိုင္ကာဒီႏွင့္ဝန္ဒါနာရာတို႔မွာဖရန္ဆစၥကာႏွင့္အစၥဘယ္လာအမည္ရွိ
ေလးႏွစ္ဦးထြန္းကားထားပါတယ္။ဝန္ဒါနာရာဟာယခင္ ခင္ပြန္း
လိုပက္ဇ္ႏွင့္ကေလးသုံးဦးထြန္းကားခဲ့ပါတယ္။