အိုဆာဆူနာနဲ့ ပွဲစဉ်ကို ရွေ့ဆိုင်းခဲ့သင့်ကြောင်း ဇီဒန်းပြောကြား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လက်ရှိ လာလီဂါ ချန်ပီယံ အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ အိုဆာဆူနာအသင်းနဲ့ ပွဲစဉ်မှာ ခက်ခဲတဲ့အခြေအနေတွေကြား တစ်ဖက်တစ်ဂိုးစီ သရေလာဒ်ထွက်ပေါ်ခဲ့ပါတယ်။ ဇီနက်ဒီ ဇီဒန်းက ရီးရဲမက်ဒရစ် နှင့် အိုဆာဆူနာ အသင်းတို့ရဲ့ ပွဲစဉ်ကို ကစားဖို့ ခွင့်ပြုခဲ့တဲ့အပေါ် ဝေဖန်ပြောကြားလိုက်ပါတယ်။

စပိန်နိုင်ငံဟာ Filomena မုန်တိုင်းရဲ့ ရိုက်ခတ်ခြင်းခံခဲ့ရပြီး နိုင်ငံအနှံ့ နှင်းတွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။ ဒါကြောင့် စနေနေ့ အစောပိုင်းမှာ ကစားရဖို့ ရှိနေခဲ့တဲ့ အက်သလက်တီကို နှင့် ဘီဘာအိုတို့ ပွဲစဉ်ကိုလည်း ရွေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲမက်ဒရစ် အသင်းကတော့ အိုဆာဆူနာနဲ့ကစားဖို့ Pamplona ကို သွားရောက်ခဲ့ရပြီး နှင်းတွေကြားမှာ လေယာဉ်စတင် ထွက်ခွာနိုင်ဖို့ သုံးနာရီကြာ စောင့်ဆိုင်းခဲ့ရပါတယ်။

Pamona ဒေသဟာ ပြီးခဲ့တဲ့ စနေနေ့က နှင်းမုန်တိုင်းရဲ့ ရိုက်ခတ်မှုကို ပြင်းထန်စွာခံစားခဲ့ရပြီး El Sadar ကွင်းက နှစ်ဖက်အသင်း ကစားသမားတွေအတွက် ဘောလုံးကစားဖို့ အခက်အခဲ ဖြစ်ခဲ့တယ်။ အဆိုပါပွဲစဉ်အပြီး ဇီဒန်းက သတင်းစာ ရှင်းလင်းပွဲမှာ စိတ်ပျက်လျက်ရှိပြီး အဆိုပါပွဲစဉ်အခြေအနေနဲ့ ပတ်သက်လို့ မပျော်မရွှင် ဖြစ်နေပါတယ်။

ဇီဒန်းက ” ကျွန်တော်တို့ ကွင်းထဲမှာ တတ်နိုင်သလောက် အကောင်းဆုံး ကစားခဲ့တယ်။ ဒါပေမယ့် ဒါက ဘောလုံး ပွဲစဉ်လို့ကို မခေါ်သင့်ပါဘူး။ အခြေအနေတွေက အရမ်းကို ခက်ခဲပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ နှင်းဒဏ်ကြောင့် အဆိုပါ ပွဲစဉ်အပြီး မက်ဒရစ်မြို့ကို ပြန်သွားနိုင်ခြင်း မရှိသေးပဲ Pamplona မြို့က ဟိုတယ်မှာပဲ ဆက်လက်နေထိုင်ခဲ့ရပါတယ်။

” ဒီ နှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အရာတွေက အရမ်းကို ရှုပ်ထွေးပါတယ်။ ကျွန်တော်တို့ ဘယ်ချိန်မှ ပြန်နိုင်မယ်ဆိုတာ မသိသေးပါဘူး။ အိုဆာဆူနာနဲ့ ပွဲစဉ်ကို ရွေ့ဆိုင်းခဲ့သင့်တာ အသိသာကြီးပါ။ ဘောလုံးကစားနိုင်တဲ့ အခြေအနေ မရှိခဲ့ပါဘူး။ ” Source : Goal

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လက္ရွိ လာလီဂါ ခ်န္ပီယံ အသင္းဟာ ၿပီးခဲ့တဲ့ စေနေန႔က ကစားခဲ့တဲ့ အိုဆာဆူနာအသင္းနဲ႔ ပြဲစဥ္မွာ ခက္ခဲတဲ့အေျခအေနေတြၾကား တစ္ဖက္တစ္ဂိုးစီ သေရလာဒ္ထြက္ေပၚခဲ့ပါတယ္။ ဇီနက္ဒီ ဇီဒန္းက ရီးရဲမက္ဒရစ္ ႏွင့္ အိုဆာဆူနာ အသင္းတို႔ရဲ႕ ပြဲစဥ္ကို ကစားဖို႔ ခြင့္ျပဳခဲ့တဲ့အေပၚ ေဝဖန္ေျပာၾကားလိုက္ပါတယ္။ စပိန္ႏိုင္ငံဟာ Filomena မုန္တိုင္းရဲ႕ ႐ိုက္ခတ္ျခင္းခံခဲ့ရၿပီး ႏိုင္ငံအႏွံ႔ ႏွင္းေတြ ဖုံးလႊမ္းသြားခဲ့ပါတယ္။ ဒါေၾကာင့္ စေနေန႔ အေစာပိုင္းမွာ ကစားရဖို႔ ရွိေနခဲ့တဲ့ အက္သလက္တီကို ႏွင့္ ဘီဘာအိုတို႔ ပြဲစဥ္ကိုလည္း ေ႐ြ႕ဆိုင္းခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ ရီးရဲမက္ဒရစ္ အသင္းကေတာ့ အိုဆာဆူနာနဲ႔ကစားဖို႔ Pamplona ကို သြားေရာက္ခဲ့ရၿပီး ႏွင္းေတြၾကားမွာ ေလယာဥ္စတင္ ထြက္ခြာႏိုင္ဖို႔ သုံးနာရီၾကာ ေစာင့္ဆိုင္းခဲ့ရပါတယ္။ Pamona ေဒသဟာ ၿပီးခဲ့တဲ့ စေနေန႔က ႏွင္းမုန္တိုင္းရဲ႕ ႐ိုက္ခတ္မႈကို ျပင္းထန္စြာခံစားခဲ့ရၿပီး El Sadar ကြင္းက ႏွစ္ဖက္အသင္း ကစားသမားေတြအတြက္ ေဘာလုံးကစားဖို႔ အခက္အခဲ ျဖစ္ခဲ့တယ္။ အဆိုပါပြဲစဥ္အၿပီး ဇီဒန္းက သတင္းစာ ရွင္းလင္းပြဲမွာ စိတ္ပ်က္လ်က္ရွိၿပီး အဆိုပါပြဲစဥ္အေျခအေနနဲ႔ ပတ္သက္လို႔ မေပ်ာ္မ႐ႊင္ ျဖစ္ေနပါတယ္။

ဇီဒန္းက ” ကြၽန္ေတာ္တို႔ ကြင္းထဲမွာ တတ္ႏိုင္သေလာက္ အေကာင္းဆုံး ကစားခဲ့တယ္။ ဒါေပမယ့္ ဒါက ေဘာလုံး ပြဲစဥ္လို႔ကို မေခၚသင့္ပါဘူး။ အေျခအေနေတြက အရမ္းကို ခက္ခဲပါတယ္။ ” လို႔ ေျပာၾကားခဲ့ပါတယ္။ ရီးရဲမက္ဒရစ္အသင္းဟာ ႏွင္းဒဏ္ေၾကာင့္ အဆိုပါ ပြဲစဥ္အၿပီး မက္ဒရစ္ၿမိဳ႕ကို ျပန္သြားႏိုင္ျခင္း မရွိေသးပဲ Pamplona ၿမိဳ႕က ဟိုတယ္မွာပဲ ဆက္လက္ေနထိုင္ခဲ့ရပါတယ္။ ” ဒီ ႏွစ္ရက္အတြင္း ျဖစ္ပ်က္ခဲ့တဲ့ အရာေတြက အရမ္းကို ရႈပ္ေထြးပါတယ္။ ကြၽန္ေတာ္တို႔ ဘယ္ခ်ိန္မွ ျပန္ႏိုင္မယ္ဆိုတာ မသိေသးပါဘူး။ အိုဆာဆူနာနဲ႔ ပြဲစဥ္ကို ေ႐ြ႕ဆိုင္းခဲ့သင့္တာ အသိသာႀကီးပါ။ ေဘာလုံးကစားႏိုင္တဲ့ အေျခအေန မရွိခဲ့ပါဘူး။ ” Source : Goal