အိုဇေးလ်ရဲ့လစာပေးဖို့ ပရိသတ်တွေဆီကနေ ဖုန်းမက်ဆေ့ချ်ကနေ အလှူခံခဲ့တဲ့ ဖီနာဘာချီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဖီနာဘာချီအသင်းတာဝန်ရှိသူတွေဟာ အိုဇေးလ်ရဲ့လုပ်ခလစာပေါင် ၁၃ သန်းအတွက် ပရိသတ်တွေဆီကနေ ဖုန်းမက်ဆေ့ချ်ကနေတစ်ဆင့် အလှူခံခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။

ဂျာမန်သားဟာ အာဆင်နယ်အသင်းနဲ့စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက် အလွတ်နဲ့ တူရကီမြေကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အိုဇေးလ်ဟာ အာဆင်နယ်မှာ တစ်နှစ်လုပ်ခလစာပေါင် ၁၈ သန်းရရှိနေပေမယ့် ဖီနာဘာချီမှာတော့ လစာလျော့ယူရဖွယ်ရှိနေပါတယ်။ တူရကီအသင်းဥက္ကဌ အလီကို့ချ်က သူ့အသင်းဟာ အိုဇေးလ်ကိုရဖို့ ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့မှုလိုအပ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

“ကျွန်တော်တို့ ပရိသတ်တွေဆီကနေ အကူအညီယူခဲ့ရပါတယ်။ အဲ့တာကြောင့်လည်း အိုဇေးလ်ကိုခေါ်ယူနိုင်ခဲ့တာပါ။ ဖုန်းမက်ဆေ့ချ်ကနေ အလှူခံခဲ့တာပါ။ ပရိသတ်တွေရဲ့ပံ့ပိုးမှုက အရမ်းကောင်းခဲ့ပါတယ်”လို့ ကို့ချ်က ပြောကြားခဲ့ပါတယ်။

ဖီနာဘာချီအသင်းဟာ ဖုန်းမက်ဆေ့ချ်ကနေ နံပါတ် ၁၉၀၇ ကို ၂ ပေါင်နဲ့ မက်ဆေ့ချ်ပေးပို့နိုင်ကြောင်း လှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရ အိုဇေးလ်ဟာ ဖီနာဘာချီမှာ တစ်ပတ်လုပ်ခပေါင် ၆၇၃၀၀ ရရှိမှာဖြစ်ပြီး တစ်နှစ် ပေါင် ၃.၅ သန်းအထိ ရရှိမှာဖြစ်ပါတယ်။

ဖီနာဘာချီဥက္ကဌ ကို့ချ်က လက်ရှိအသင်းရဲ့အကြွေးဟာ ပေါင် ၄၆၀ သန်းအထိရှိနေတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဖီနာဘာချီအသင်းပရိသတ်တွေရဲ့အကူအညီနဲ့ သမိုင်းတစ်လျှောက်နာမည်ကျော်ကစားသမားတစ်ဦးခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဖီနာဘာချီအသင်းက အိုဇေးလ်အပြောင်းအရွှေ့ကိုကြေညာချိန်မှာတော့ Like ၃ သိန်းအထိရရှိခဲ့သလို ၃ သိန်းထက်ပိုတဲ့ ဖီနာဘာချီပရိသတ်တွေကလည်း အိုဇေးလ်ရဲ့ကိုယ်ပိုင်လေယာဉ်ကို ခြေရာခံခဲ့တယ်လို့ သိရပါတယ်။

ဖီနာဘာချီအသင်းဥက္ကဌ ကို့ချ်ကတော့ အိုဇေးလ်ရဲ့အကျီရောင်းချရမှုကနေ ငွေကြေးအများအပြားရရှိလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ဂျာမန်သားဟာ ဖီနာဘာချီမှာ ကျောနံပါတ် ၆၇ ကိုဝတ်ဆင်ဖွယ်ရှိနေပေမယ့် ကျောနံပါတ် ၁၁ ကလည်း ရရှိနိုင်တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အိုေဇးလ္ရဲ႕လစာေပးဖို႔ ပရိသတ္ေတြဆီကေန ဖုန္းမက္ေဆ့ခ်္ကေန အလွဴခံခဲ့တဲ့ ဖီနာဘာခ်ီ

ဖီနာဘာခ်ီအသင္းတာ၀န္ရွိသူေတြဟာ အိုေဇးလ္ရဲ႕လုပ္ခလစာေပါင္ ၁၃ သန္းအတြက္ ပရိသတ္ေတြဆီကေန ဖုန္းမက္ေဆ့ခ်္ကေနတစ္ဆင့္ အလွဴခံခဲ့ရတယ္လို႔ ဆိုခဲ့ပါတယ္။ ဂ်ာမန္သားဟာ အာဆင္နယ္အသင္းနဲ႔စာခ်ဳပ္ဖ်က္သိမ္းလိုက္ျပီးေနာက္ အလြတ္နဲ႔ တူရကီေျမကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ အိုေဇးလ္ဟာ အာဆင္နယ္မွာ တစ္ႏွစ္လုပ္ခလစာေပါင္ ၁၈ သန္းရရွိေနေပမယ့္ ဖီနာဘာခ်ီမွာေတာ့ လစာေလ်ာ့ယူရဖြယ္ရွိေနပါတယ္။ တူရကီအသင္းဥကၠဌ အလီကို႔ခ်္က သူ႕အသင္းဟာ အုိေဇးလ္ကိုရဖို႔ ဘ႑ာေရးဆိုင္ရာေထာက္ပံ့မႈလိုအပ္ခဲ့တယ္လို႔ ၀န္ခံခဲ့ပါတယ္။

“ကြ်န္ေတာ္တုိ႔ ပရိသတ္ေတြဆီကေန အကူအညီယူခဲ့ရပါတယ္။ အဲ့တာေၾကာင့္လည္း အုိေဇးလ္ကိုေခၚယူႏိုင္ခဲ့တာပါ။ ဖုန္းမက္ေဆ့ခ်္ကေန အလွဴခံခဲ့တာပါ။ ပရိသတ္ေတြရဲ႕ပံ့ပိုးမႈက အရမ္းေကာင္းခဲ့ပါတယ္”လုိ႔ ကုိ႔ခ်္က ေျပာၾကားခဲ့ပါတယ္။ ဖီနာဘာခ်ီအသင္းဟာ ဖုန္းမက္ေဆ့ခ်္ကေန နံပါတ္ ၁၉၀၇ ကို ၂ ေပါင္နဲ႔ မက္ေဆ့ခ်္ေပးပို႔ႏုိင္ေၾကာင္း လံႈ႕ေဆာ္ခဲ့တာျဖစ္ပါတယ္။ သတင္းေတြအရ အိုေဇးလ္ဟာ ဖီနာဘာခ်ီမွာ တစ္ပတ္လုပ္ခေပါင္ ၆၇၃၀၀ ရရွိမွာျဖစ္ျပီး တစ္ႏွစ္ ေပါင္ ၃.၅ သန္းအထိ ရရွိမွာျဖစ္ပါတယ္။

ဖီနာဘာခ်ီဥကၠဌ ကို႔ခ်္က လက္ရွိအသင္းရဲ႕အေၾကြးဟာ ေပါင္ ၄၆၀ သန္းအထိရွိေနတယ္လို႔ ဆိုခဲ့ပါတယ္။ ဒါေပမဲ့ ဖီနာဘာခ်ီအသင္းပရိသတ္ေတြရဲ႕အကူအညီနဲ႔ သမိုင္းတစ္ေလွ်ာက္နာမည္ေက်ာ္ကစားသမားတစ္ဦးေခၚယူႏုိင္ခဲ့တာျဖစ္ပါတယ္။ ဖီနာဘာခ်ီအသင္းက အိုေဇးလ္အေျပာင္းအေရႊ႕ကိုေၾကညာခ်ိန္မွာေတာ့ Like ၃ သိန္းအထိရရွိခဲ့သလို ၃ သိန္းထက္ပိုတဲ့ ဖီနာဘာခ်ီပရိသတ္ေတြကလည္း အိုေဇးလ္ရဲ႕ကိုယ္ပိုင္ေလယာဥ္ကို ေျခရာခံခဲ့တယ္လိုု႔ သိရပါတယ္။

ဖီနာဘာခ်ီအသင္းဥကၠဌ ကို႔ခ်္ကေတာ့ အိုေဇးလ္ရဲ႕အက်ီေရာင္းခ်ရမႈကေန ေငြေၾကးအမ်ားအျပားရရွိလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ ဂ်ာမန္သားဟာ ဖီနာဘာခ်ီမွာ ေက်ာနံပါတ္ ၆၇ ကို၀တ္ဆင္ဖြယ္ရွိေနေပမယ့္ ေက်ာနံပါတ္ ၁၁ ကလည္း ရရွိႏိုင္တာျဖစ္ပါတယ္။