အိုဇေးလ်ကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာမင်းသိလား အာတီတာ – အာစင်ဝင်းဂါး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်နည်းပြကြီးဖြစ်တဲ့ အာစင်ဝင်းဂါးက သူ့လက်ထက်မှာ ကွင်းလယ်လူ အိုဇေးလ်ကို ဘယ်လိုကိုင်တွယ်ခဲ့သလဲဆိုတာ လက်ရှိနည်းပြအာတီတာကို အကြံပြုပြောကြားလိုက်ပါတယ်။

အာတီတာဟာ အာစင်ဝင်းဂါးနည်းပြအဖြစ်ကိုင်တွယ်ခဲ့စဉ်က အာဆင်နယ် အသင်းမှာ ကွင်းလယ်ကစားသမားအဖြစ် ၂၀၁၁-၂၀၁၆ အထိ (၅)နှစ်ကစားခဲ့သူပါ။ အာစင်ဝင်းဂါး နဲ့ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့သူတစ်ယောက်ဖြစ်ပြီး အာစင်ဝင်းဂါး လက်အောက်မှာ အိုဇေးလ်နဲ့ လည်း အသင်းဖော် အဖြစ်တွဲဖက်ညီညီကစားခဲ့သူလည်းဖြစ်ပါတယ်။

အာတီတာ နည်းပြအဖြစ် အာဆင်နယ်မှာစတင်စဉ်က အိုဇေးလ်နဲ့ လက်တွဲညီခဲ့ပေမယ့် ဒီရာသီမှာ အာဆင်နယ်အတွက် အိုဇေးလ်ဟာ တစ်စက္ကန့်တောင် ပါဝင်ကစားရခြင်းမရှိဘဲ ဖယ်ကျဉ်ခံထားရပါတယ်။ အိုဇေးလ်ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ပေးဆပ်လိုစိတ် တို့ဟာမကြာခဏမေးခွန်းထုတ်ခံရပြီးနောက် အာတီတာက ဒီဂျာမန်သားကို ဒီရာသီ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ် လူစာရင်းမှာထည့်သွင်းခြင်းမရှိဘဲ ချန်လှပ်ထားခဲ့ပါတယ်။

ဒါကြောင့်လည်း အိုဇေးလ်ဟာ လာမယ့်ဇန်နဝါရီဈေးကွက်မှာ အာဆင်နယ်ကနေထွက်ခွာဖို့ နီးစပ်နေတယ်လို့သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ ဝင်းဂါးကတော့ အာဆင်နယ်ကို သူကိုင်တွယ်နေတုန်းက အိုဇေးလ်ရဲ့အကောင်းဆုံးခြေစွမ်းရရှိအောင် ဘယ်လိုလုပ်ခဲ့သလဲဆိုတာ ပြောပြီး အိုဇေးလ်တစ်ယောက် အသင်းအတွက်ပြန်ပြီးအကျိုးပြုနိုင်အောင် အကြံပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဝင်းဂါးဟာ၂၀၁၃ မှာ အိုဇေးလ်ကို ရီးရဲလ်မက်ဒရစ်ကနေပေါင် ၄၂ သန်းနဲ့ခေါ်ယူခဲ့သူဖြစ်ပါတယ်။ သူက” အိုဇေးလ်ဟာ ထိန်းရခက်တဲ့သူမျိုးမဟုတ်ပါဘူး။ သူဟာထူးခြားတဲ့ အရည်အသွေးနဲ့ ဖန်တီးနိုင်စွမ်းရှိတဲ့ ကစားသမားဖြစ်လို့ သူပျော်နေဖို့လိုအပ်ပါတယ်။

သူဟာအနုပညာသမားဆန်သူ တစ်ယောက်ဖြစ်လို့ ဆတ်ဆတ်ထိမခံတဲ့သူမျိုးလည်း ဖြစ်ပါတယ်။ သူ့လိုလူမျိုးတွေဟာ အားပေးမှုနဲ့ အကောင်းဆုံး ခြေစွမ်းရအောင်တွန်းအားပေးနိုင်မယ့် ပတ်ဝန်းကျင်မျိုးလိုအပ်ပါတယ်း” လို့ပြောသွားတာဖြစ်ပါတယ်။

ဒါ့အပြင်ဝင်းဂါးက အိုဇေးလ်ကိုပွဲထွက် ၁၁ ဦးစာရင်းမှာပြန်ပြီးထည့်သွင်းဖို့အတွက် အသင်းရဲ့ဟန်ချက်ကအဓိက ကျတယ်လို့လည်း ဆိုခဲ့ပါတယ်။ အသက် ၇၁ နှစ်ရှိတဲ့ ဝင်းဂါးက” ဘောလုံးအသင်းတစ်ခုကို နည်းလမ်းနှစ်သွယ်နဲ့ကြည့်ရပါမယ်။ ကစားသမားတိုင်းကို တူညီတဲ့စွမ်းဆောင်နိုင်မှုဖြစ်စေဖို့လိုပါတယ်။ အလုပ်ကိုအပြင်းအထန်ကြိုးစားစေဖို့၊ ခံစစ်ကိုကူညီပေးနိုင်ဖို့တွေပေါ့။

ဒီလိုမှမဟုတ်ရင်တော့ အပေးအယူလုပ်ရမှာပေါ့။ ကွင်းလယ်မှာဖန်တီးမှုမြင့်မားတဲ့သူ လိုတယ်ဆိုရင် အဲဒီကစားသမားရဲ့ခံစစ်ကူညီမှုအားနည်းချက်ကိုနားလည်ပေးပြီး ဒီအားနည်းချက်ကိုဖြည့်ပေးဖို့လုပ်ပြီးမှ အသင်းကိုတည်ဆောက်သင့်တာပါ။ ဒါကိုမဖြစ်မနေစဉ်းစားရပါမယ်”လို့ ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အိုေဇးလ္ကို ဘယ္လိုကိုင္တြယ္ရမလဲ ဆိုတာမင္းသိလား အာတီတာ – အာစင္ဝင္းဂါး

အာဆင္နယ္အသင္းရဲ႕ ဂႏၴဝင္နည္းျပႀကီးျဖစ္တဲ့ အာစင္ဝင္းဂါးက သူ႔လက္ထက္မွာ ကြင္းလယ္လူ အိုေဇးလ္ကို ဘယ္လိုကိုင္တြယ္ခဲ့သလဲဆိုတာ လက္ရွိနည္းျပအာတီတာကို အႀကံျပဳေျပာၾကားလိုက္ပါတယ္။ အာတီတာဟာ အာစင္ဝင္းဂါးနည္းျပအျဖစ္ကိုင္တြယ္ခဲ့စဥ္က အာဆင္နယ္ အသင္းမွာ ကြင္းလယ္ကစားသမားအျဖစ္ ၂၀၁၁-၂၀၁၆ အထိ (၅)ႏွစ္ကစားခဲ့သူပါ။ အာစင္ဝင္းဂါး နဲ႕ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိခဲ့သူတစ္ေယာက္ျဖစ္ၿပီး အာစင္ဝင္းဂါး လက္ေအာက္မွာ အိုေဇးလ္နဲ႕ လည္း အသင္းေဖာ္ အျဖစ္တြဲဖက္ညီညီကစားခဲ့သူလည္းျဖစ္ပါတယ္။ အာတီတာ နည္းျပအျဖစ္ အာဆင္နယ္မွာစတင္စဥ္က အိုေဇးလ္နဲ႕ လက္တြဲညီခဲ့ေပမယ့္ ဒီရာသီမွာ အာဆင္နယ္အတြက္ အိုေဇးလ္ဟာ တစ္စကၠန႔္ေတာင္ ပါဝင္ကစားရျခင္းမရွိဘဲ ဖယ္က်ဥ္ခံထားရပါတယ္။ အိုေဇးလ္ရဲ႕ ႀကိဳးပမ္းအားထုတ္မႈနဲ႔ ေပးဆပ္လိုစိတ္ တို႔ဟာမၾကာခဏေမးခြန္းထုတ္ခံရၿပီးေနာက္ အာတီတာက ဒီဂ်ာမန္သားကို ဒီရာသီ ပရီးမီးယားလိဂ္နဲ႔ ယူ႐ိုပါလိဂ္ လူစာရင္းမွာထည့္သြင္းျခင္းမရွိဘဲ ခ်န္လွပ္ထားခဲ့ပါတယ္။

ဒါေၾကာင့္လည္း အိုေဇးလ္ဟာ လာမယ့္ဇန္နဝါရီေဈးကြက္မွာ အာဆင္နယ္ကေနထြက္ခြာဖို႔ နီးစပ္ေနတယ္လို႔သတင္းေတြထြက္ေပၚေနတာျဖစ္ပါတယ္။ ဝင္းဂါးကေတာ့ အာဆင္နယ္ကို သူကိုင္တြယ္ေနတုန္းက အိုေဇးလ္ရဲ႕အေကာင္းဆုံးေျခစြမ္းရရွိေအာင္ ဘယ္လိုလုပ္ခဲ့သလဲဆိုတာ ေျပာၿပီး အိုေဇးလ္တစ္ေယာက္ အသင္းအတြက္ျပန္ၿပီးအက်ိဳးျပဳႏိုင္ေအာင္ အႀကံေပးလိုက္တာလည္း ျဖစ္ပါတယ္။ ဝင္းဂါးဟာ၂၀၁၃ မွာ အိုေဇးလ္ကို ရီးရဲလ္မက္ဒရစ္ကေနေပါင္ ၄၂ သန္းနဲ႔ေခၚယူခဲ့သူျဖစ္ပါတယ္။ သူက” အိုေဇးလ္ဟာ ထိန္းရခက္တဲ့သူမ်ိဳးမဟုတ္ပါဘူး။ သူဟာထူးျခားတဲ့ အရည္အေသြးနဲ႔ ဖန္တီးႏိုင္စြမ္းရွိတဲ့ ကစားသမားျဖစ္လို႔ သူေပ်ာ္ေနဖို႔လိုအပ္ပါတယ္။

သူဟာအႏုပညာသမားဆန္သူ တစ္ေယာက္ျဖစ္လို႔ ဆတ္ဆတ္ထိမခံတဲ့သူမ်ိဳးလည္း ျဖစ္ပါတယ္။ သူ႔လိုလူမ်ိဳးေတြဟာ အားေပးမႈနဲ႔ အေကာင္းဆုံး ေျခစြမ္းရေအာင္တြန္းအားေပးႏိုင္မယ့္ ပတ္ဝန္းက်င္မ်ိဳးလိုအပ္ပါတယ္း” လို႔ေျပာသြားတာျဖစ္ပါတယ္။ ဒါ့အျပင္ဝင္းဂါးက အိုေဇးလ္ကိုပြဲထြက္ ၁၁ ဦးစာရင္းမွာျပန္ၿပီးထည့္သြင္းဖို႔အတြက္ အသင္းရဲ႕ဟန္ခ်က္ကအဓိက က်တယ္လို႔လည္း ဆိုခဲ့ပါတယ္။ အသက္ ၇၁ ႏွစ္ရွိတဲ့ ဝင္းဂါးက” ေဘာလုံးအသင္းတစ္ခုကို နည္းလမ္းႏွစ္သြယ္နဲ႔ၾကည့္ရပါမယ္။ ကစားသမားတိုင္းကို တူညီတဲ့စြမ္းေဆာင္ႏိုင္မႈျဖစ္ေစဖို႔လိုပါတယ္။ အလုပ္ကိုအျပင္းအထန္ႀကိဳးစားေစဖို႔၊ ခံစစ္ကိုကူညီေပးႏိုင္ဖို႔ေတြေပါ့။ ဒီလိုမွမဟုတ္ရင္ေတာ့ အေပးအယူလုပ္ရမွာေပါ့။ ကြင္းလယ္မွာဖန္တီးမႈျမင့္မားတဲ့သူ လိုတယ္ဆိုရင္ အဲဒီကစားသမားရဲ႕ခံစစ္ကူညီမႈအားနည္းခ်က္ကိုနားလည္ေပးၿပီး ဒီအားနည္းခ်က္ကိုျဖည့္ေပးဖို႔လုပ္ၿပီးမွ အသင္းကိုတည္ေဆာက္သင့္တာပါ။ ဒါကိုမျဖစ္မေနစဥ္းစားရပါမယ္”လို႔ ေျပာသြားပါတယ္။