အိုဆာဆူနာကို မနိုင်တာ နှင်းကျနေလို့ဆိုပြီး ဆင်ခြေဆင်လက် ပေးလိုက်တဲ့ ဇီဒန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကတော့ အိုဆာဆူနာနဲ့ပွဲကန်ဖို့ ဆုံးဖြတ်ခဲ့တဲ့ တာဝန်ရှိသူတွေကို ဝေဖန်လိုက်ပြောကြားလိုက်ပါတယ်။

စပိန်မှာတော့ ဖီလိုမီနာမုန်တိုင်းဝင်ရောက်တိုက်ခတ်နေပြီး နှင်းများနဲ့ဖုံးလွှမ်းနေတာကြောင့် စနေနေ့က တီကို နဲ့ ဘီဘာလ်အိုတို့ပွဲကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

မက်ဒရစ်ကတော့ အိုဆာဆူနာနဲ့ပွဲအတွက် ပန်ပလိုနာကို လေယာဉ် ၃ နာရီစီးခဲ့ရကာ မုန်တိုင်းပြီးဆုံးပြီး အားလုံးအခြေအနေကောင်းတဲ့အချိန်အထိ စောင့်ဆိုင်းချင်ခဲ့တာဖြစ်ပါတယ်။

ပန်ပလိုနာဟာ စနေနေ့က နှင်းမုန်တိုင်းတိုက်ခတ်ခဲ့တာကြောင့် အယ်လ်ဆာဒါကွင်းအတွင်းမှာ နှင်းတွေဖုံးလွှမ်းခဲ့ကာ ၂ သင်းစလုံးအတွက် ခက်ခဲခဲ့ပါတယ်။

အဆိုပါပွဲမှာတော့ ၂ သင်းစလုံးဂိုးမရှိသရေကျခဲ့ပြီး သရေတစ်မှတ်စီခွဲယူခဲ့ရပါတယ်။ ပွဲအပြီးမှာ ဇီဒန်းက ကွင်းတွင်းအခြေအနေနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေပါတယ်။ “တကယ့်ကို ခက်ခဲတဲ့အချိန်တစ်ခုပါ။ ဘောလုံးပွဲတစ်ပွဲမဟုတ်ခဲ့ပါဘူး”လို့ ဇီဒန်းက ပြောကြားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ နှင်းတွေကျနေတဲ့အခြေအနေကြောင့် ပန်ပလိုနာဟိုတယ်မှာပဲ ဆက်နေခဲ့ရပါတယ်။

“မှန်ပါတယ်။ ဒီပွဲက ဖျက်သိမ်းရမယ့်ပွဲတစ်ပွဲပါ။ အခြေအနေတွေက ရှုပ်ထွေးနေပါတယ်။ ၂ သင်းစလုံးခက်ခဲမယ့်အခြေအနေတစ်ခုမှာ မကန်တာက ပိုကောင်းပါတယ်”လို့ ဇီဒန်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဇီဒန်းက အခုအပတ်ထဲမှာပဲ ပွဲတွေအများကြီး စီမံထားတဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့လုပ်ရပ်ကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။

“မနက်ဖြန်မက်ဒရစ်ပြန်ရရင်တောင် ကြံ့ခိုင်မှုပိုင်းအတွက် မသေချာလောက်ပါဘူး။ တနလာၤနေ့မှာ တစ်ပွဲ ၊ ဗုဒ္ဓဟူးနေ့မှာလည်း နောက်တစ်ပွဲရှိနေပါတယ်”လို့ ဇီဒန်းက ဆိုပါတယ်။

ရီးရဲလ်အသင်းဟာ လာမယ့်ကြားရက်မှာ အယ်လ်ကိုယာနိုအသင်းနဲ့ ကိုပါဒယ်ရေးပွဲစဉ်ကို ဆင်နွှဲရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အုိဆာဆူနာကို မႏိုင္တာ ႏွင္းက်ေနလို႔ဆုိျပီး ဆင္ေျခဆင္လက္ ေပးလိုက္တဲ့ ဇီဒန္း

ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းကေတာ့ အိုဆာဆူနာနဲ႔ပြဲကန္ဖို႔ ဆံုးျဖတ္ခဲ့တဲ့ တာ၀န္ရွိသူေတြကို ေ၀ဖန္လိုက္ေျပာၾကားလိုက္ပါတယ္။ စပိန္မွာေတာ့ ဖီလိုမီနာမုန္တိုင္း၀င္ေရာက္တိုက္ခတ္ေနျပီး ႏွင္းမ်ားနဲ႔ဖံုးလႊမ္းေနတာေၾကာင့္ စေနေန႔က တီကို နဲ႔ ဘီဘာလ္အိုတို႔ပြဲကို ေရႊ႕ဆုိင္းခဲ့ရပါတယ္။ မက္ဒရစ္ကေတာ့ အုိဆာဆူနာနဲ႔ပြဲအတြက္ ပန္ပလိုနာကို ေလယာဥ္ ၃ နာရီစီးခဲ့ရကာ မုန္တိုင္းျပီးဆံုးျပီး အားလံုးအေျခအေနေကာင္းတဲ့အခ်ိန္အထိ ေစာင့္ဆိုင္းခ်င္ခဲ့တာျဖစ္ပါတယ္။ ပန္ပလိုနာဟာ စေနေန႔က ႏွင္းမုန္တိုင္းတိုက္ခတ္ခဲ့တာေၾကာင့္ အယ္လ္ဆာဒါကြင္းအတြင္းမွာ ႏွင္းေတြဖုံးလႊမ္းခဲ့ကာ ၂ သင္းစလံုးအတြက္ ခက္ခဲခဲ့ပါတယ္။

အဆိုပါပြဲမွာေတာ့ ၂ သင္းစလံုးဂိုးမရွိသေရက်ခဲ့ျပီး သေရတစ္မွတ္စီခြဲယူခဲ့ရပါတယ္။ ပြဲအျပီးမွာ ဇီဒန္းက ကြင္းတြင္းအေျခအေနနဲ႔ပတ္သက္ျပီး မေပ်ာ္မရႊင္ျဖစ္ေနပါတယ္။ “တကယ့္ကို ခက္ခဲတဲ့အခ်ိန္တစ္ခုပါ။ ေဘာလံုးပြဲတစ္ပြဲမဟုတ္ခဲ့ပါဘူး”လို႔ ဇီဒန္းက ေျပာၾကားခဲ့ပါတယ္။ ရီးရဲလ္အသင္းဟာ ႏွင္းေတြက်ေနတဲ့အေျခအေနေၾကာင့္ ပန္ပလိုနာဟိုတယ္မွာပဲ ဆက္ေနခဲ့ရပါတယ္။ “မွန္ပါတယ္။ ဒီပြဲက ဖ်က္သိမ္းရမယ့္ပြဲတစ္ပြဲပါ။ အေျခအေနေတြက ရႈပ္ေထြးေနပါတယ္။

၂ သင္းစလံုးခက္ခဲမယ့္အေျခအေနတစ္ခုမွာ မကန္တာက ပိုေကာင္းပါတယ္”လို႔ ဇီဒန္းက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ ဇီဒန္းက အခုအပတ္ထဲမွာပဲ ပြဲေတြအမ်ားၾကီး စီမံထားတဲ့ စပိန္ေဘာလံုးအဖြဲ႕ခ်ဳပ္ရဲ႕လုပ္ရပ္ကိုလည္း ေမးခြန္းထုတ္ခဲ့ပါတယ္။ “မနက္ျဖန္မက္ဒရစ္ျပန္ရရင္ေတာင္ ၾကံ့ခိုင္မႈပိုင္းအတြက္ မေသခ်ာေလာက္ပါဘူး။ တနလာၤေန႔မွာ တစ္ပြဲ ၊ ဗုဒၶဟူးေန႔မွာလည္း ေနာက္တစ္ပြဲရွိေနပါတယ္”လို႔ ဇီဒန္းက ဆိုပါတယ္။ ရီးရဲလ္အသင္းဟာ လာမယ့္ၾကားရက္မွာ အယ္လ္ကိုယာႏိုအသင္းနဲ႔ ကိုပါဒယ္ေရးပြဲစဥ္ကို ဆင္ႏႊဲရမွာျဖစ္ပါတယ္။