
မော်ရိုအိုင်ကာဒီနှင့်ဇနီးသည်ဝန်ဒါနာရာတို့အကြားကွဲကြပြဲကြတော့မယ့်
သတင်းထွက်ပေါ်လာပြီးနောက်ပြန်လည်သင့်မြတ်အဆင်ပြေသွားခဲ့ကြပြီဖြစ်ပါတယ်။
ပီအက်စ်ဂျီတိုက်စစ်မှူးဟာအင်စတာဂရမ်ကနေသူတို့ဇနီးမောင်နှံချစ်ကြည်နူးနေတဲ့
ဓာတ်ပုံများကိုတင်ကာ၎င်းတို့ဇနီးမောင်နှံအကြားပြေလည်မှုရရှိသွားပြီလို့
ပရိသတ်များကိုအသိပေးလာခဲ့တာလည်းဖြစ်ပါတယ်။
ဝန်ဒါနာရာဟာမကြာသေးမီတုန်းကခင်ပွန်းသည်အသက်၂၈နှစ်ရှိ
အိုင်ကာဒီကိုသူမရဲ့နောက်ကွယ်မှာဖောက်ပြန်နေတယ်လို့ဆိုရှယ်မီဒီယာကနေ
လူသိရှင်ကြားစွပ်စွဲမှုပြုလုပ်ခဲ့ပါတယ်။ အိုင်ကာဒီဟာမိသားစုဘဝ
မပြိုကွဲရေးအတွက် ကြိုးစားလုပ်ဆောင်ရန် ပီအက်စ်ဂျီရဲ့
လေ့ကျင့်ခန်းအစီအစဉ်သို့သွားရောက်ရန်ပျက်ကွယ်ခဲ့ပါတယ်။
ယခုအခါမှာတော့ အိုင်ကာဒီဟာဇနီးသည်ရင်ခွင်မှာလဲလျောင်းနေတဲ့
ဓာတ်ပုံမှာအသည်းပုံလေးနှစ်ပုံထည့်သွင်းထားတဲ့ဓာတ်ပုံကို
အွန်လိုင်းမှာတင်ကာ ၎င်းတို့အကြားအဆင်ပြေနေပြီလို့အတည်ပြုလာပါတယ်။
L’Equipe ရဲ့ဖော်ပြချက်အရဝန်ဒါနာရာဟာကလေးများကိုခေါ်ဆောင်ကာ
မီလန်သို့ထွက်ခွာသွားခဲ့ပါတယ်။အိုင်ကာဒီဟာလည်းဇနီးသည်နှင့်
ကလေးရှိရာမီလန်သို့လိုက်ပါကာဖျောင်းဖျမှုပြုလုပ်ခဲ့ရတယ်လို့ယူဆရပါတယ်။
၎င်းတို့နှစ်ဦးဟာ၂၀၁၄ခုနှစ်တုန်းကလက်ထပ်ခဲ့ကြတာဖြစ်ပြီး
ကလေးနှစ်ဦးရရှိထားပြီးဖြစ်ပါတယ်။ဝန်ဒါနာရာဟာခင်ပွန်းသည်မက်ဆီလိုပက်ဇ်ရဲ့
ကစားဖော်နှင့်သူငယ်ချင်းအိုင်ကာဒီနှင့်ဖောက်ပြန်ခဲ့ပြီးနောက်
ခင်ပွန်းသည်နှင့်လမ်းခွဲကာလက်ထပ်ခဲ့တာဖြစ်ပါတယ်။
zawgyi
ေျပလည္မႈျပန္ရသြားတဲ့ အိုင္ကာဒီႏွင့္ဝန္ဒါနာရာ
ေမာ္႐ိုအိုင္ကာဒီႏွင့္ဇနီးသည္ဝန္ဒါနာရာတို႔အၾကားကြဲၾကၿပဲၾကေတာ့မယ့္
သတင္းထြက္ေပၚလာၿပီးေနာက္ျပန္လည္သင့္ျမတ္အဆင္ေျပသြားခဲ့ၾကၿပီျဖစ္ပါတယ္။
ပီအက္စ္ဂ်ီတိုက္စစ္မႉးဟာအင္စတာဂရမ္ကေနသူတို႔ဇနီးေမာင္ႏွံခ်စ္ၾကည္ႏူးေနတဲ့
ဓာတ္ပုံမ်ားကိုတင္ကာ၎တို႔ဇနီးေမာင္ႏွံအၾကားေျပလည္မႈရရွိသြားၿပီလို႔
ပရိသတ္မ်ားကိုအသိေပးလာခဲ့တာလည္းျဖစ္ပါတယ္။
ဝန္ဒါနာရာဟာမၾကာေသးမီတုန္းကခင္ပြန္းသည္အသက္၂၈ႏွစ္ရွိ
အိုင္ကာဒီကိုသူမရဲ႕ေနာက္ကြယ္မွာေဖာက္ျပန္ေနတယ္လို႔ဆိုရွယ္မီဒီယာကေန
လူသိရွင္ၾကားစြပ္စြဲမႈျပဳလုပ္ခဲ့ပါတယ္။ အိုင္ကာဒီဟာမိသားစုဘဝ
မၿပိဳကြဲေရးအတြက္ ႀကိဳးစားလုပ္ေဆာင္ရန္ ပီအက္စ္ဂ်ီရဲ႕
ေလ့က်င့္ခန္းအစီအစဥ္သို႔သြားေရာက္ရန္ပ်က္ကြယ္ခဲ့ပါတယ္။
ယခုအခါမွာေတာ့ အိုင္ကာဒီဟာဇနီးသည္ရင္ခြင္မွာလဲေလ်ာင္းေနတဲ့
ဓာတ္ပုံမွာအသည္းပုံေလးႏွစ္ပုံထည့္သြင္းထားတဲ့ဓာတ္ပုံကို
အြန္လိုင္းမွာတင္ကာ ၎တို႔အၾကားအဆင္ေျပေနၿပီလို႔အတည္ျပဳလာပါတယ္။
L’Equipe ရဲ႕ေဖာ္ျပခ်က္အရဝန္ဒါနာရာဟာကေလးမ်ားကိုေခၚေဆာင္ကာ
မီလန္သို႔ထြက္ခြာသြားခဲ့ပါတယ္။အိုင္ကာဒီဟာလည္းဇနီးသည္ႏွင့္
ကေလးရွိရာမီလန္သို႔လိုက္ပါကာေဖ်ာင္းဖ်မႈျပဳလုပ္ခဲ့ရတယ္လို႔ယူဆရပါတယ္။
၎တို႔ႏွစ္ဦးဟာ၂၀၁၄ခုႏွစ္တုန္းကလက္ထပ္ခဲ့ၾကတာျဖစ္ၿပီး
ကေလးႏွစ္ဦးရရွိထားၿပီးျဖစ္ပါတယ္။ဝန္ဒါနာရာဟာခင္ပြန္းသည္မက္ဆီလိုပက္ဇ္ရဲ႕
ကစားေဖာ္ႏွင့္သူငယ္ခ်င္းအိုင္ကာဒီႏွင့္ေဖာက္ျပန္ခဲ့ၿပီးေနာက္
ခင္ပြန္းသည္ႏွင့္လမ္းခြဲကာလက္ထပ္ခဲ့တာျဖစ္ပါတယ္။