အိုဇေးရဲ့ အာဆင်နယ် ကစားသမားဘဝ အကောင်းဆုံးအသင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အိုဇေးအနေနဲ့ အာဆင်နယ်ကစားသမားဘဝ ( ၈ ) နှစ်တာ ကာလအတွင်းမှာ ထိပ်တန်း ကစားသမားအချို့ကစားခဲ့ပြီး သူ့ရဲ့ အကောင်းဆုံး အသင်းရွေးချယ်မှုမှာတော့ နာမည်ကြီး အသင်းဖော် အချို့ ပါဝင်ခြင်းမရှိခဲ့တာ တွေ့ရပါတယ်။ အိုဇေးက သူ့ရဲ့ အာဆင်နယ် ကစားသမားဘဝအတွင်း အကောင်ဆုံး အသင်းဖော် ( ၁၁ ) ယောက်ကို ရွေးချယ်ခဲ့ရာမှာ နာဘရီအပါအဝင် ယခင် နှင့် လက်ရှိ ကစားသမားအချို့ ပါဝင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် တောင်ပံကစားသမားဟာ မြောက်လန်ဒန်မှာ အာဆင်နယ်အသင်းအတွက် ( ၁၈ ) ကြိမ်သာ ကစားပေးခဲ့ပေမယ့် အိုဇေးရဲ့ အကောင်းဆုံး အသင်းမှာ ပါဝင်လာတာ ဖြစ်ပါတယ်။ နာဘရီက ကွင်းလယ် ကစားသမား ( ၃ ) ဦးထဲမှာ ရွေးချယ်ခံခဲ့ရပေမယ့် ဂန်နားတွေ နှစ်သက်တဲ့ ဂျက် ဝီရှီးယား နှင့် လက်ရှိ အသင်းနည်းပြ ၊ အိုဇေးရဲ့ အသင်းဖော်ဟောင်း အာတီတာတို့ကတော့ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

အိုဇေးက နောက်ထပ် ကွင်းလယ်ကစားသမားတွေ အဖြစ် လက်ရှိ ဂျူဗင်တပ် ကွင်းလယ် ကစားသမား အာရွန် ရမ်ဆေး နှင့် Al- Sadd အသင်းကစားသမား ဆင်တီ ကာဇိုလာတို့ကို ရွေးချယ်ခဲ့ပါတယ်။ ခံစစ်ပိုင်းမှာတော့ လက်ရှိ ရှော်ကေးအသင်းထံ အငှားသွားရောက်ကစားနေတဲ့ အိုဇေးရဲ့ သူငယ်ချင်း ကိုလာစီနက် ပါဝင်လာပြီး အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း ကိုစီရယ်နီ နှင့် မာတီဆက်ကာ တို့ကို centre back အဖြစ် ရွေးချယ်ခဲ့ပါတယ်။

right – back နေရာမှာတော့ ဆက်ဂ်နာ ကို ရွေးချယ်ခဲ့ပါတယ်။ အိုးဇေးက ဂိုးသမားနေရာမှာတော့ ပီတာချက် နှင့် လီနိုတို့အစား David Ospina ကို ရွေးချယ်ခဲ့ပါတယ်။ တိုက်စစ်ပိုင်းမှာတော့ အိုဇေးက သူ့ကိုယ်သူ ရွေးချယ်ခဲ့ပြီး အာဆင်နယ်အသင်းမှာ အိုဇေးနဲ့ ( ၃ ) နှစ်ကျော် အတွဲညီညီကစားခဲ့တဲ့ ချီလီ တိုက်စစ်မှူး ဆန်းချက် နှင့် လက်ရှိ အသင်းရဲ့ အဓိက ကစားသမား အူဘာမီယန်းတို့ ပါဝင်ခဲ့ပါတယ်။

အိုဇေးဟာ ယခုနှစ် ရာသီကုန်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ Source ; mirror

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အိုေဇးအေနနဲ႔ အာဆင္နယ္ကစားသမားဘဝ ( ၈ ) ႏွစ္တာ ကာလအတြင္းမွာ ထိပ္တန္း ကစားသမားအခ်ိဳ႕ကစားခဲ့ၿပီး သူ႔ရဲ႕ အေကာင္းဆုံး အသင္းေ႐ြးခ်ယ္မႈမွာေတာ့ နာမည္ႀကီး အသင္းေဖာ္ အခ်ိဳ႕ ပါဝင္ျခင္းမရွိခဲ့တာ ေတြ႕ရပါတယ္။ အိုေဇးက သူ႔ရဲ႕ အာဆင္နယ္ ကစားသမားဘဝအတြင္း အေကာင္ဆုံး အသင္းေဖာ္ ( ၁၁ ) ေယာက္ကို ေ႐ြးခ်ယ္ခဲ့ရာမွာ နာဘရီအပါအဝင္ ယခင္ ႏွင့္ လက္ရွိ ကစားသမားအခ်ိဳ႕ ပါဝင္ခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္ ေတာင္ပံကစားသမားဟာ ေျမာက္လန္ဒန္မွာ အာဆင္နယ္အသင္းအတြက္ ( ၁၈ ) ႀကိမ္သာ ကစားေပးခဲ့ေပမယ့္ အိုေဇးရဲ႕ အေကာင္းဆုံး အသင္းမွာ ပါဝင္လာတာ ျဖစ္ပါတယ္။ နာဘရီက ကြင္းလယ္ ကစားသမား ( ၃ ) ဦးထဲမွာ ေ႐ြးခ်ယ္ခံခဲ့ရေပမယ့္ ဂန္နားေတြ ႏွစ္သက္တဲ့ ဂ်က္ ဝီရွီးယား ႏွင့္ လက္ရွိ အသင္းနည္းျပ ၊ အိုေဇးရဲ႕ အသင္းေဖာ္ေဟာင္း အာတီတာတို႔ကေတာ့ ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။ အိုေဇးက ေနာက္ထပ္ ကြင္းလယ္ကစားသမားေတြ အျဖစ္ လက္ရွိ ဂ်ဴဗင္တပ္ ကြင္းလယ္ ကစားသမား အာ႐ြန္ ရမ္ေဆး ႏွင့္ Al- Sadd အသင္းကစားသမား ဆင္တီ ကာဇိုလာတို႔ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ ခံစစ္ပိုင္းမွာေတာ့ လက္ရွိ ေရွာ္ေကးအသင္းထံ အငွားသြားေရာက္ကစားေနတဲ့ အိုေဇးရဲ႕ သူငယ္ခ်င္း ကိုလာစီနက္ ပါဝင္လာၿပီး အာဆင္နယ္ အသင္းေခါင္းေဆာင္ေဟာင္း ကိုစီရယ္နီ ႏွင့္ မာတီဆက္ကာ တို႔ကို centre back အျဖစ္ ေ႐ြးခ်ယ္ခဲ့ပါတယ္။ right – back ေနရာမွာေတာ့ ဆက္ဂ္နာ ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။

အိုးေဇးက ဂိုးသမားေနရာမွာေတာ့ ပီတာခ်က္ ႏွင့္ လီႏိုတို႔အစား David Ospina ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ တိုက္စစ္ပိုင္းမွာေတာ့ အိုေဇးက သူ႔ကိုယ္သူ ေ႐ြးခ်ယ္ခဲ့ၿပီး အာဆင္နယ္အသင္းမွာ အိုေဇးနဲ႔ ( ၃ ) ႏွစ္ေက်ာ္ အတြဲညီညီကစားခဲ့တဲ့ ခ်ီလီ တိုက္စစ္မႉး ဆန္းခ်က္ ႏွင့္ လက္ရွိ အသင္းရဲ႕ အဓိက ကစားသမား အူဘာမီယန္းတို႔ ပါဝင္ခဲ့ပါတယ္။ အိုေဇးဟာ ယခုႏွစ္ ရာသီကုန္မွာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမွာျဖစ္ပါတယ္။ Source ; mirror