နောက်တစ်ယောက်တွေ့နေပြန်ပြီလား..အိုင်ကာဒီ

မော်ဒယ်ဝန်ဒါနာရာဟာခင်ပွန်းသည်မော်ရိုအိုင်ကာဒီကိုသူမရဲ့နောက်ကွယ်မှာ

ဖောက်ပြန်နေတယ်ဆိုပြီးဆိုရှယ်မီဒီယာကနေစွပ်စွဲမှုပြုလုပ်လာပါတယ်။

အသက်၃၃နှစ်ရှိအာဂျင်တီးနားအလှမယ်ဟာ မိသားစုဘဝကို ဖျက်ဆီးနေ

တယ်ဆိုပြီး အင်စတာဂရမ်မှာစာရေးတင်ခဲ့ကာ ခင်ပွန်းသည်မော်ရိုအိုင်ကာဒီ

ကိုလည်း Unfollowed လုပ်ခဲ့ပါတယ်။

မော်ရိုအိုင်ကာဒီနှင့်ဝန်ဒါနာရာတို့ဟာ၂၀၁၄ခုနှစ်တုန်းကလက်ထပ်ခဲ့ကြတာဖြစ်ပြီး

ဖရန်ဆစ္စကာနှင့်အစ္စဘယ်လာအမည်ရှိကလေးနှစ်ဦးထွန်းကားထားပါတယ်။
အိုင်ကာဒီဟာဆမ်ဒိုးရီးယားကစားဖော် မက်ဆီလိုပက်ဇ်ရဲ့နောက်ကွယ်မှာ ကစား

ဖော်ရဲ့ဇနီးသည်ဝန်ဒါနာရာနှင့်ခြေပုန်းခုပ်ပြီး နှိုက်ယူခဲ့တာလည်းဖြစ်ပါတယ်။

ဝန်ဒါနာရာဟာ မိသားစုဘဝကိုဖျက်ဆီးနေပြန်ပြီ ရေးသားပို့စ်တင်ခဲ့ပေမယ့်

ဘယ်သူဆိုတာကိုအမည်နဲ့အတိအကျရေးသားခဲ့တာမျိုးတော့မရှိပါဘူး။

ဝန်ဒါနာရာဟာယခင်ခင်ပွန်းဟောင် းမက်ဆီလိုပက်ဇ်နှင့်ကလေးသုံးဦးရရှိခဲ့ဖူးသူ

ဖြစ်ပါတယ်။ သူမဟာလိုပက်ဇ်နှင့်လက်ထပ်ထားစဉ်အတွင်းခင်ပွန်းသည်ရဲ့နောက်

ကွယ်မှာ အိုင်ကာဒီနှင့်ခြေပုန်းခုပ်ခဲ့တာပါ။၂၀၁၃ ခုနှစ်မှာလိုပက်ဇ်နှင့်တရားဝင်

ကွာရှင်းပြတ်စွဲပြီးနောက်သူမဟာအိုင်ကာဒီနှင့်လူသိရှင်ကြားတွဲကာလက်ထပ်ခဲ့ပါတယ်။

Zawgyi

ေနာက္တစ္ေယာက္ေတြ႕ေနျပန္ၿပီလား..အိုင္ကာဒီ

ေမာ္ဒယ္ဝန္ဒါနာရာဟာခင္ပြန္းသည္ေမာ္႐ိုအိုင္ကာဒီကိုသူမရဲ႕ေနာက္ကြယ္မွာ

ေဖာက္ျပန္ေနတယ္ဆိုၿပီးဆိုရွယ္မီဒီယာကေနစြပ္စြဲမႈျပဳလုပ္လာပါတယ္။

အသက္၃၃ႏွစ္ရွိအာဂ်င္တီးနားအလွမယ္ဟာ မိသားစုဘဝကို ဖ်က္ဆီးေန

တယ္ဆိုၿပီး အင္စတာဂရမ္မွာစာေရးတင္ခဲ့ကာ ခင္ပြန္းသည္ေမာ္႐ိုအိုင္ကာဒီ

ကိုလည္း Unfollowed လုပ္ခဲ့ပါတယ္။

ေမာ္႐ိုအိုင္ကာဒီႏွင့္ဝန္ဒါနာရာတို႔ဟာ၂၀၁၄ခုႏွစ္တုန္းကလက္ထပ္ခဲ့ၾကတာျဖစ္ၿပီး

ဖရန္ဆစၥကာႏွင့္အစၥဘယ္လာအမည္ရွိကေလးႏွစ္ဦးထြန္းကားထားပါတယ္။
အိုင္ကာဒီဟာဆမ္ဒိုးရီးယားကစားေဖာ္ မက္ဆီလိုပက္ဇ္ရဲ႕ေနာက္ကြယ္မွာ ကစား

ေဖာ္ရဲ႕ဇနီးသည္ဝန္ဒါနာရာႏွင့္ေျခပုန္းခုပ္ၿပီး ႏႈိက္ယူခဲ့တာလည္းျဖစ္ပါတယ္။

ဝန္ဒါနာရာဟာ မိသားစုဘဝကိုဖ်က္ဆီးေနျပန္ၿပီ ေရးသားပို႔စ္တင္ခဲ့ေပမယ့္

ဘယ္သူဆိုတာကိုအမည္နဲ႔အတိအက်ေရးသားခဲ့တာမ်ိဳးေတာ့မရွိပါဘူး။

ဝန္ဒါနာရာဟာယခင္ခင္ပြန္းေဟာင္ းမက္ဆီလိုပက္ဇ္ႏွင့္ကေလးသုံးဦးရရွိခဲ့ဖူးသူ

ျဖစ္ပါတယ္။ သူမဟာလိုပက္ဇ္ႏွင့္လက္ထပ္ထားစဥ္အတြင္းခင္ပြန္းသည္ရဲ႕ေနာက္

ကြယ္မွာ အိုင္ကာဒီႏွင့္ေျခပုန္းခုပ္ခဲ့တာပါ။၂၀၁၃ ခုႏွစ္မွာလိုပက္ဇ္ႏွင့္တရားဝင္

ကြာရွင္းျပတ္စြဲၿပီးေနာက္သူမဟာအိုင္ကာဒီႏွင့္လူသိရွင္ၾကားတြဲကာလက္ထပ္ခဲ့ပါတယ္။